ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။
ထူးခြားသည့်ပထဝီအနေအထား ပိုင်ဆိုင်ထားသည့် မြန်မာ့အောင်မြေ
မြန်မာနိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်သည်။ ရေပြင်၊ မြေပြင် ထူးခြားသောပထဝီအနေအထားများ ပိုင်ဆိုင်ထား သည်။ ကမ္ဘာ့မြေပုံပေါ်၌ အာရှတိုက်အရှေ့တောင်ပိုင်း အင်ဒိုချိုင်းနားကျွန်းဆွယ် ကြီးအတွင်း မြောက်ဘက်တွင် တိဘက်နှင့် တရုတ်နိုင်ငံ၊ အရှေ့ဘက်တွင် တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။
မြန်မာ့ရိုးရာအစဉ်အလာကိုစောင့်ရှောက် ပြည်သူများ စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁၀ ရက်နေ့မှ နှောင်းတန်ခူးလပြည့်ကျော် ၁၂ ရက်နေ့သည် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်း သည့် မဟာသင်္ကြန်ကာလဖြစ်သည်။ မြန်မာတို့၏ အစဉ်အလာမပျက် ကျင်းပလေ့ရှိသော ၁၂ လရာသီပွဲတော်များတွင် မဟာသင်္ကြန်ပွဲတော်သည် လူမျိုးမရွေး၊ ဘာသာ မရွေး ပြည်သူများအားလုံး အပျော်ရွှင်ဆုံး၊ စိတ်ချမ်းမြေ့ဆုံး၊ အစည်ကားဆုံးပွဲတော် တစ်ခုဖြစ်သည်။
လူမှုစီးပွားဘဝ အဆင်ပြေစေရေး စီမံကိန်းများအကောင်အထည်ဖော်
လျှပ်စစ်သည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအပါဆုံးအရာ ဖြစ်သည်။ လျှပ်စစ်ဖြင့် လောကသစ်ကိုတည်ဆောက်နိုင်ပြီး လျှပ်စစ်မရှိလျှင် အမှောင်အတိကျ၍ အကျည်းတန်သောဘဝတွင် နေရသလိုဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်တိုးပွားလာသောလူဦးရေနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမှုတို့ကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များလာသည်။ လျှပ်စစ် ကဏ္ဍတွင် အခက်အခဲများရှိ၍ ဝန်နှင့်အားမျှတမှုရှိစေရေးအတွက် ထိန်းညှိမောင်းနှင် ရသည်။ မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခြင်းကို အပိုင်းအလိုက်၊ အချိန်အလိုက် အချိုးကျဆောင်ရွက်နေသည်ကိုတွေ့ရသည်။
အဂတိကင်းရှင်းစွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်
တရားမဝင်ကုန်သွယ်မှုများက နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှု ကြီးမားလှသည့်အတွက် ထိထိရောက်ရောက် တားဆီး တိုက်ဖျက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး” သည် အရေးပါသောကဏ္ဍမှ ပါဝင်နေသည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ရာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် အဟန့်အတားပြုနေသည့် တရားမဝင်ကုန်သွယ်မှုများကို မဖြစ်မနေတားဆီးနှိမ်နင်း သွားကြရန်ပင်ဖြစ်သည်။
နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအတွက် တပ်မတော်၏ဆောင်ရွက်ချက်
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် တပ်မတော်သည် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲ၍ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင်လည်း တပ်မတော်သည် ပင်မမဏ္ဍိုင် ဖြစ်ခဲ့သည်။ ထူးခြားချက်မှာ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် ပြည်သူများဆန္ဒဖြစ်သည့် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရာ၌ ကျရာအခန်းကဏ္ဍ မှ ကျေပွန်စွာထမ်းရွက်နေခြင်းဖြစ်သည်။
စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် လူသားအရင်းအမြစ်များပျိုးထောင်
“နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးအရင်းအနှီးနှင့်လူအင်အား၊ သဘာဝအရင်းအမြစ်များနှင့် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတတို့ ပြည့်စုံရုံသာမက ကျန်းမာရေး၊ ပညာရေးနှင့် အသိပညာမြင့်မားရေး၊ ပြည်သူလူထုအတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာနိုးကြားထက်သန်မှုနှင့်အတူ မြင့်မားသောရည်ရွယ် ချက်များရှိနေခြင်းတို့ လိုအပ်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ငွေကြေးနှင့်သယံဇာတအရင်းအမြစ်များထက် ဖန်တီးနိုင်စွမ်းနှင့် စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သည့် လူသားအရင်းအမြစ်က ပို၍အရေးကြီးသည်ကို သတိပြုရမည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် အသိပေးထားသည်။
နိုင်ငံတော်အနာဂတ်အတွက် စိတ်ဓာတ်ခွန်အားပေးပြုစုပျိုးထောင်
ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် လူ့ဘောင်လောကကြီးကို ဦးဆောင်ပဲ့ကိုင်မောင်းနှင်ကြမည့် လူကြီးများဖြစ်ကြပါလိမ့်မည်။ ထို့ကြောင့် လူငယ်တို့ကို ပေါ့ပေါ့သဘောထားရန်မသင့်လျော်ပါ။ လျစ်လျူရှုထား၍ မဖြစ်နိုင်ပါ။ လူငယ်များအား လူတော်လူကောင်းလေးများဖြစ်လာအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ ခေတ်ပညာနှင့်ပြည့်စုံအောင်၊ အကျင့်စာရိတ္တကောင်းမွန်အောင်၊ အများအကျိုးကို ဆောင်ရွက်တတ်အောင်၊ မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး နိုင်ငံနှင့်လူမျိုးအကျိုးစီးပွားအတွက် ကြိုးပမ်းထမ်းဆောင်ကြအောင် ငယ်စဉ်ကတည်းက မြေတောင်မြှောက်ပေးထားမှ၊ လေ့ကျင့်လမ်းပြပေးထားမှ နိုင်ငံအနာဂတ်အတွက် စိတ်အေးရမည်ဖြစ်သည်။
နိုင်ငံတည်ဆောက်ရေးအတွက် သွင်းကုန်အစားထိုးကြိုးပမ်းထုတ်လုပ်
“နိုင်ငံတည်ဆောက်ရေးတွင် သံမဏိသည် မဖြစ်မနေလိုအပ်သည့် ပစ္စည်းဖြစ်ပြီး ပြည်တွင်းလိုအပ်ချက် များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေးစီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” မတ် ၈ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တောင်ကြီးမြို့နယ် ပင်းပက်ဒေသ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)သို့ သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။
အချိုးအကွေ့တစ်ခု အခွင့်အရေးကောင်းတစ်ခု
“၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ (၇၅) နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖြစ်သလို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအသီးအပွင့်တွေကိုခံစားဖို့ အစပျိုးတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့ နှစ်တစ်နှစ်ဖြစ်တာကြောင့် ဒီအခွင့်အရေးကို ရယူနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားဖြင့် ပြောကြားခဲ့သည်။