Feb 04, 2020
နေပြည်တော် ဖေဖော်ဝါရီ ၄
Feb 04, 2020
နေပြည်တော် ဖေဖော်ဝါရီ ၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်မှ MEO Class 1, Refresher Course (6/2019) နှင့် MEO Class I&II Combined Course (10/2019) တို့တွင် တစ်ကြိမ်တည်းဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော သင်တန်းသားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၌ ကျင်းပသည်။
Feb 04, 2020
နေပြည်တော် ဖေဖော်ဝါရီ ၄
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် U-21 အမျိုးသား (ဘောလုံး)ပြိုင်ပွဲများကို သတ်မှတ်အားကစားကွင်းများတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။
Feb 04, 2020
နေပြည်တော် ဖေဖော်ဝါရီ ၄
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ယနေ့နံနက် (၇) နာရီတွင် ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၀) သို့ တက်ရောက်ခဲ့သည်။
Feb 04, 2020
နေပြည်တော် ဖေဖော်ဝါရီ ၄
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ ပဥ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 04, 2020
နေပြည်တော် ဖေဖော်ဝါရီ ၄
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ရန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (၁၃၄) ကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 04, 2020
နေပြည်တော် ဖေဖော်ဝါရီ ၄
၂၀၂၀ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား နေပြည်တော် အားကစား ကျေးရွာရှိ စားရိပ်သာ၌ တွေ့ဆုံနှုတ်ဆက်သည်။
Feb 04, 2020
နေပြည်တော် ဖေဖော်ဝါရီ ၄
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 04, 2020
ဘားအံ ဖေဖော်ဝါရီ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။
Feb 04, 2020
နေပြည်တော် ဖေဖော်ဝါရီ ၄
2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ် ညှိနှိုင်းဆက်သွယ်ရေးကော်မတီ ညှိနှိုင်း အစည်းအဝေးအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်တွင် ယမန်နေ့နံနက် ၁၀ နာရီကကျင်းပသည်။