Skip to main content
Mar 25, 2020

စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်။ မကောင်းသည့် နယ်ပယ် ၌ ကျက်စားတတ်သည်။ ဤသည်မှာ ပုထုဇဉ်တို့၏ သဘောပင်ဖြစ်သည်။ မကောင်းသည့် အတွေးအကြံ ၊ မကောင်းသည့် အပြောအဆို၊ မကောင်း သည့် အပြုအမူတို့ကို စိတ်က ဦးဆောင်သည်။ စိတ်က ကြီးမှူးသည်။ စိတ်က ဖန်တီးသည်။ မကောင်းသော စိတ်ရှိသူ၏ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တို့၏ နောက်သို့ မကောင်းကျိုးက နွားခြေရာ နောက်တွင် နွားလှည်းဘီးက လိုက်သကဲ့သို့ တစ်ထပ်တည်း လိုက်သည်။ ကောင်းသည့် အတွေးအကြံ၊ ကောင်းသည့် အပြောအဆို၊ ကောင်းသည့် အပြုအမူတို့ကို ဦးဆောင်သည်မှာလည်း စိတ်ပင် ဖြစ်သည်။ ကောင်းမှု တို့ကို ကြီးမှူးသည်မှာလည်း စိတ်၊ ကောင်းမှုတို့ကို ဖန်တီးသည်မှာ လည်း စိတ်ပင်ဖြစ်သည်။ ကောင်းသ

Mar 24, 2020

ကမ္ဘာနှင့်အဝန်း နိုင်ငံအများစု ရောဂါဖြစ်ပွားနေချိန်၊ ဗိုင်းရပ်စ်ပိုး လုံးဝမတွေ့ရှိသေးသည့် အနည်းစုမျှသောနိုင်ငံထဲတွင် ပါဝင်နေသည့် မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက် ည ၁၁ နာရီ ၁၅ မိနစ် က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ နှစ်ဦး စတင်တွေ့ရှိနေသည် ဆိုသည့်အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာသွားပါသည်။

တစ်ဦးက ချင်းပြည်နယ်သို့ ရောက်လာသည့် အမေရိကန် ပြည်ထောင်စုမှ ပြန်လာသူဖြစ်ပြီး၊ အခြားတစ်ဦးက ယူကေမှ ပြန်လာသည့် ရန်ကုန်ရောက်နေသူ ဖြစ်ပါသည်။ နှစ်ဦးစလုံး စိတ်ချလုံခြုံသည့် ဆေးရုံများမှာရှိနေကာ စနစ်တကျ ဆေးကုသမှု ခံယူနေပြီး ယခုအချိန်ထိ စိုးရိမ်ဖွယ်မရှိဟု သိရပါသည်။

Mar 24, 2020

တစ်ကမ္ဘာလုံးဖြစ်ပွားနေသည့် COVID -19 ရောဂါကြောင့် ကမ္ဘာ့ပြည်သူ အားလုံး ထိတ်လန့်တုန်လှုပ် ဖြစ်ကြမည်မှာ အမှန်ဖြစ်သည်။ အထူးသဖြင့် ရောဂါပြင်းထန်စွာ ကူးစက်ခံရသော၊ အများဆုံး ဖြစ်ပွားသေဆုံးကြသော နိုင်ငံ ၁၀ နိုင်ငံမှ ပြည်သူများဖြစ်သည်။ နေ့စဉ်နေ့တိုင်း နိုင်ငံအများကူးစက် ပြန့်ပွားခဲ့ရာ ယခုအခါတွင် ကမ္ဘာ့နိုင်ငံများ အားလုံးနီးပါး ကူးစက်ခံနေရပြီး မြန်မာနိုင်ငံသည် နိုင်ငံလက်ကျန်နောက်ဆုံးတွင်မှ ကူးစက်ခံရသူနှစ်ဦး ပေါ်ပေါက်ကြောင်း သိရှိလိုက်ရသည်။

Mar 23, 2020

ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသော COVID-19 ကို ကမ္ဘာ့ပြည်သူများ ရင်ဆိုင်နေရသည်။ ထိုရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်း မရှိသေးဘဲ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ရေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက် နေကြသည်။ COVID-19 ရောဂါသည် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပြီး ထိတွေ့မှုများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အသက်ရှူမှုနှင့်ပတ်သက်၍ လေထုသန့်ရှင်းရေးတို့ကို သတိထား ရမည်ဖြစ်သည်။

Mar 23, 2020

ကမ္ဘာပေါ်တွင် COVID-19 ရောဂါအတည်ပြုလူနာ မတွေ့ရသေးသော နိုင်ငံဟူ၍ လက်ချိုးရေတွက်၍ ရနိုင်သည့် အခြေအနေသို့ ရောက်သွားပြီ ဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း COVID-19 ရောဂါ အတည်ပြုလူနာများ စတင်တွေ့ရှိ လာရပြီဖြစ်သည်။ ရောဂါကူးစက် ပြန့်ပွားနေသည့် နိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများစွာတို့ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာခြင်းနှင့်အတူ နိုင်ငံတွင်းရောဂါ ဝင်ရောက်ဖြစ်ပွားနိုင်ခြေ လွန်စွာမြင့်မားမှုအပေါ် ပြည်သူလူထုအတွင်း၌လည်း စိုးရိမ်စိတ်တို့ကြီးထွားလာလျက် ရှိနေသည်။

Mar 23, 2020

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် COVID-19 ရောဂါကြောင့် တစ်ကမ္ဘာလုံးတွင် စီးပွားရေး နှောင့်နှေးမှုများနှင့် ကြုံတွေ့နေရသည်။ ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်နှင့် စီးပွားရေးဂယက်ရိုက်ခတ်မှုသည် ကြီးမားပြင်းထန်လှသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် အလုပ်အကိုင်များရပ်ဆိုင်းပြီး စီးပွားရေးတုံ့ဆိုင်းမှုများဖြစ်ပေါ်လာရာ အစိုးရက ပြည်သူများအား ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးနေသည်။

Mar 22, 2020

တရုတ်နိုင်ငံ ဂူဟန်ဒေသမှ စတင်ဖြစ်ပွားလိုက်သည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် လပိုင်းအတွင်းမှာပင် နိုင်ငံတကာအနှံ့ ပျံ့နှံ့ကူးစက်သွားခဲ့သည်။ ၂-၃ -၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံ အနက် အနှီရောဂါ ကူးစက်ပြန့်ပွားကာ ဖြစ်ပွားနေသည့် နိုင်ငံပေါင်း ၁၈၄ နိုင်ငံ ရှိနေပြီဖြစ်သည်။

Mar 21, 2020

 

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COMID-19) ဖြစ်ပွားမှု အခြေအနေသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့လျက်ရှိရာ ကူးစက်မှုအချိန်ကာလအားဖြင့် သုံးလနီးပါးရှိလာပြီဖြစ်သည်။ စတင်ဖြစ်ပွား စဉ်အချိန်က ရောဂါစတင်ဖြစ်ပေါ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟူပေပြည်နယ် ဂူဟန်မြို့တွင် လူတစ်ယောက်မှစတင်ရာ ရက်ပိုင်းအတွင်းမှ တစ်လအတွင်း ကူးစက်ခံရသူဦးရေ ဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ဂဏန်းရှိလာခဲ့သည်။

Mar 20, 2020

ဖျော်ဖြေမှုလည်းပါ အနုပညာလည်းမြောက်သည့် ပညာမှာ ရုပ်ရှင်အတတ် ပညာဖြစ်သည်။ နိုင်ငံနှင့် ပြည်သူကို အကျိုးပြုသည့် ရုပ်ရှင်ဇာတ်ကားကောင်းများ ပေါ်ထွန်းရေးတွင် ပါဝင်စွမ်းဆောင်၊ ပါဝင်ဖန်တီးကြသည့် ရုပ်ရှင် အနုပညာရှင်များနှင့် ရုပ်ရှင် အတတ်ပညာရှင်များ၏ စွမ်းဆောင်မှုများမှာ ထိုရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခွင့်ရှိသည့်ကာလနှင့် ထိုခေတ်ကာလကို ဖြတ်သန်း နေသည့်ရုပ်ရှင်ကြည့်ပရိသတ်များကြားတွင် ရှင်သန်မှု၊ ကျော်ကြားမှု၊ အောင်မြင်မှုနှင့် ချီးကျူးထောမနာပြုမှုတို့ဖြင့် ပြည့်လျှံနေ ပါသည်။