Feb 01, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် (၇) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၊ ရန်ကုန်၌ ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၀) သို့ တက်ရောက်ခဲ့သည်။
Feb 01, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂
2019 Novel Coronavirus ရောဂါ သံသယလူနာတွေ့ရှိမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် သတင်းထုတ်ပြန်သည်။
Feb 01, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံဖြစ်သည်။ ပြည်ထောင်စုနိုင်ငံဖြစ်၍ မိမိလူမျိုး၊ မိမိအသိုင်းအဝိုင်း ကွက်ကွက်ကိုသာ ရွေးချယ်ကြည့်ရှု ဆက်ဆံ၍ရမည်မဟုတ်ပေ။ ပြည်ထောင်စုနိုင်ငံဖြစ်၍ မတူကွဲပြားသော လူမျိုးများအားလုံးတို့ကို နားလည်ရန်၊ သိရှိရန်၊ ဆက်ဆံရန် လိုအပ်မည် ဖြစ်သည်။
Feb 01, 2020
လူတစ်ဦး ကျန်းမာစွာရပ်တည်ရှင်သန်နိုင်ရန်အတွက် လူ့ခန္ဓာကိုယ်တွင် ကောင်းမွန်သော ကိုယ်ခံအားစနစ် တည်ဆောက်ထားသည်။ ကိုယ်ခံအားစနစ် ကောင်းမွန်စွာ လည်ပတ်နေမှသာ အနာရောဂါကင်းရှင်းပြီး ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် စိုးရိမ်ဖွယ် ရောဂါများ ဖြစ်ပွားနေသော ယနေ့ကာလတွင် ကိုယ်ခံအားစနစ် ခိုင်မာအားကောင်းစေသော စားသောက်နေထိုင်မှု ပုံစံများကို နေ့စဉ်သတိပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။
Feb 01, 2020
အရောင်အသွေးစုံညီ ရနံ့သင်းသည့် ပန်းခင်းကြီး တစ်ခင်းသဖွယ်။ မတူကွဲပြားသည့် အလှတရား များကို တစ်စုတစ်စည်းတည်း ပေါင်းစည်းလိုက်သည့်အခါ ခမ်းနားလှပသည့် အလှသစ်က ရှုမငြီးစရာ ထွက်ပေါ်လာသည်။ ယင်းသည် ပြည်ထောင်စု၏ အလှတရားဖြစ်သည်။ ပြည်ထောင် စုဖွား တိုင်းရင်းသားတို့၏ ကိုယ်စီအလှများကို တစ်ပေါင်းတစ်စည်းတည်း တစ်နေရာတည်းတွင် တွေ့ခွင့်ရနိုင်သည့် နေရာသည် “သွေးချင်းတို့ရဲ့ ပွဲတော်” ကြီး ပင်ဖြစ်သည်။
Feb 01, 2020
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂
Feb 01, 2020
ဘားအံ ဖေဖေါ်ဝါရီ ၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တော်ပုံကျေးရွာအုပ်စု၊ တော်ပုံကျေးရွာရှိ ဇွဲကပင်တောင် အငူတွင် ယနေ့ ည ၇ နာရီခန့်က တောမီးများလောင်ကျွမ်းနေခဲ့ရာ တောင်ကမ်းပါးယံသို့ ကူးစက်လောင်ကျွမ်းနေကြောင်း သိရသည်။
အဆိုပါ တောမီးလောင်ကျွမ်းမှုအား ဘားအံမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်ယာဉ် (၃) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီး၊ တော်ပုံကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/သားများ၊ ရဲတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
Feb 01, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁
“ပုံမှန်ကာကွယ် ဆေးထိုး/တိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေး (စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း ဗဟိုအခမ်းအနား” ကို ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။
Feb 01, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် နှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
(သတင်းစဉ်)