Skip to main content
Jul 12, 2024
နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့အကြား၊ ငွေရေးကြေးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်၊ နိုင်ငံတော်၏ ငွေကြေးစနစ်တည်ငြိမ်မှုရှိပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်က နေပြည်တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပြုလုပ်ခဲ့သည်။
Jul 12, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူသူများအနက် အချို့မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။ ဤရောဂါသည် မသန့်ရှင်းသော အစားအစာ၊ မသန့်ရှင်းသော ရေတို့ကို စားသောက်မိရာမှ ရောဂါပိုးများ လူ့ခန္ဓာကိုယ်တွင်း ရောက်ရှိသွားပြီး ရောဂါကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။
Jul 11, 2024
မြန်မာနိုင်ငံတွင် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထား ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထု လူမှုစီးပွားဘဝလုံခြုံရေးအတွက် အလေးထားလုပ်ဆောင်လျက်ရှိသည်။
Jul 11, 2024
​​​​​​​ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ငါးထောင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကုလသမဂ္ဂကသတ်မှတ်ကာ နှစ်စဉ်ဇူလိုင် ၁၁ ရက်တွင် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့သည်။ နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ ကျင်းပရခြင်းမှာ ကမ္ဘာပေါ်တွင်အရေးတကြီး ဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြဿနာများနှင့် လူသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံစူးစိုက်မိကြစေရန်ရည်ရွယ်ခြင်း ဖြစ်သည်။
Jul 10, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့၌ ဇူလိုင်လ ၈ ရက်နေ့က ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ နိုင်ငံ့ကိုယ်စားလှယ်များ တက်ရောက်ကြရာ ဖိုရမ်ဖွင့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မိန့်ခွန်းပြောကြားခဲ့သည်။
Jul 10, 2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတိုက်ပွဲဖြစ်စဉ်များမှာ မြန်မာပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်စားအာရုံစိုက်ကြသည့် အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၇ ရက်မှစကာ မြောက်ပိုင်းသုံးဖွဲ့ဟု မီဒီယာများက ခေါ်ဆိုကြသည့် MNDAA ၊ TNLA နှင့် AA တို့ ပူးပေါင်းပြီး “၁၀၂၇ စစ်ဆင်ရေး” ဟု ၎င်းတို့က အမည်ပေးထားသည့် တိုက်ခိုက်မှုများပြုလုပ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့အချို့ကို တိုက်ခိုက်ခဲ့ကြသည်။
Jul 09, 2024
ပတ်ဝန်းကျင်ပေါ်မူတည်၍ လူတို့၏စိတ်နေစိတ်ထား စရိုက်လက္ခဏာများ ပြောင်းလဲစေသည်ကို မြို့ပြဒေသ၊ နေအိမ်အဆောက်အအုံ၊ ပတ်ဝန်းကျင်များက သက်သေပြလျက်ရှိသည်။ ရှုပ်ထွေးပွေလီသည့် ပတ်ဝန်းကျင်တွင် ရှုပ်ထွေးပွေလီသော စရိုက်လက္ခဏာများရှိမည်ဖြစ်ပြီး သန့်ရှင်းသန့််ပြန့်ကောင်းမွန်နေသော ပတ်ဝန်းကျင်တွင် သန့်ရှင်းသန့်ပြန့် ကောင်းမွန်သော စရိုက်လက္ခဏာရှိနေမည်မှာ မလွဲဧကန်ဖြစ်သည်။
Jul 09, 2024
လွတ်လပ်၍တရားမျှတသော သိက္ခာရှိသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည်။ နိုင်ငံပိုင်မီဒီယာများတွင် နေ့စဉ်ဖော်ပြလျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို သုံးသပ်ကြည့်မည်ဆိုပါက လုပ်ငန်းစဉ်အားလုံးသည် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲမှထွက်ပေါ်လာသောအစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးဆီသို့သာ ဦးတည်ထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ထို့အပြင် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။” ဟူသော ရှေ့လုပ်ငန်းစဉ်ကို အတိအလင်းဖော်ပြထားသည်။
Jul 08, 2024
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်နှင့် သာကေတမြို့နယ် အနော်မာရပ်ကွက်တို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်တည်းပင် ကောလာဟလသတင်းစကားပေါ်ထွက်လာသဖြင့် ပြည်သူများစိုးရိမ်ပူပန်မှုမဖြစ်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပေးနှိုးဆော်လိုက်နာသိရှိဆောင်ရွက်ရမည်တို့ကို ပြုလုပ်ပေးလျက်ရှိသည်။
Jul 08, 2024
နိုင်ငံအတွက် အန္တရာယ်ကြီးမားသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်ကထိ‌ရောက်စွာ ဆောင်ရွက်လျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေးတွင် သတင်းအချက်အလက်ရရှိရေးသည် လွန်စွာအရေးပါပြီး မှန်ကန်သည့်သတင်းကို အချိန်မီရရှိနိုင်ရန် လိုအပ်သည့်အလျောက် တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကို သက်ဆိုင်ရာက ဖိတ်ခေါ်လျက်ရှိပြီး သတင်းပေးဆုကြေးငွေများကိုလည်း ချီးမြှင့်လျက်ရှိသည်။