Skip to main content
Aug 05, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးတွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်သည့်အလျောက် နိုင်ငံတစ်ဝန်းလုံးတွင် အလေးအနက် ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးများ အဆက်မပြတ် ရောက်ရှိလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရောက်ရှိပြီးဖြစ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ချက်များ နှင့်အညီ ထိုးနှံပေးရမည်ဖြစ်ကြောင်း၊ ဆေးမထိုးခင်နှင့် ဆေးထိုးပြီး လုပ်ဆောင်ရန် လိုအပ်သည် များ၊ လိုက်နာရန် လိုအပ်သည်များနှင့် ဒုတိယအကြိမ်ထပ်မံထိုးနှံရမည့်ကာလတို့ကို တိကျစွာ သိရှိနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မှာကြားထားသလို အနယ်နယ်အရပ်ရပ်ရှိ သက်ကြီးဝါကြီးများ၊ ရဟန်းရှင်လူများအပါအဝင် ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးနေသည့် မြင်ကွင်းများကို မီဒီယာများ၌လည်း တွေ့မြင်ကြရသည်။
Aug 02, 2021
ကူးစက်မှုမြန်ဆန်ပြီး ပြင်းထန်လှသည့် ကိုဗစ်-၁၉ တတိယလှိုင်းမှာ အမြင့်ဆုံးအခြေ အနေဆီသို့ ရောက်ရှိခဲ့ပြီးပြီဟု ယုံကြည်ရသည်။ အမြင့်ဆုံးသို့ရောက်ပြီးလျှင် ပြန်လည်ကျဆင်း ရတော့မည်။ ကျဆင်း လာနေသည့် လက္ခဏာများကိုလည်း တွေ့မြင်နေရသည်။ သို့သော် ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်သည့်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်မှသာ သိသိသာသာ ပြန်လည် ကျဆင်း သွားမည်ဖြစ်ပြီးကပ်ရောဂါကို ပေါ့ပေါ့ဆဆ လျှော့တွက်မိမည်ဆိုပါက အချိန်မရွေး ပြန်လည် ထိုးတက်သွားနိုင်မည်ဖြစ်သည်ကို သတိချပ် ကြဖို့လိုသည်။
Aug 02, 2021
အကြမ်းဖက်အဖွဲ့ များအဖြစ် ကြေညာထားသော CRPH နှင့် NUG အဖွဲ့တို့သည် မြန်မာနိုင်ငံအတွင်းကိုဗစ်-၁၉ ကပ်ရောဂါဘေးကို ပြည်သူများခံစားနေရသောကာလ တွင် ပြည်သူလူထုအပေါ် စာနာထောက်ထားမှုကင်း မဲ့စွာဖြင့် PDF ဟူသော အကြမ်း ဖက်အဖွဲ့များ ဖွဲ့စည်းကာ ၎င်းအဖွဲ့များအတွင်း လမ်းမှားရောက်နေသော လူငယ် များအား စည်းရုံးခေါ်ဆောင် ထောက်ပံ့ပေးပြီး အကြမ်းဖက် အဖျက်လုပ်ရပ်များကို တစိုက်မတ်မတ်လုပ်ကိုင် နေသည်ကို တွေ့ရမည်ဖြစ်သည်။ “ အကြမ်းဖက်သမားများသည် မြို့ရွာများရှိ အပြစ်မဲ့ပြည်သူများအား စွပ်စွဲ သတ်ဖြတ်ခြင်း၊ အများပြည်သူနေရာ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည့်အပြင် လုယက်မှုများကိုပါ ကျူးလွန်လာကြရာ ထိုသို့တရားဥပဒေမဲ့ယုတ်မာ ပက်စက်သောလုပ်ကြံမှုများကို ထပ်မံမဖြစ်ပွားစေရေးနှင့် ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီး ထိန်းသိမ်းနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ကူညီမှုရှိပါက ပိုမိုထိရောက်မြန်ဆန် သည်ကို တွေ့ရသည်။
Jul 30, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေမှာ အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ရာသီဥတုအခြေအနေအရလည်းကောင်း၊ ဖြစ်ပွားနှုန်းအရလည်းကောင်း ဆက်လက်မြင့်တက် နေဦးမည် ဖြစ်သည်။ ရောဂါသည် ပြည်သူလူထုကြားတွင် ကူးစက်ပြန့်ပွားနိုင်သဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်စိတို့ကို အကာအကွယ်ပြုလုပ်ခြင်း၊ လူအများကို ဝေးဝေးရှောင်၍ ခပ်ခွာခွာ နေထိုင်ခြင်း၊ လက်ကို မကြာခဏဆေးကြော ခြင်းတို့ကို အစဉ်ပြုလုပ်နေရမည့်အပြင် ကာကွယ်ဆေးပါ ထိုးနှံထားခြင်းဖြင့် ရောဂါကူးစက်မှုအတွက် အတော်အတန်စိတ်ချနိုင်မည် ဖြစ်သည်။
Jul 30, 2021
အရှိန်အဟုန်မြင့်တက်နေသော မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးသည် ပစ္စုပ္ပန်အချိန်ကာလအတွင်း မြန်မာနိုင်ငံအတွင်းနေထိုင်သူ နိုင်ငံသူ နိုင်ငံသားအားလုံး၏ အဓိက အာရုံစူးစိုက်နေရသော အရေးကိစ္စဖြစ်သည်။ ဆန့်ကျင်ဘက်တွင်မူ အကြမ်းဖက်အဖွဲ့အစည်းများက လေလှိုင်းမှတစ်ဆင့် စေခိုင်းမှု များကို ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ လိုက်ပါလုပ်ဆောင်နေသူများက မြို့ရွာများအတွင်း၊ ပြည်သူလူထုအတွင်း မတည်မငြိမ် ဖြစ်စေရေး၊ ကြောက်ရွံ့ထိတ်လန့်နေစေရေးတို့ကို အခွင့်အခါ စောင့်ဆိုင်းကာ လစ်လျှင် လစ်သလို ပြုလုပ်နေကြဆဲ။ သို့ရာတွင် မြို့ပြများအတွင်း ပြန်လည်ဝင်ရောက်ခိုအောင်းကာ အကြမ်းဖက်အဖျက်လုပ်ရပ်များ ပြုလုပ်ရန် ပုန်းကွယ်နေထိုင်နေကြသူများမှာ လူနှင့်တကွ လက်နက် ခဲယမ်းများပါ ကွင်းဆက်လိုက် ဖော်ထုတ်ဖမ်းဆီးခံရခြင်းဖြင့် အကြမ်းဖက်အဖျက် လုပ်ငန်းများကိုပါ တားဆီးနိုင်ခဲ့သည်။
Jul 26, 2021
ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလတွင် ရောဂါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူများကြား နေကြသည်။ ကြောက်ရွံ့စိုးရိမ်နေမှုများကြားမှ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများ မြင့်တက်လာသည်ကိုတွေ့ရသည်။ လက်ရှိတွင် ရောဂါဆိုးကြီးကို စိုးရိမ်ကြောက်ရွံ့ပြီး ရောဂါ၏ တိုက်ခိုက်ခြင်းကို ခံနေရသည်ဟုဆိုချင်သည်။ - အမှန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်စေ၊ အောက်ဆီဂျင် ကျဆင်းမှုဖြစ်စေ ရောဂါက တိုက်ခိုက်နေခြင်းကို အရှုံးပေးနေရခြင်းမဟုတ်ဘဲ ရောဂါကို ခုခံကာကွယ်နိုင်သည့် ကိုယ်ခံအားစနစ်ကို စနစ်တကျ မထူထောင်ထားနိုင်၍သာ လက်အရှုံးပေး နေရခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ရောဂါပိုးနှင့် ကိုယ်ခံအားတိုက်ပွဲတွင် ခုခံစွမ်းအားကို မတည်ဆောက် နိုင်သည့် ပြဿနာဖြစ်သည်။ ရောဂါဖြစ်ပွားမှုကို စနစ်တကျ ခံယူကြသော လူအများစုသည် ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံစွမ်းအားစနစ်က အနိုင် တိုက်နိုင်၍ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံမှ ဆင်းသွားနိုင်သော လူနာ အမြောက်အမြားရှိသည်။
Jul 26, 2021
မြတ်စွာဘုရားရှင်လက်ထက် ဝေသာလီပြည်တွင် အနာရောဂါ ဘေး၊ ဘီလူးသရဲတို့၏ ဘေး၊ ငတ်မွတ် ခေါင်းပါးခြင်းဘေး ဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုးကျရောက်ခဲ့သည်။ ယင်းဘေးအန္တရာယ်ကြီး များမှ လွတ်မြောက်ပါစေခြင်းအကျိုးငှာ ဝေသာလီပြည် လိစ္ဆဝီမင်း တို့က ဂင်္ဂါမြစ်တစ်ဖက်ကမ်းတွင်ရှိပြီး ရှစ်ယူဇနာကွာဝေးသော ရာဇဂြိုဟ်ပြည်တွင် သီတင်းသုံးနေသည့် မြတ်စွာဘုရားကို ရာဇဂြိုဟ် ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးမှတစ်ဆင့် ပင့်ဖိတ်လျှောက်ထားသောအခါ ဘုရားရှင်သည် ညီတော်အာနန္ဒာနှင့်အတူ ရဟန္တာငါးရာ ခြံရံ၍ ဝေသာလီပြည်သို့ ကြွချီတော်မူသည်။
Jul 24, 2021
ကိုဗစ်-၁၉ ကပ်ရောဂါမှာ တစ်ကမ္ဘာလုံး အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ တွင်လည်း ကိုဗစ်-၁၉ ရောဂါ အရှိန်အဟုန်ဖြင့်ဖြစ်ပွားလျက်ရှိရာ ပြည်သူများ ရောဂါ ဘေးအန္တရာယ်ကာကွယ်ရေးအတွက် အပြင်းအထန်ရုန်းကန် ကြိုးစားနေကြသည်။ ကပ်ရောဂါ မှာ တစ်ကမ္ဘာလုံးကြုံတွေ့ နေရသော ပြဿနာ ဖြစ်ပေါ်နေရာမြန်မာနိုင်ငံအနေဖြင့်မူ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် နည်းပါးနေခြင်း အခက်အခဲပြဿနာများ အဓိက ရင်ဆိုင်နေရသည်။
Jul 24, 2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ တစ်နေ့ပြီးတစ်နေ့ စံချိန်ချိုးနေသည့်နှယ် မြင့်တက်လျက် ရှိသည်။ ကူးစက်ရောဂါ၏ သဘော သဘာဝအရ မျိုးဗီဇပြောင်းလဲသည့် ရောဂါပိုးများ ပေါ်ပေါက်လာခြင်းနှင့် ပြည်သူများအတွင်း ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရသည့် အချိန်ကြာမြင့် လာသည်နှင့်အမျှ သတိလက်လွတ်၊ ပေါ့လျော့စွာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ယနေ့ရင်ဆိုင် နေရသော အခြေအနေများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အများပြည်သူ အလုပ်ပိတ်ရက်ရှည်များ သတ်မှတ်ကြေညာပေးခဲ့ခြင်း၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ကြေညာခြင်း၊ ပြည်သူလူထုအတွင်း ရပ်ကွက် ကျေးရွာများအရောက် အသိပညာပေးခြင်းအစီအစဉ်များနှင့်အတူ ပြည်သူများက လိုက်နာ နေထိုင်ကြခြင်းဖြင့် လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း ရောဂါကူးစက်မှုအရှိန် တန့်သွားကာ တဖြည်းဖြည်း ပြန်လည် ကျဆင်းသွားရမည်သာဖြစ်သည်။
Jul 21, 2021
​​​​​​​ကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇသစ်ဖြင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ အသက်ဇီဝိန် တို့ကို နုတ်ယူခြိမ်းခြောက် နေဆဲဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်ရှိ ပြည်သူသန်းပေါင်း နှစ်ရာနီးပါး ရောဂါကူးစက်ခံနေရသည်။ ရောဂါကြောင့် ကမ္ဘာ့ပြည်သူလေးသန်းကျဉ် အသက်ခန္ဓာစွန့်လွှတ်လိုက်ရပြီဖြစ်သည်။ ရောဂါဖြစ်ပွားမှုသည် ယခင်ထက် ၁၀ ရာခိုင်နှုန်းတိုးနေပြီး သေဆုံးသူမှာသုံးရာခိုင်နှုန်းတက်နေသည်။ ပြည်သူအားလုံးမှာ သတိကြီးကြီးထား၍ ရောဂါမကူးစက်အောင် ရှောင်ရှားကြရမည် ဖြစ်သည်။