Skip to main content

နိုင်ငံရေးပန်းတိုင်သို့ ရှေးရှုတက်လှမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက်မှ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်”ဟူသည့် ရှေ့လုပ်ငန်းစဉ်ချမှတ်ထားသည်။

ငြိမ်းချမ်းသည့်ပြည်ထောင်စု အားလုံးပါဝင်တည်ဆောက်

၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်သည်။ ငြိမ်းချမ်းရေးနှစ်တွင် ထာဝရငြိမ်းချမ်းရေး အလှမ်းနီးရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တစ်ခုပြီးတစ်ခု ပြုလုပ်လျက်ရှိသည်။ တရားတော်တွင် “သမဂ္ဂါနံ တပေါ သုခေါ” ဟူသည့် ညီညွတ်သောသူတို့၏ အကျိုးဆောင်မှုများသည် ကောင်းကျိုးရလဒ်များကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ဆိုထားသည်။

ပြည်သူများ၏အနာဂတ် ကာကွယ်စောင့်ရှောက်မြှင့်တင်

နိုင်ငံအနာဂတ် မြင့်မားတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုသည် ပညာဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်လူရွယ်တိုင်းအား ပညာအမွေပေးဝေကြသည်။ ပညာသင်ကြားခြင်းသည် သင်ကြားသည့်ပညာရပ်များမှ ရရှိလာသော အသိဉာဏ်ပညာအခြေခံဖြင့် ဘဝရှေ့ခရီးနှင့် ကြုံတွေ့လာရသမျှတို့ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ရန်အတွက်ဖြစ်သည်။ ဘဝတွင် တိုးတက်လာအောင်၊ အောင်မြင်မှုများရရှိအောင်၊ မိမိ မိသားစုနှင့် မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်အောင် ပညာသင်ကြားကြခြင်းဖြစ်သည်။

လူမှုစီးပွားအကျိုးပြုရေး သစ်တောသစ်ပင်စိုက်ပျိုးပေး

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် သစ်တော သယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု သည် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာ အရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းရှိသည်။ ၂၀၁၅ ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုအကျိုးကို ရှေးရှုဖော်ဆောင်

ငြိမ်းချမ်းရေးသည် နိုင်ငံအတွက် အရေးအကြီးဆုံးကိစ္စဖြစ်ပြီး တိုင်းရင်းသား ပြည်သူအားလုံး၏ မျှော်လင့်ချက်ဖြစ်သည်။ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တစ်ခုပြီးတစ်ခု ပြုလုပ်နေသည်။

ငြိမ်းချမ်းရေးတွင် အားလုံးလက်တွဲပါဝင်

သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့သည့် မြန်မာနိုင်ငံကို တိုင်းရင်းသားစည်းလုံး ညီညွတ်မှု အခိုင်အမာ တည်ဆောက်၍ ပြည်ထောင်စုစိတ်ဓာတ်အခြေခံပြီး တစုတစည်းတည်းသော ပြည်‌ထောင်စုနိုင်ငံအဖြစ်သို့ ဦးတည်ကာ နိုင်ငံလွတ်လပ်ရေး ရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော် ဝါဒစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် လွတ်လပ်ရေး မရမီကပင် မငြိမ်းချမ်းသောပဋိပက္ခများ စတင်ခဲ့သည်။

ကျောင်းနေအရွယ်အားလုံး ကျောင်းနေရေး

အချိန်တန်အရွယ်ရောက် လူလားမြောက်သည့်အခါ အသက်အရွယ်အလိုက် လုပ်ကိုင်ရမည့် အလုပ်များကို မဖြစ်မနေ လုပ်ကိုင်ကြရမည်ဖြစ်သည်။ ပညာရှာချိန်အရွယ်တွင် ပညာရှာ၊ အလုပ်လုပ်ကိုင်ရမည့်အရွယ်တွင် အလုပ်လုပ်ကိုင်ကြရမည် ဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးတို့ကြောင့် သူ့အချိန်အခါနှင့် သူ့အသက်အရွယ်အရ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်ကိုင်နိုင်ကြသောသူများအား တွေ့ရမည်ဖြစ်သည်။

ရေအရင်းအမြစ်ကို ထိရောက်စွာအသုံးချ

မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ ကောင်းစွာအကျိုးပြုသည့် သဘာဝသယံဇာတများ ပေါများကြွယ်ဝစွာရှိနေသည်။ ရေ၊ လေ၊ မြေ၊ နေ၊ တွင်းထွက် သယံဇာတများ စုံလင်စွာ အနှံ့အပြားရှိနေသည်။ အထူးသဖြင့် ရေသယံဇာတများမှာ မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားအရ အလျှံပယ်ပေါများလျက်ရှိသည်။ သို့သော် အဆိုပါ ရေသယံဇာတများကို နိုင်ငံအတွက် အပြည့်အဝအသုံးချနိုင်ခြင်း မရှိသေးပေ။

ဆီနှစ်မျိုးဖူလုံရေး

အစားအသောက်များ ချက်ပြုတ် ကြော်လှော်ရာတွင်လည်းကောင်း၊ စက်မှု ကုန်ကြမ်းပစ္စည်းအဖြစ် လည်းကောင်း စားသုံးဆီများကို မဖြစ်မနေအသုံးပြုကြရသည်။ ထို့အတူသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီများကို မဖြစ်မနေ အသုံးပြုကြရသည်။ အဆိုပါဆီနှစ်မျိုးကို လူတို့၏နေ့စဉ်ဘဝအတွက် မရှိမဖြစ် အသုံးပြုနေရမှုနှင့်အတူ လတ်တလော ဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ဆီဈေးနှုန်း များကြီးမြင့်လာရာ ကျွဲကူးရေပါ ဆိုသလို အခြားသော ထုတ်ကုန်ပစ္စည်းများသည်လည်း ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်

မြန်မာနိုင်ငံတွင် လူဦးရေအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ အခြေခံပြည်သူများသည် နိုင်ငံလူဦးရေ၏ အများစုဖြစ်သည်။ ထို့ကြောင့် ပြည်သူအများ စားဝတ်နေရေး အဆင်ပြေချောင်လည်စေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ အစဉ်တိုးတက်ကောင်းမွန်ရန် လိုအပ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် အစွမ်းကုန် ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to ကြေးမုံ,အယ်ဒီတာ့အာဘော်