Skip to main content

ပြည်ပရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးများ အကာအကွယ်ရရှိနိုင်ရေး

မကြာသေးမီရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မတော်တဆမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အလုပ်ရှင်ကဆေးရုံသို့ မပို့ပေးဘဲ လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ခဲ့မှုကြောင့် သေဆုံးခဲ့ရကြောင်း လူမှုကွန်ရက်သတင်းများ၌ တွေ့ရှိရသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းရှည်လျားစွာ ထိစပ်လျက်ရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ် သမားအရေအတွက်ကို သုံးသန်းမှငါးသန်းခန့်အထိ ခန့်မှန်းကြပြီး သေချာသည့်အချက်မှာ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လုပ်ကိုင်နေသူများက အများစုဖြစ်နေခြင်းပင်ဖြစ်သည်။ အထက်ဖော်ပြပါဖြစ်စဉ်၌ သေဆုံးခဲ့သူမြန်မာရွှေ့ပြောင်းအလုပ်သမားမှာလည်း တရားမဝင်ရွှေ့ပြောင်းအလုပ်သမားဖြစ်သည်ဟု သတင်းများကဆိုသည်။

တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်

​​​​​​​လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေး၊ နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးဟူသော စံချိန်စံညွှန်းများနှင့် ညီညွတ်သည့်ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရန်မှာ ဦးစွာ နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန်လိုအပ်သည်။ နောက်ထပ်လိုအပ်ချက်တစ်ရပ်မှာ မဲပေးပိုင်ခွင့်ရှိသူများစာရင်း မှန်ကန်စွာရရှိရေးအတွက် အလေးထားဆောင်ရွက်ရန်ဖြစ်သည်။

အမျိုးသမီးငယ်ရွယ်များအတွက် ရိုက်ခွဲခံလိုက်ရသည့် ထမင်းအိုး

​​​​​​​ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်‌သော H & M Group က မြန်မာနိုင်ငံမှ ချုပ်ထည်အမှာစာပစ္စည်းများ ဝယ်ယူခြင်းကို တစ်ဆင့်ချင်းရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းနှင့်စပ်လျဉ်း၍ အဆိုပါဆုံးဖြတ်ချက်သည် စိန်ခေါ်မှုရှိသော စီးပွားရေးအခြေအနေများကြားတွင် အလုပ်ထုတ်ခံရနိုင်ခြေ မြင့်မားခြင်းအပါအဝင် စက်ရုံများရှိဝန်ထမ်းများ၏ အသက်မွေးဝမ်းကျောင်းကို များစွာထိခိုက်စေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ ဩဂုတ် ၂၅ ရက်က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားပြီး အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ်များအနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်ရှိစွာ ဆက်လက်တည်ရှိနေခြင်းသည် အကောင်းဆုံးသော နည်းလမ်းဖြစ်မည်ဟု MGMA က အခိုင်အမာယုံကြည်ကြောင်းလည်း ဖော်ပြထားသည်။

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

မိမိတို့နိုင်ငံတွင် ပြည်တွင်းစားသုံးဆီလိုအပ်ချက်က ထုတ်လုပ်နိုင်သည့် ပမာဏထက် များစွာမြင့်မားနေခြင်းကြောင့် နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသည်ကို အားလုံးသိရှိကြပြီးဖြစ်သည်။ ပြည်တွင်းဆီစားသုံးမှုဟုဆိုရာတွင် ပြည်သူလူထု၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုသာမက စက်မှုလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများစသည်တို့မှ သုံးစွဲမှုများလည်း ပါဝင်သည်။ မည်သို့ပင်ဖြစ်စေ နှစ်စဉ်ပြည်တွင်းစားသုံးဆီလိုအပ်ချက် တန်ချိန် ၁၁ သိန်းခန့်အတွက် ပြည်ပမှ တန်ချိန် ၉ သိန်းခန့် ဝယ်ယူဖြည့်တင်းနေရခြင်းဖြစ်ရာ ပြည်တွင်းထုတ်လုပ်နိုင်မှုနှင့် ပြည်တွင်းစားသုံးမှုတို့အကြား ကွာဟချက်လွန်စွာကြီးမားနေသည်။

မဖြစ်မနေဆောင်ရွက်သွားရမည့် တရားမဝင်ကုန်သွယ်မှုပပျောက်ရေး

​​​​​​​နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် များစွာအဟန့်အတား၊ အနှောင့်အယှက်ဖြစ်စေသည့် တရားမဝင် ကုန်သွယ်မှုများ ပပျောက်ရေးဆောင်ရွက်ပေးရန် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။ တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေးဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များက တားဆီးစစ်ဆေး ဖမ်းဆီးအရေးယူမှုများပြုလုပ်ပြီး အတိုင်းအတာတစ်ရပ်အထိ ဆောင်ရွက်နိုင်ခဲ့သည့်တိုင် ဆက်လက်လိုအပ်နေခြင်းဖြစ်သည်။

ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေသည့် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ

မိမိတို့နိုင်ငံတွင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဖြစ်ပေါ်နေခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများမှာ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးအဖြစ် ကမ္ပည်းတွင်နေပြီဖြစ်သည်။ အယူဝါဒရေး၊ လူမျိုးစုရေး၊ ဘာသာရေး စသည်တို့တွင် သဘောကွဲလွဲမှုများဖြင့် လက်နက်ကိုင်ဆန့်ကျင်မှုများကို စတင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးဟူ၍ ဖြစ်လာသည်။ ပြည်သူတို့၏ဆန္ဒနှင့်အညီ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်တို့ကို ပြုပြင်ပြောင်းလဲပြီး ပါတီစုံဒီမိုကရေစီစနစ်နှင့် လွှတ်တော်တို့ပေါ်ပေါက်လာသည့်အခါ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းတော့မည်ဟု ပြည်သူများက မျှော်လင့်ခဲ့ကြသော်လည်း ဖြစ်မလာ။ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်နိုင်သည့် အခြား အကြောင်းပြချက်များကို လက်ညှိုးထိုးကြပြန်သည်။

ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်အရင်းခံ

မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၏ သက်တမ်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်မရှေးမနှောင်းပင် ဖြစ်သည့်အတွက် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများပင်ဖြစ်သည်။ ဤမျှရှည်ကြာသော ကာလအတွင်း နိုင်ငံအတွက်၊ ဒေသအတွက်၊ လူမျိုးစုများအတွက် အကျိုးရလဒ် သို့မဟုတ် မှန်ကန်သော အဖြေတစ်စုံတစ်ခုမှ ထွက်ပေါ်လာခြင်းမရှိဘဲ နိုင်ငံ၏အရင်းအမြစ်များစွာ ဆုံးရှုံးခဲ့ရခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးခဲ့ရခြင်းတို့ကြောင့် နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများ အဆင့်မှာပင် နောက်တန်းသို့ ရောက်ခဲ့ရသည်။

စည်းလုံးညီညွတ်ခြင်းဖြင့် ငြိမ်းချမ်းရေး

အတိတ်သမိုင်းကို ပြန်ကြည့်လျှင် ယနေ့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟူ၍ တည်ရှိနေသော ပိုင်နက်နယ်မြေပေါ်တွင် တိုင်းရင်းသား သွေးချင်းများ အတူတကွ နေထိုင်ခဲ့ကြသည်မှာ ငြင်း၍မရသော အမှန်တရားပင်ဖြစ်သည်။ မိမိတို့ တစ်နိုင်ငံတည်းသာမဟုတ်၊ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ထိုင်းစသည့်နိုင်ငံများသည်လည်း ဒေသအလိုက် တိုင်းရင်းသားစုံ ပဒေသရာဇ်စနစ်ဖြင့် ရပ်တည်ခဲ့ကြခြင်းဖြစ်သည်။

မိတ်ကောင်းဆွေကောင်း နှစ်ပေါင်းရှည်ကြာ

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့ပြီးနောက် ရက်သတ္တပတ် အနည်းငယ်မျှအကြာ ယင်းနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရုရှားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်း ဖြစ်ရာ မြန်မာ - ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည်လည်း စိန်ရတုကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသော စည်းလုံးညီညွတ်မှု

“နိုင်ငံနှင့်လူမျိုးနှင့် ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုအင်အားဖြင့် အခိုင်အမာရင်ဆိုင်ကျော်လွှားနိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။”
Subscribe to မြန်မာ့အလင်း, အယ်ဒီတာ့အာဘော်