Jun 25, 2025
မူးယစ်ဆေးဝါးပြဿနာသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ပြဿနာတစ်ရပ်ဖြစ်ပြီး သန်းပေါင်းများစွာသော လူတို့၏ဘဝများကို ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေသည့် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုတွင် သုံးစွဲသူ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးတို့ကို ထိခိုက်မှုဖြစ်ပေါ်စေပြီး လူသားအရင်းအမြစ် ဆုံးရှုံးမှုဖြစ်ပေါ်စေသည်။ မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှုများကမူ လက်နက်မှောင်ခိုမှု၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုစသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်လျက်ရှိပြီး နိုင်ငံ၏လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေသည်။
Jun 24, 2025
မြန်မာနိုင်ငံသည် တွင်းထွက်သယံဇာတပစ္စည်းများ ပေါများကြွယ်ဝသော နိုင်ငံဖြစ်သည်။ သတ္တုနှင့် တွင်းထွက်ပစ္စည်းများဖြစ်သည့် ရွှေ၊ ငွေ၊ ကြေးနီ၊ သွပ်၊ သံကဲ့သို့ အဖိုးတန်သတ္တုနှင့် ကျောက်မျက်ရတနာ သက်ရင့်ကျောက်လွှာများ၊ ကျောက်မီးသွေး၊ ရေနံကဲ့သို့ သက်နုကျောက်လွှာများရှိသည်။ အဖိုးတန်သတ္တုရိုင်းများသည် အပေါ်ယံမြေလွှာအောက် အလွန်နက်သောနေရာများ၌သာ စတင်ဖြစ်ပေါ်လေ့ရှိသဖြင့် နည်းပညာ၊ ကျွမ်းကျင်သူနှင့် အရင်းအနှီးများစွာလိုအပ်သည်။
Jun 24, 2025
မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရမီကပင် အက်သံ၊ ကွဲသံများ ပေးနေခဲ့ပြီး နယ်ချဲ့လက်အောက်မှ လွတ်မြောက်မည့်ကာလအတွက် ကြိုတင်၍ ပြဿနာဖန်တီးသူက ဖန်တီး၊ လက်နက်ပြင်သူက ပြင်၊ ထွက်ခွာသွားရတော့မည့် အင်ပါယာအရှင်သခင်များကို ကျွန်ယုံများအဖြစ် ခြေသလုံးဖက်သူကဖက်၊ သူ့ကျွန်ဘဝတွင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသဖွယ် ဝပ်လျှိုးနေခဲ့ကာ မိမိတို့အချင်းချင်းတွင် အစွယ်ထုတ် မာန်ဖီသူကဖီဖြစ်နေခဲ့ရာမှ လွတ်လပ်ရေးပူပူနွေးနွေးဘဝမှာပင် နိုင်ငံတစ်နံတစ်လျား ဒေသအနှံ့အပြားတို့မှာ လက်နက်ကိုင်ပုန်ကန်ထကြွ ဆူပူသောင်းကျန်းမှုများ တောမီးသဖွယ် တောက်လောင်လာခဲ့သည်။
Jun 23, 2025
ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝများတွင် လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိနေသောကြောင့် လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်ပြီး နိုင်ငံမှာလည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် သဘာဝအရင်းအမြစ်များ ပေါများကြွယ်ဝသော်လည်း အခက်အခဲအမျိုးမျိုးတို့ကြောင့် လျှပ်စစ်ဓာတ်အားဖူလုံရေး၌ လိုအပ်ချက်များစွာရှိသေးသည်။
Jun 23, 2025
မိမိတို့ရှင်သန်နေထိုင်ရာ ကမ္ဘာကြီးထက် အဆပေါင်းများစွာကြီးမားသည့် နေသည် စွမ်းအင်များ စဉ်ဆက်မပြတ်ထုတ်လွှတ်နေသည့် ဧရာမနျူကလီးယားဓာတ်ပေါင်းဖိုကြီး တစ်ခုသဖွယ်ဖြစ်သည်ဟု သိပ္ပံပညာရှင်များကဆိုသည်။ နေလုံးကြီး၏ အူတိုင်အလယ်ဗဟိုတွင် ဟိုက်ဒရိုဂျင်အက်တမ်များပေါင်းစပ်ပြီး ဟီလီယံများဖြစ်ပေါ်လာရသည့် ဒြပ်ပေါင်းစပ်မှုဖြစ်စဉ်မှ စွမ်းအင်များ မြောက်မြားစွာထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
Jun 22, 2025
မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရသည့်အခါ နိုင်ငံတော်အနေဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ ထိထိရောက်ရောက် အလျင်အမြန်ဆောင်ရွက်ပေးနိုင်ခဲ့သလို သဘာဝဘေးအန္တရာယ်များမှ လျော့ပါးသက်သာစေရေးနှင့် နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြည်သာယာဝပြောစေရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြည်စေမည့် သစ်တောသစ်ပင်များသည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အကျိုးပြုလျက်ရှိသည်။
Jun 22, 2025
လူတို့ပြုလုပ်အပ်သော ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့၏ ကောင်းခြင်းဆိုးခြင်းတို့ကို ဖန်တီးသူလက်သည်မှာ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟဟူသော ဟေတုပစ္စည်းခြောက်ပါးတို့ပင်ဖြစ်သည်။ စိတ်၏ သဘာဝအလျောက် မွေ့လျော်ကျက်စားလေ့ရှိသော အာရုံတို့ကို အကြောင်းပြု၍ အကုသိုလ်ဟိတ်နှင့် ကုသိုလ်ဟိတ်တို့ ဖြစ်ပေါ်လျက် အကုသိုလ်ကံ၊ ကုသိုလ်ကံတို့ကို လူသားတို့နေ့စဉ်နှင့်အမျှ ပြုလုပ်နေကြခြင်းဖြစ်သည်။
Jun 21, 2025
Artificial Intelligence (AI) ဆိုသည်မှာ ဖန်တီးပြုလုပ်ထားသည့် အသိဉာဏ်ဖြစ်ပြီး ရံဖန်ရံခါဉာဏ်ရည်တုဟူ၍ မြန်မာဘာသာ ပြန်ဆိုသည်။ သို့ရာတွင် နေ့စဉ်လူမှုဘဝနယ်ပယ်များတွင် အေအိုင်က တစ်စတစ်စ ကျယ်ပြန့်စွာ နေရာယူလာနေသလို ဉာဏ်ရည်တုဟူသော ဝေါဟာရထက် အေအိုင်ဟူ၍သာ ခေါ်ဝေါ်သုံးစွဲနေကြသည်ကို တွေ့ရသည်။ အေအိုင်သည် လူသားတို့၏ အသိဉာဏ်ကိုတုပထားပြီး ကွန်ပျူတာများနှင့် စက်ရုပ်များတွင် ထည့်သွင်းထားသည့် ပရိုဂရမ်များပင်ဖြစ်သည်။ အေအိုင်နည်းပညာသုံးစွဲထားသည့် စက်များက လူသားများကဲ့သို့ သင်ယူနိုင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်ခြင်း၊ ပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ ဆုံးဖြတ်ချက်ချနိုင်ခြင်းတို့ ပြုလုပ်နိုင်စွမ်းရှိလာသည်။
Jun 20, 2025
မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံများက ဆောင်ရွက်နေကြသလို သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမရှိစေဘဲ ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
Jun 20, 2025
နိုင်ငံသားဆိုသည်မှာ နိုင်ငံ၏အစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်ပြီး နိုင်ငံနှင့်နိုင်ငံသားတို့၏အကြားတွင် အပြန်အလှန်ဆက်စပ်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ရရှိနိုင်ရန်အတွက် သတ်မှတ်ထားသည့်အရည်အချင်းများနှင့် ပြည့်စုံရန်လိုသည်။ မိမိတို့နိုင်ငံတွင် နိုင်ငံသားဖြစ်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ သို့မဟုတ် (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူဟူသည့် အရည်အချင်းတစ်ရပ်ရပ်နှင့် ပြည့်စုံရမည်ဖြစ်သည်။
