Skip to main content
Jun 30, 2025
ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်ရှိနိုင်ငံတော်အစိုးရက ဖွင့်ပေးထားသည့် တံခါးမှာကျယ်ဝန်းသည်။ ရှင်းလင်းဖြောင့်တန်းသည်။ ကြိုတင်ကန့်သတ်မှုများမထားဘဲ အချိန်မရွေးဆွေးနွေးနိုင်ရန်လည်း ဖိတ်ခေါ်ထားသည်။ သို့ရာတွင် လက်နက်များ စွဲကိုင်၍ ပြည်တွင်းဒေသအနှံ့အပြားတွင် ပေါ်ပေါက်လာသည့် ပုန်ကန်ထကြွမှုများကို အကြောင်းပြုကာ အစိုးရအကျပ်ဆိုက်နေပြီဟုယူဆပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် နှိမ့်ချမှု၊ ပြက်ရယ်ပြုမှုများပြုလုပ်ကြသည်။ ပြည်ထောင်စုပြိုကွဲရေးစကားများကို ပြောင်ပြောင်တင်းတင်းပြောကာ ကျဉ်းမြောင်းသည့် လူမျိုးစွဲ၊ ဒေသစွဲအခြေခံဖြင့် စစ်သံများပေးကြသည်။
Jun 29, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်ကို စတင်တာဝန်ယူသည့်အချိန်မှစ၍ ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အတိအလင်းပြောကြားထားသောကြောင့်လည်းကောင်း ယခုနှစ်အကုန်နှင့် လာမည့်နှစ်အစတွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။
Jun 29, 2025
ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဆင်းရဲနွမ်းပါးမှုအဆိုးသံသရာမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် နည်းလမ်းမျိုးစုံဖြင့် ရုန်းကန်အားထုတ်ကြစေကာမူ အခွင့်မသာမှုများ တစ်ခုပြီးတစ်ခု ကြုံတွေ့ရပြီး အောင်မြင်စွာကျော်လွှားနိုင်ခြင်းမရှိဖြစ်ကြရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှုအကြောင်းတရားများသည် ပြင်ပအကြောင်းတရားများရော အတွင်းအကြောင်းတရားများပါ ပါဝင်လျက်ရှိသည်ဟု ပညာရှင်များကဆိုသည်။
Jun 28, 2025
ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ “ဥရောပ-အာရှ စီးပွားရေးပေါင်းစည်း ညီညွတ်ရေးမဟာဗျူဟာ-ရလဒ်များနှင့် အလားအလာများ” ခေါင်းစဉ်ဖြင့်ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025) မျက်နှာစုံညီအစည်းအဝေးတွင် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။
Jun 28, 2025
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌတို့ ဇွန် ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် (EAEU) အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍမြှင့်တင်ရေး၊ သတ္တုတူးဖော်မှုဆိုင်ရာ နည်းပညာမြှင့်တင်ရေးနှင့် စွမ်းအင်ကဏ္ဍမြှင့်တင်ရေးတို့တွင် နည်းပညာပိုင်းဆိုင်ရာ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ဆောင်သွားနိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် (EAEU) အဖွဲ့ဝင်နိုင်ငံများအကြား တိုက်ရိုက်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း၊ ကုန်စည်ပြပွဲများ၊ ဖိုရမ်များကျင်းပခြင်းတို့ဖြင့် စီးပွားရေးကုန်သွယ်မှုအခွင့်အလမ်းကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိ တက်လှမ်းနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအလားအလာကောင်းများစွာကို ဖော်ဆောင်ပေးနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပင်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
Jun 27, 2025
လူသားမျိုးနွယ်တစ်ရပ်လုံးနှင့်ဆိုင်သည့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဆုတ်ယုတ်ပျက်စီးစေသည်သာမက နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်စေသည့် မူးယစ်ဆေးဝါးပြဿနာကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ ရင်ဆိုင်ကြုံတွေ့နေရသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများက ထိရောက်စွာတိုက်ဖျက်လျက်ရှိသလို မြန်မာနိုင်ငံအနေဖြင့်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အရှိန်အဟုန်မြှင့်တင်တိုက်ဖျက်လျက်ရှိသည်။
Jun 27, 2025
မျက်မှောက်ကမ္ဘာတွင် လူဟူ၍ဖြစ်လာသည်နှင့် ပညာတတ်ရန် လိုအပ်လာသည်။ လူ့ဘဝတွင် ရှင်သန်ရပ်တည်နိုင်ရန် ရှေးယခင်ကဆိုလျှင် သေစာရှင်စာဟုဆိုကြသည့် အခြေခံအရေး၊ အဖတ်အတွက် တတ်မြောက်လျှင် လုံလောက်သော်လည်း ယနေ့ခေတ်တွင်မူ အနည်းဆုံးအခြေခံပညာအလယ်တန်းပြီးမြောက်အောင် သင်ကြားထားကြရန်လိုသည်။ KG+9 လောက်တော့ အောင်ထားမှသာ လူတန်းစေ့မည်။
Jun 26, 2025
​​​​​​​ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့က နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
Jun 26, 2025
​​​​​​​မိမိတို့နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း စစ်တလင်းနှစ်ကြိမ်ဖြစ်ခဲ့သည်။ နိုင်ငံ့စီးပွားရေး၏ အရင်းအမြစ်များ၊ အခြေခံ အဆောက်အအုံများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပြာပုံဘဝသို့ရောက်ရသည်။ စစ်ကြီးပြီးသည့်နောက် လွတ်လပ်ရေးရသည့်အခါတွင်လည်း နိုင်ငံပြန်လည်ထူထောင်ရေးအတွက် တက်ညီလက်ညီ အင်တိုက်အားတိုက်လုပ်ကြရမည့်အစား စည်းလုံးညီညွတ်မှုတို့ အစိတ်စိတ်အမြွှာမြွှာပြိုကွဲကာ လက်နက်ကိုင်ထကြွသောင်းကျန်းမှုများစွာကို ဆက်လက်နှိမ်နင်းရပြန်သည်။
Jun 25, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”ဟူသည့်အချက်ကို ချမှတ်ထားရာ အဆိုပါဦးတည်ချက်နှင့်အညီ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။