Jul 10, 2025
ကမ္ဘာပေါ်တွင် လူဦးရေ ၈ ဒသမ ၂ ဘီလီယံရှိသည့်အနက် ၄၃ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများ၌ နေထိုင်ကြသူများဖြစ်သည်။ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများထက် မြို့ပြဒေသများ၌ နေထိုင်ကြသူပိုများသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၃ သန်းအနက် ၆၉ ရာခိုင်နှုန်းမှာ ကျေးလက်တွင် နေထိုင်ကြသူများဖြစ်သည်။ မြို့ပြထက် ကျေးလက်တွင် နေထိုင်ကြသူပိုများသည်။ ထို့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ပိုမိုဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။
Jul 10, 2025
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံပိုင်သတင်းစာ အယ်ဒီတာထံ ပေးစာကဏ္ဍမှတစ်ဆင့် ကျောင်းသားမိဘတစ်ဦးက စာသင်ကျောင်းများအနီး ကလပ်များ၊ ကေတီဗွီများ၊ ဘားများ၊ ဆေးလိပ်၊ ကွမ်းယာအရောင်းဆိုင်များမရှိသင့်၊ ဖွင့်ခွင့်မပြုသင့်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတို့ထံ တင်ပြခဲ့သည်ကိုတွေ့ရသည်။ ယင်းသို့ရှိနေခြင်းကြောင့် ကလေးများမူးယစ်ဆေးဝါး၊ Vape စသည်တို့ သုံးစွဲခြင်း၊ မိဘ ဆရာ ဆရာမများ၏ ဆိုဆုံးမမှု နားမထောင်ခြင်းနှင့် ရိုသေမှုနည်းပါးလာခြင်းတို့ကို တွေ့နေရခြင်း ဖြစ်ကြောင်းဖြင့်လည်း တင်ပြထားသည်ကို တွေ့ရသည်။
Jul 09, 2025
ဝါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖြစ်စဉ်တော်နှင့် ထေရဝါဒဗုဒ္ဓဘာသာ သာသနာဝင်သမိုင်းတွင် အထူးခြားဆုံးလဖြစ်သည်။ ဝါဆိုလ၏ ထင်ရှားလှသည့် ဓမ္မပူဇာပွဲမှာ “ဓမ္မစကြာအခါတော်နေ့” ဖြစ်သည်။ ဝါဆိုလပြည့်နေ့ကို အကြောင်းပြု၍ “လမြတ်ဝါဆို ကုသိုလ်တွေပိုသည့်လ” ဟုဆိုကြပါသည်။ အခြားလများထက် ဝါဆိုလပြည့်နေ့သည် ဘာသာရေးအရ အရေးပါသောလဟု နှလုံးသွင်းကြည်ညိုသူတိုင်း ကုသိုလ်တိုးပွား၊ ကောင်းကျိုးများစေမည့် သာသနာတော်ဆိုင်ရာ အခါတော်နေ့ဖြစ်သည်။
Jul 09, 2025
နိုင်ငံတကာသတင်းစာမျက်နှာများတွင် ရာသီဥတုဖောက်ပြန်ဆိုးရွားမှုသတင်းများကလည်း လူအများစိတ်ဝင်စားကြသည့်သတင်းများဖြစ်သည်။ ကမ္ဘာ့နံပါတ် (၁) နိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံ၌ပင်လျှင် ရုတ်တရက်ရေလွှမ်းမိုးမှုကြောင့် လူအများအပြားသေဆုံးရသည့်သတင်းမှာ အံ့ဩဖွယ်ရာပင်ဖြစ်သည်။
Jul 08, 2025
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ ၄ ရက်နေ့က ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၈ မျိုး၊ ပျိုးပင် ပေါင်း ၃၀၀၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jul 08, 2025
ဗုဒ္ဓမြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါ ရဟန်းတို့အား ဝါဆိုဝါကပ်ပညတ်တော်မမူရသေးသည့် ကာလဖြစ်ခြင်းကြောင့် ရဟန်းတို့သည်လည်း နွေမိုးဆောင်းဥတုသုံးပါးလုံးတို့တွင် ဒေသစာရီလှည့်လည်ကြကုန်သည်။ ထိုအခါ သာသနာတော်တွင် ကြည်ညိုခြင်းမရှိသူတို့က ဤသို့ခရီးလှည့်လည်ခြင်းကို ပြစ်တင်ကာ တိတ္ထိတို့သည်ပင် မိုးအခါ၌ ကြောင့်ကြမဲ့စွာ ကိန်းအောင်းကြ၏။ ကျေးငှက်တို့သည်လည်း မိုးအခါသစ်ပင်တို့၌ အသိုက်ပြုကာကြောင့်ကြမဲ့နေကြကုန်၏ဟု ကဲ့ရဲ့ရှုတ်ချကြရာ ဗုဒ္ဓမြတ်စွာဘုရားရှင်က ရဟန်းတော်တို့အား ဝါဆိုဝါကပ်ခြင်းကို ခွင့်ပြုတော်မူခဲ့သည်။
Jul 07, 2025
၂၀၂၄ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် စာရွက်စာတမ်းအမှတ် A/ 79/ 878-S 2025/ 247 ဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာကို ဇွန်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ ဆွေးနွေးခဲ့ရာ အခြေအမြစ်မရှိ အထောက်အထားမခိုင်လုံသော စွပ်စွဲချက်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Jul 07, 2025
ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့တွင် ကျင်းပရန် ယမန်နှစ် စက်တင်ဘာလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် အထွေထွေညီလာခံ၌ ချမှတ်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်သည် ပထမဆုံးကျင်းပသည့် နှစ်ဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၄၃ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ၃ ဒသမ ၄ ဘီလီယံကျော်သည် ကျေးလက် ဒေသများတွင် နေထိုင်ကြခြင်းဖြစ်ပြီး ၎င်းတို့၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးအတွက် နိုင်ငံအသီးသီးတွင် ကြိုးပမ်းခဲ့၊ ကြိုးပမ်းဆဲ၊ အနာဂတ်တွင်လည်း ဆက်လက်ကြိုးပမ်းသွားကြရမည်ဖြစ်ရာ ယင်းအပေါ်တွင် ကမ္ဘာတစ်ဝန်းလုံးက သတိပြုမိကြရေးအတွက် တိုက်တွန်းနှိုးဆော်ခြင်းလည်းဖြစ်သည်။
Jul 06, 2025
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုပြဿနာနှင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေဆိုးကို ထိန်းသိမ်းနိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံ့တာဝန်ကို ယူလိုက်ရသည့်အချိန်တွင် ပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံသွားသည့် နိုင်ငံရေးသမားအချို့က CRPH နှင့် NUG အဖွဲ့တို့ကိုဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ၎င်းအုပ်စုသည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသော အဖွဲ့များဖြစ်သည်။ အဆိုပါအကြမ်းဖက်အုပ်စုသည် ဖြစ်ပေါ်လာသည့် အခြေအနေတွင် ၎င်းတို့အကျိုးအတွက် အသုံးချနေသည်ကို ထင်ရှားစွာတွေ့မြင်နေရသည်။
Jul 06, 2025
ပစ္စက္ခကာလ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများမှာ အတိုက်အခိုက်၊ အဖျက်အဆီးများကြားမှ ရှေ့သို့မှန်မှန်ရွေ့လျားနေသည်။ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီးတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သည့် အစိုးရသစ်တစ်ရပ်နှင့်အတူ နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ်လည်း ပေါ်ပေါက်လာမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများမှာလည်း အတော်ပင်ခရီးရောက်နေပြီဖြစ်သည်။
