Skip to main content

တိုင်းပြည်အားထားဖွယ်ရာ သားကောင်းရတနာ

လူတော်လူကောင်းများ၊ ဘက်စုံထူးချွန်သူများ များများစားစား မွေးထုတ်ပေးနိုင်ခြင်းသည် မိသားစုအသိုက်အဝန်းအတွက်သော်လည်းကောင်း၊ နိုင်ငံအနာဂတ်အတွက်သော် လည်းကောင်း အားထားဖွယ်ရာဖြစ်သည်။ အဆိုပါလူငယ် လူရွယ်တို့၏စွမ်းပကားဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်။ တိုးတက်သည့် အနာဂတ်နိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်သည်။

အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်

မျက်မှောက်ကမ္ဘာကြီးတွင် နည်းပညာနှင့်ယဉ်ကျေးမှု တိုးတက်မှုများ အရှိန်အဟုန်ဖြင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိရာ ပြောင်းလဲမှုအပေါ်တွင် အားလုံးလိုက်ပါနေကြပေသည်။ ပြောင်းလဲမှုတိုင်းကို တိုးတက်မှုဟု ပုံသေမှတ်ယူ၍ မရနိုင်သကဲ့သို့ ရှေးရိုးစဉ်လာများကိုလည်း အစဉ်အမြဲဖက်တွယ်နေ၍ ရနိုင်မည်မဟုတ်ပေ။ အဟောင်းဖြစ်သော်လည်း မပစ်ပယ်ထားသင့်သောအရာများမှာ အမျိုးသားယဉ်ကျေးမှုဖြစ်ပြီး အမျိုးသားယဉ်ကျေးမှု၏ မြတ်နိုးတန်ဖိုးထားဖွယ်ရာများကို ယနေ့ထက်တိုင် မြင်တွေ့နိုင်ပေသည်။

အာဆီယံစုစည်းညီညွတ်မှုကိုထိန်းသိမ်း

၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ အာဆီယံ ကြေညာစာတမ်းအား ထုတ်ပြန်၍ “တစုတစည်းတည်းသော အရှေ့တောင်အာရှဒေသကို ထူထောင်ရန်” ဟူသည့် အန္တိမရည်မှန်းချက်ဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ ငါးနိုင်ငံ ပါဝင်ခဲ့သည်။

သမိုင်းပေးတာဝန် ကျေပွန်စွာထမ်းဆောင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်လာခဲ့သည်မှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ၁ နှစ်နှင့် ၆ လ(၁၈ လ)ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဆက်လက်၍ ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ “နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ထပ် ၆ လတိုးမြှင့် သတ်မှတ်လိုက်သည်။

ကူးစက်ရောဂါကာကွယ်ရေး ပေါ့ဆမနေဘဲ ဆက်လက်လိုက်နာ

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အချို့နိုင်ငံများတွင် ရောဂါကူးစက်မှုနှုန်း မြင့်မားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၏ တက်တက်ကြွကြွ ဆောင်ရွက်ပေးမှု၊ ပြည်သူများက အသိတရားဖြင့် ပါဝင်ဆောင်ရွက်မှုတို့ကြောင့် ရောဂါကူးစက်မှုနှုန်း သိသာစွာကျဆင်းသွားသဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေး စည်းကမ်းများကို ဖြေလျှော့ပေးခဲ့ရာ လွတ်လပ်စွာ နေထိုင်လုပ်ကိုင်သွားလာခွင့်များ ရလာကြသည်။

ယုံကြည်စိတ်ချပစ္စည်းများဖြင့် လူမှုစီးပွားအဆင့်မြှင့်တင်

ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် မသုံးမဖြစ်လိုအပ်လျက်ရှိသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ဝယ်ယူအသုံးပြုနေကြရသည်။ ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာသော အသုံးဝင်သည့် နှစ်သက်ရာကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုကြရာတွင် အရည်အသွေးမမီခြင်းဟူသော အချက်သည် ပြည်သူများ၏ကျန်းမာရေးကို ထိခိုက်စေသည့်ကုန်ပစ္စည်းများ ပါဝင်လာသည်။

ချစ်ကြည်ရင်းနှီးမှုနှင့် တိုးတက်မှုကို ဆောင်ကြဉ်း

“နိုင်ငံတိုင်းသည် မိမိတို့၏အကျိုးစီးပွားအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံတွင် ကြိုးပမ်းအားထုတ်နေရမည်ဖြစ်ပြီး Moving Forward ဟူသည့်အတိုင်း အမြဲလျှောက်လှမ်းနေရမည်ဖြစ်ကြောင်း၊ ရပ်နေပါက မိမိတို့တိုင်းပြည် နောက်ကျကျန်နေခဲ့မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားထားသည်။

စိတ်နှလုံးရွှင်လန်းချမ်းမြေ့ရေး တစ်ခဲနက်ပါဝင်အားပေး

ပြည်သူများသည် နိစ္စဓူဝ ဗာဟီရကိစ္စများကြသည်။ ဘဝရှင်သန်ရပ်တည်ရေး၊ တိုးတက်ကြီးပွားရေး၊ အောင်မြင်ရေးအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်လုပ်ကိုင် ဆောင်ရွက်နေကြသည်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှကို အားလပ်ချိန်တွင် တစ်နည်းတစ်ဖုံဖြင့် အပန်းဖြေကြသည်။ ပင်ပန်းနွမ်းနယ်သမျှကိုပြန်လည် လန်းဆန်းရွှင်လန်းလာအောင် ဖန်တီးဖော်ဆောင်ကြရသည်။

နိုင်ငံ၏မြို့တော်များတွင် အဆင့်မြင့်ပညာများပေးဝေ

နေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်ပြီး အစိုးရရုံးများရုံးစိုက်ရာ အထင်ကရမြို့တော်ဖြစ်သည်။ နေပြည်တော်ကို သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပသည့် သဘာဝပတ်ဝန်းကျင် Green and Clean Cities အဖြစ် ရေရှည်တည်ထောင်နိုင်ရေး အကောင်အထည်ဖော်လျက်ရှိသည်။ ယင်းအပြင် နေပြည်တော်တွင် စိုက်ပျိုးမွေးမြူရေးဇုန်များ ထူထောင်ပြီး စီးပွားရေးကောင်းအောင် ပြုလုပ်လျက်ရှိသည်။

တိရစ္ဆာန်အစားအစာထုတ်လုပ် မွေးမြူရေးကဏ္ဍအောင်မြင်

ကျန်းမာသန်စွမ်း ဖွံ့ဖြိုးရေးအတွက် အဓိက လိုအပ်ချက်မှာ အာဟာရဓာတ် ပြည့်ဝသော အစားအစာ စားသုံးခြင်းဖြစ်သည်။ အာဟာရ ပြည့်ဝရေးအတွက် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက် အသီးအနှံတို့အပြင် အသား၊ ငါးမျိုးစုံတို့ကို မျှတစွာ စားသုံးရသည်။ နိုင်ငံများသည် နှစ်စဉ် တိုးပွားနေသော လူဦးရေအတွက် အသားငါး စားနပ်ရိက္ခာ လုံ‌လောက်ဖူလုံရေးကို ကြိုးပမ်း ဆောင်ရွက်နေကြသည်။
Subscribe to ကြေးမုံ,အယ်ဒီတာ့အာဘော်