ညီညွတ်ခြင်းသည် ဘေးအန္တရာယ် ကင်းရှင်းချမ်းသာခြင်းကို ဖြစ်စေပါသည်။ “နွားကွဲလျှင် ကျားဆွဲ” ဆိုသကဲ့သို့ စည်းလုံးညီညွတ်မှုပျက်ပြားသည်နှင့် ဘေးအန္တရာယ်များ ကျရောက်လာတတ်ပါသည်။ ထို့ကြောင့် ဘေးအန္တရာယ်များ မကျရောက်စေရန်အတွက် အသိုက်အမြုံတစ်ခုအတွင်း ညီညွတ်ခြင်းကို ခိုင်ခိုင်မာမာ တည်ဆောက်ထားကြရမည်ဖြစ်သည်။
အမျိုးသားနိုင်ငံရေးတာဝန် ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် လွတ်လပ်ရေးရပြီးကာလများတွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဖြစ်ပေါ်လာသော တိုင်းပြည် လိုအပ်ချက်ကိစ္စအဝဝတို့ကို အမျိုးသားနိုင်ငံရေး တာဝန်အဖြစ်ခံယူပြီး ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ဒို့တာဝန်အရေး (၃)ပါးကို ထိခိုက်လာနိုင်သည့် အန္တရာယ်များကို အလေးထား ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။
သမိုင်းတစ်ခေတ်ထွန်းသစ်အောင် ကြိုးပမ်း
ခေတ်သမိုင်းအဆက်ဆက်တွင် အနစ်နာခံ၊ စွန့်လွှတ်စွန့်စား စွမ်းဆောင်နိုင်သော အဖွဲ့အစည်းကို ဖော်ပြမည်ဆိုပါလျှင် တပ်မတော်ကိုသာ ညွှန်းဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရေးနှင့် ပြည်ထောင်စုကြီးအတွင်း၌ တိုင်းရင်းသားပြည်သူများ လုံခြုံစိတ်ချ တိုးတက်ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် တပ်မတော်သားများသည် စွန့်လွှတ်စွန့်စား၊ အသက်၊ သွေး၊ ချွေးများ မနှေးပေးဆပ်၍ ကာကွယ်စောင့်ရှောက်ပေးနေသောကြောင့် ဖြစ်သည်။
ကျန်းမာပြည့်ဖြိုးစီးပွားတိုး စိုက်ပျိုးထုတ်ကုန်မြှင့်တင်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ နိုင်ငံတွင် စိုက်နိုင်ပျိုးနိုင်၊ အသုံးချနိုင်သော မြေသယံဇာတ ပေါများကြွယ်ဝစွာ ရှိနေသည်။ နိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ကျေးလက်နေ ပြည်သူအများစုသည် စိုက်ပျိုးရေးဖြင့် အသက်မွေး ဝမ်းကျောင်းပြု လုပ်ကိုင်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လူဦးရေနှစ်စဉ် တိုးတက်နေသော်လည်း စားနပ်ရိက္ခာအတွက် လိုအပ်ချက်မရှိပေ။ ပိုလျှံသည်များကိုလည်း ပြည်ပသို့ပင် တင်ပို့နိုင်သည်။
အခြေခံပညာ သင်ကြားရေး ရိုးရာအစဉ်အလာမပျက် ဆောင်ရွက်
မြန်မာနိုင်ငံတွင် ရှေးကာလကနိုင်ငံသားများ အခြေခံပညာစတင်သင်ကြားရာ၌ ဘုန်းတော်ကြီးကျောင်း များကို အားထားခဲ့ကြရသည်။ မိဘအုပ်ထိန်းသူများက မိမိတို့၏ကလေးငယ်များ ပညာသင်ကြားနိုင်ရန် ဘုန်းတော်ကြီးကျောင်းများသို့ ဦးစွာပို့ကြသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ် ကလေးဘဝက ဦးသောဘိတဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။
ကျန်းမာရေးကို ထောက်ကူ နေကြာစိုက်ပျိုးစီးပွားတိုး
ယနေ့ကာလတွင် ဆီထွက်သီးနှံစိုက်ပျိုးဖြစ်ထွန်းရေးကို တွန်းအားပေး ဆောင်ရွက်နေကြပါသည်။ မြန်မာနိုင်ငံရှိ လူတစ်ဦးချင်း နေ့စဉ်စားသောက်မှုတွင် အစားအစာများ၌ ဆီကိုမဖြစ်မနေ သုံးစွဲကြပါသည်။ ပညာရှင်များ၏ တွက်ချက်မှုအရ လူတစ်ဦး တစ်ရက်ဆီလိုအပ်ချက်မှာ ၁ ဒသမ ၅၈ ကျပ်သားဖြစ်ပြီး တစ်နှစ်လျှင် ဆီခြောက်ပိဿာခန့် စားသုံးသင့်ကြောင်း အသိပေးထားသော်လည်း လူတစ်ဦးချင်းစီ နေ့စဉ်ဆီစားသုံးမှုမှာ ၎င်းပမာဏထက်များစွာ ကျော်လွန်နေသည်ကို လေ့လာ တွေ့ရှိရပါသည်။
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို သတိမူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ၂၆ ရက်နေ့ ည ၈ နာရီမှ မေလ ၂၇ ရက်နေ့ည ၈ နာရီအတွင်း တစ်ရက်တာ ဓာတ်ခွဲနမူနှာ စုစုပေါင်း ၁၇၈၈ ခုအား စစ်ဆေးပြီးစီးမှုအရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၆ ဦး တွေ့ရှိခဲ့ရသည်။ မေလ ၂၇ ရက်နေ့ ည ၈ နာရီမှ ၂၈ ရက်နေ့ ည ၈ နာရီအတွင်း တစ်ရက်တာ ဓာတ်ခွဲနမူနာ ၁၂၃၀ ကို စစ်ဆေးမှုအရ ရောဂါကူးစက်ခံရသူ ၇၂ ဦး ထပ်မံတွေ့ရှိခဲ့သည်။
နိုင်ငံ့စားနပ်ရိက္ခာဖူလုံ ၊ ပြည်သူလိုအပ်ချက်ဖြည့်ဆည်း
မြန်မာနိုင်ငံသည်လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားရသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်(ဂျီဒီပီ)တွင် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်သည် ထက်ဝက်မျှ ပါဝင်ပါသည်။ လုပ်သားဦးရေ သုံးပုံနှစ်ပုံခန့်ကို အလုပ်အကိုင်များ ရရှိစေနိုင်ပြီး နိုင်ငံ၏ ပို့ကုန်ဝင်ငွေတိုးတက်ရရှိရေး၌ အဓိကအရင်းအမြစ် ကုန်ပစ္စည်းဖြစ်သည်။ နှစ်စဉ်တိုးပွား နေသော ပြည်တွင်းလူဦးရေအတွက် စားနပ်ရိက္ခာ လောက်ငဖူလုံနေပြီး ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်သည်။
ဘဝမီးရှူးတန်ဆောင်ပညာဖြင့် ရှင်သန်တိုးတက်
ပညာသည် လူ့ဘောင်လောကအတွက် အခြေခံအရင်းအမြစ်ဖြစ်သည်။ ပညာသည် သုံးစွဲမကုန် နိုင်သော အရင်းအနှီးဖြစ်သည်။ ပညာဖြင့် ဘဝကိုအလှဆင်နိုင်သည်။ ပညာသည်သာ လူ့ဘောင် လောက၏ မီးရှူးတန်ဆောင်ဖြစ်သည်။ ပညာမတတ်လျှင် အကန်းနှင့်တူပြီး ပညာတတ်လျှင် ဘဝတွင် အမှန်အမှား ခွဲခြားဆင်ခြင်နိုင်ကာ ပညာသည်ဘဝအတွက် တိုးတက်ရာ တိုးတက်ကြောင်းကို ဖန်တီးနိုင်ပေသည်။
ပြည်သူအချင်းချင်းမနစ်နာစေရေး သတိပြုလုပ်ကိုင်
မြန်မာနိုင်ငံမှပြည်သူများ နေ့စဉ်လက်မလွှတ်နိုင်သောအရာမှာ ဖေ့စ်ဘွတ်သုံးစွဲခြင်းဖြစ်သည်။ မြန်မာပြည်မှ ဖေ့စ်ဘွတ်သုံးစွဲသူများသည် နေ့စဉ်နေ့တိုင်း ၎င်းတို့၏ အကြောင်းအရာများကို သူငယ်ချင်းများအား မျှဝေရန်၊ ကမ္ဘာတစ်ဝန်းမှ အဖြစ်အပျက်များကို အခြားသူများ၏ အမြင်များနှင့်အတူ သိရှိနိုင်ရန်၊ ၎င်းတို့၏ စိတ်ဝင် စားဖွယ်အကြောင်းအရာများကို ဖတ်ရှုနိုင်ရန် ဖေ့စ်ဘွတ်ကို သုံးစွဲနေကြသည်။