Skip to main content
May 06, 2024
​​​​​​​မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ပြည်သူတစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာတစ်ရပ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးဆက်အမျိုးမျိုးဖြစ်သည်။ အထူးသဖြင့် ​နွေရာသီကာလ၌ အပူရှိန်မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသော အပူဒဏ်အန္တရာယ်များနှင့် ရေရှားပါးမှုအခက်အခဲများရှိသည်။
May 06, 2024
​​​​​​​မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတို့မှာ လက်ရှိစိုက်ပျိုးဧကများအတိုင်း တစ်ဧကအထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်အောင် ထုတ်လုပ်နိုင်စွမ်းရှိသည်။ သို့ရာတွင် လက်တွေ့အခြေအနေမှာမူ ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာသန်းပေါင်း ရာနှင့်ချီ၍တင်သွင်းနေရသလို ပြည်တွင်းရှိ အဝတ်အထည်လုပ်ငန်းများအတွက် ပြည်ပမှချည်မျှင်နှင့် အထည်အလိပ် ဒေါ်လာသန်းပေါင်းများစွာဖြင့် ဝယ်ယူ တင်သွင်းနေရသည်။
May 05, 2024
နိုင်ငံတော်အစိုးရသည် ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်နှင့်အညီ “ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ထာဝစဉ် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသော်လည်း အဖျက်သမားသောင်းကျန်းသူများက အစဉ်အဆက်နှောင့်ယှက်ဖျက်ဆီးခဲ့သည်ကို သမိုင်းကြောင်းတစ်လျှောက် တွေ့ရမည်ဖြစ်သည်။
May 05, 2024
လွတ်လပ်ရေးအကြိုကာလ မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ်အစည်းအရုံးများကို စုစည်းရန် ၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ပထမဆုံးအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ အဆိုပါညီလာခံသို့ နိုင်ငံတစ်ဝန်းရှိ ခရိုင် ၁၉ ခရိုင်မှ မြို့နယ်အဆင့် မီးသတ်အစည်းအရုံးခွဲများရှိ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ ကိုယ်စားလှယ် ၁၉၇ ဦးတို့ တက်‌ရောက်ခဲ့ကြပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ မီးသတ်တပ်ဖွဲ့များ ပထမဆုံးအကြိမ် ညီညာစွာစုရုံးနိုင်ခဲ့သည့် ထိုနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်မေလ ၅ ရက်နေ့သည် “မီးသတ်တပ်ဖွဲ့နေ့” ဖြစ်လာခဲ့ရာ ယခုနှစ်တွင် ၇၈ နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
May 04, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
May 04, 2024
အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် မိတ်ဆက်ဖြန့်ဝေခဲ့ရာ ယင်းမူဝါဒပါအခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပခဲ့သည်။ ယင်းမူဝါဒရေးဆွဲချမှတ်ရခြင်းမှာ ပြည်သူလူထု၏ ကျန်းမာရေးအတွက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအပြင် သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံတကာနှင့်လျော်ညီသည့် စံချိန်စံညွှန်းများပေါ်ထွက်လာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပေါ်ထွက်လာရေး၊ ပို့ကုန်လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေပိုမိုရရှိရေး ဆက်လက်လုပ်ဆောင်သွားနိုင်ရေးဟူသည့် မျှော်မှန်းချက်များပါဝင်သည်။
May 03, 2024
တည်ငြိမ်အေးချမ်းသောနိုင်ငံများတွင် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှ ကုန်သွယ်စီးပွားလုပ်ငန်းများကို ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ပြည်သူများ၏ လူမှုဘဝမြင့်မားတိုးတက်လာမည်။ ထို့ကြောင့် တိုင်းပြည်မြို့ရွာ တည်ငြိမ်အေးချမ်းရေးကို အရေးအကြီးဆုံးလုပ်ငန်းစဉ်အဖြစ်ရှုမြင်ပြီး အားလုံးပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
May 03, 2024
နိုင်ငံတည်ဆောက်ရေးတွင် ရုပ်ဝတ္ထုအရင်းအမြစ်နှင့် ငွေကြေးအရင်းအမြစ်တို့ထက် လူသားအရင်းအမြစ်က အခြေခံအကျဆုံး နှင့်အရေးကြီးဆုံးဖြစ်သည်။ လူသားအရင်းအမြစ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူများနှင့် ထိုလူများ၏အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် စိတ်ဓာတ်ရေးရာအခြေအနေများ၊ သဘောထားအယူအဆများ အားလုံးလွှမ်းခြုံပါဝင် သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်ရှိ အလုပ် လုပ်နိုင်သောလူဦးရေ အချိုးအစား ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေရာ ထိုကဲ့သို့များပြားနေခြင်းသည် “လူဦးရေဆိုင်ရာဆုလာဘ်” ကို ရရှိနေခြင်းပင်ဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း အကျိုးရှိရှိအသုံးချနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း လူဦးရေပညာရှင်များက မိန့်ဆိုထားသည်။
May 02, 2024
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ဆောက်ရေးနှင့် ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အခန်းကဏ္ဍမှာ အဓိကကျသကဲ့သို့ ပါဝင်ဆောင်ရွက်နေကြသော ကျွမ်းကျင်အလုပ်သမားများ၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးကြီးသဖြင့် အလုပ်သမားများ အရည်အသွေးမြင့်မားအောင် ဖန်တီးဖော်ဆောင်ပေးပြီး လုပ်အားတန်ဖိုးကို မြင့်မားလာအောင် ဆောင်ရွက်ကြရပေမည်။
May 02, 2024
ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကာလ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားသုံးဦးကို အီဂျစ်နိုင်ငံကိုင်ရိုမြို့ရှိ မြန်မာသံရုံးက အီရတ်အာဏာပိုင်များနှင့်ညှိနှိုင်းပြီး နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည်။ ရခိုင်ပြည်နယ်မှ အမျိုးသမီးငယ်များဖြစ်ကြသည့် ၎င်းတို့သုံးဦးကို ပွဲစားများက ဒူဘိုင်းတွင်အလုပ်ရရှိမည်ဟူ၍ လိမ်လည်ခေါ်ဆောင်ကာ အီရတ်သို့ပို့ဆောင်ခဲ့ကြခြင်းဖြစ်ပြီး အီရတ်တွင်လည်း အလုပ်အကိုင်အေဂျင်စီပွဲစားများ၏ ခေါင်းပုံဖြတ်နှိပ်စက် ညှဉ်းပန်းမှုများနှင့်ကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။ ယင်းမတိုင်မီက အစ္စရေးနှင့်ဟားမားစ် ပဋိပက္ခဖြစ်စဉ်အတွင်း ပိတ်မိနေခဲ့သည့် မြန်မာနိုင်ငံသားများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ပြည်ပရောက်မိမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မိမိနိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားမှုဖြင့် ကယ်တင်ခြင်း၊ ပြန်လည်ခေါ်ဆောင်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းကြောင့်ပင် ဖြစ်သည်။