Skip to main content
Jul 21, 2021
တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် လတ်တလော အရေးကြီးဆုံး ဆောင်ရွက်ရမည့်အလုပ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုကို ဖြတ်တောက်ထိန်းချုပ်ရေးပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကကိယလှိုင်း ဝင်ရောက်ချိန်မှစ၍ နေ့စဉ်မြင့်တက်လာနေသည့် ဓာတ်ခွဲအတည်ပြုလူနာအရေအတွက်မှာ ရာဂဏန်းမှသည် ထောင် ဂဏန်းသို့ ရောက်ရှိလာပြီး ယခုအခါ ငါးထောင်ကျော်အထိ ဖြစ်နေ သည်။ ဓာတ်ခွဲနမူနာ စစ်ဆေးမှုများ ယခုထက်ပို၍ များများပြုလုပ် နိုင်လျှင် အတည်ပြုလူနာများ ယခုထက်ပို၍ တွေ့ရှိမည်မှာ အသေ အချာ ပင်ဖြစ်သည်။
Jul 20, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စီမံဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ “Positive လူနာတွေနဲ့ပတ်သက်ပြီး နေရာပေါင်း ၁၁၁၄ နေရာမှာ -၄၅၉၀၀၊ ၄၆၀၀၀ ခန့်ဝင်ဆံ့တဲ့ အင်အားရှိပါတယ်။ လောလောဆယ် ၆၂ ရာခိုင်နှုန်းပဲ Positive လူနာထားတဲ့နေရာမှာရှိပါတယ်။ ကုသရေး Center ပေါင်း ၅၆၀ လောက် လုပ်ထားတဲ့နေရာမှာ ဝင်ဆံ့တာက ၂၅၅၀၀ ခန့်ရှိပါတယ်။
Jul 20, 2021
ဒယ်လ်တာဗီဇပြောင်း ကိုရိုနာပိုးမျိုးကွဲသစ်သည် ကျန်ဗီဇပြောင်း မျိုးကွဲပိုးသစ်များထက်ပို၍ ကမ္ဘာ့နိုင်ငံများစွာတို့ကို အကြီး အကျယ် ဒုက္ခပေးလျက်ရှိသည်။ မူလ ကိုဗစ်- ၁၉ ထက် အဆပေါင်းများစွာ ပို၍ဆိုးရွား ပြင်းထန်သွားပြီဖြစ်သော ပိုးကြောင့် ရောဂါကူးစက်ပျံ့နှံ့မှု အဆများစွာမြင့်တက်သွားခဲ့ရာ ရောဂါကာကွယ်မှု၊ ကုသမှုနှင့် ယုတ်စွအဆုံး သေဆုံးသူများကို သဂြိုဟ်သည့် အရေးကိစ္စများအထိ မူလကရှိနေသည့် အရင်းအမြစ်များနှင့် လုံလောက်မှုမရှိတော့သည့် အတွက် မမြင်သင့်၊ မမြင်အပ်ရာ မြင်ကွင်းများ တွေ့မြင်လာရသည်။ ။
Jul 18, 2021
ယခုအခါတွင် ပြည်သူလူထုကြားတွင် အောက်ဆီဂျင်လိုအပ်မှုများ အထူးမြင့်မား နေရာ အောက်ဆီဂျင်ရနိုင်သောနေရာများတွင် ပြည်သူများ ကြိတ်ကြိတ်တိုးဝှေ့ ဝယ်ယူနေကြသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အောက်ဆီဂျင် လိုအပ်ချက်များ ဖြစ်ပေါ် နေသဖြင့် ထိုလိုအပ်ချက်ကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေရေးအတွက် နိုင်ငံတော်နှင့် တပ်မတော်ပိုင် အောက်ဆီဂျင်စက်ရုံများ၊ ပုဂ္ဂလိကပိုင် အောက်ဆီဂျင်စက်ရုံ များတွင် ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jul 18, 2021
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူ အလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက်နှစ်ရက်ကို အများပြည်သူ အလုပ် ပိတ်ရက်များအဖြစ် သတ်မှတ်လိုက်ရာ ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထိ တစ်ဆက် တစ်စပ်တည်း အလုပ်ပိတ်ရက် ကိုးရက် ရရှိသွားသည်။ ထိုကိုးရက်သည် ကိုဗစ်-၁၉ ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက်ဖြစ်ရာ ထိုရက်များအတွင်း အတတ်နိုင် ဆုံး အိမ်မှာနေကြရန် လွန်စွာအရေးကြီးသည်။
Jul 16, 2021
ကိုဗစ်-၁၉ကပ်ရောဂါသည် အရှိန်အဟုန်ကောင်းနေသည်။ ဇူလိုင် ၁၄ရက်ကရောဂါ ကူးစက်ဖြစ်ပွားမှုတွင် ဓာတ်ခွဲစစ်ဆေး အတည်ပြုပိုးတွေ့လူနာ ခုနစ်ထောင်ကျော် ရှိပြီး သေဆုံးလူနာ ၁၅၀ ခန့်ဖြင့် လွန်ခဲ့သည့်နေ့ထက် နှစ်ဆတိုး ဖြစ်ပေါ်ခဲ့သည်။ ယင်းအခြေအနေသည် ဆေးရုံတက် စစ်ဆေးကုသမှု အခြေအနေဖြစ်ပြီး ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ရောဂါရှိသည်ဖြစ်စေ၊ တစ်စုံတစ်ရာ သံသယရှိလျှင်ဖြစ်စေ ဆေးရုံသို့ ရောက်မလာနိုင်ဘဲ ရောဂါဖြစ်ပွား၊ သေဆုံးနေကြသူများမှာ ယခုထက်ပင် ပိုမိုများပြားမည်ဟု ခန့်မှန်းရသည်။
Jul 16, 2021
ကိုဗစ်-၁၉ ကပ်ရောဂါက မျိုးရိုးဗီဇပြောင်းလဲသည့် ဗိုင်းရပ်စ် ပုံစံဖြင့် ဂင်ရောက်လာခဲ့သော တတိယလှိုင်း ရိုက်ခတ်မှုမှာ လွန်စွာ ပြင်းထန်လှသည်။ မူလကိုဗစ်-၁၉ ထက် အဆများစွာ ပြင်းထန်လာပြီ ဖြစ်သော ရောဂါပိုးသည် ကြီးငယ်ရွယ်လတ်၊ ဆင်းရဲချမ်းသာ၊ ဘာသာ လူမျိုးမရွေးမည် သူ့ကိုမဆိုအသက်ဘေးအန္တရာယ် ကျရောက်စေသည် အထိ ဒုက္ခပေးနိုင်သည်။ နေ့စဉ်ရောဂါ ကူးစက်ခံရသူ အရေအတွက် ဆေးရုံတက်ရသူနှင့် သေဆုံးသူတို့အရေအတွက်များ မြင့်တက်လာသည်မှာ ဂရပ်ဇယားများတွင်ကြည့်ပါက အချိန်တိုအတွင်း မိုးပေါ်သို့ ထောင်တက်နေသည်ကို ကြောက်စရာ ကောင်းအောင် တွေ့မြင်ရ သည်။
Jul 15, 2021
ကိုဗစ်-၁၉ တတိယလှိုင်းသည် ကမ္ဘာတစ်ခွင် ဖြစ်ပွားမှုမြင့်တက်နေသည်သာမက မြန်မာနိုင်ငံတွင် လည်း ဖြစ်ပွားမှုနှုန်း မြင့်မားနေသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါပိုး မျိုးဗီဇသစ်ကြောင့် ဖြစ်ပွား နှုန်း လျင်မြန်စွာမြင့်တက်နေပြီး ရောဂါနှင့် ဆက်စပ်ပတ်သက်၍ မြေပြင်အခြေအနေတွင် အောက်ဆီဂျင်ကျဆင်းမှုပြဿနာများ ဖြစ်ပွားနေကာ အသက်သေဆုံးမှုများလည်း တစ်နေ့ထက် တစ်နေ့ မြင့်မား တိုးတက်နေသည်။
Jul 15, 2021
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာနှင့် ထိတွေ့ခဲ့သူများ၊ မိမိ ကိုယ်ကိုယ် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ ကျန်းမာရေးစောင့် ရှောက်မှုခံယူနိုင်သည့်အစီအစဉ်များ ထုတ်ပြန်လိုက်ရာ ၎င်း အစီအစဉ်အရ ကိုဗစ်-၁၉ သံသယရှိပါက သက်ဆိုင်ရာ မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာန သို့မဟုတ် မြို့နယ်ဆေးရုံများသို့ သွားရောက်သတင်း ပို့ရမည်ဖြစ်သည်။ မြို့နယ်တွင်သတင်းပို့သည့် သံသယ ရှိသူအား ဓာတ်ခွဲစစ်ဆေးပေးမည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိပါက ဓာတ်ခွဲအတည်ပြု လူနာများ အနေဖြင့် မိမိတို့၏ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ် ကျန်းမာရေးကော်မတီသို့ ပြန်လည် သတင်းပေးပို့ရမည်ဖြစ်သည်ဟု သိရသည်။
Jul 12, 2021
ဤကမ္ဘာမြေ သတ္တလောကကြီးတွင် လူသားတို့နှင့် သတ္တဝါအားလုံး အသက်ရှင်သန် နေထိုင်ကြသည်။ သတ္တဝါအားလုံး အသက်ရှင်သန်နေထိုင်နိုင်ရေးအတွက် ဤကမ္ဘာ မြေကျန်းမာရေးသည် အရေးကြီးသည်။ ကမ္ဘာမြေကျန်းမာရေးဟုဆိုရာ၌ ကမ္ဘာပေါ် ရှိသက်ရှိသတ္တဝါအားလုံးရှင်သန်ရေးအတွက် ကမ္ဘာကြီး ငြိမ်းချမ်းသာယာဝပြောရေး နှင့်ဆိုင်ရာ ကိစ္စအဝဝကို အထူးအလေးထားရန် ဆိုလိုခြင်းဖြစ်သည်။