နိုင်ငံတော်သမ္မတ

Jan 15, 2020

လွိုင်ကော် ဇန်နဝါရီ ၁၅

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊  ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ဦးတင်လတ်၊ ဦးလှမော်ဦး၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာ ကြရာ ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိကြသည်။

Jan 15, 2020

လဟယ် ဇန်နဝါရီ ၁၅

၂၀၂ဝ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ရိုးရာကွင်း၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီးဒေါ်ချိုချိုတို့ တက်ရောက်သည်။

Jan 15, 2020
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ (၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်)
Jan 14, 2020

လဟယ် ဇန်နဝါရီ ၁၄

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ နိုင်သက်လွင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက် ၇ နာရီခွဲတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာရာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့သို့ ရောက်ရှိကြသည်။

Jan 05, 2020

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံ့အကြီးအကဲများက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့ကြသည်။

▲ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ▲

Jan 04, 2020

 

နေပြည်တော် ဇန်နဝါရီ ၄

 

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့က တည်ခင်းဧည့်ခံသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဥပစာ မြက်ခင်းပြင်၌ ကျင်းပသည်။

 

Jan 03, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ (၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်)

Jan 01, 2020
၂၀၂၀ ပြည့်နှစ် နှစ်သစ်မင်္ဂလာအခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။