ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ် နှစ်သစ်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ၂၀၂၃ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှ မကောင်း သောအမှုများကို ချေဖျက်ပြီး နှစ်သစ်တွင် စိတ်သစ်၊ ကိုယ်သစ်ဖြင့် ကောင်းခြင်းမင်္ဂလာများနှင့်ပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် အေးချမ်းသာယာဝပြောသော လူ့ဘောင်လောကသစ်ကို တည်ဆောက်နိုင်ရန် နိုင်ငံတော်၏ရည်မှန်းချက်များ အောင်မြင်အောင် ဦးတည်ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။
အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင်
ရေရှည်ကောင်းမွန်မျှတသည့် စီးပွားရေးတိုးတက်မှု ဖော်ဆောင်ခြင်းကို အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု၊ အစိမ်းရောင်စီးပွားရေးဟုဆိုကြသည်။ အစိမ်းရောင် စီးပွားရေးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ဆောင်ကြဉ်းလာမည့်ပုံစံဖြစ်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရွေးချယ်နိုင်မည့် အခွင့်အလမ်းကောင်း များစွာရှိနေသည်။ ထို့ကြောင့် အစိမ်းရောင်စီးပွားရေး လမ်းကြောင်းများကို ရွေးချယ်ကြရမည်ဖြစ်သည်။
နည်းပညာအသုံးပြု လူကုန်ကူးမှုတိုက်ဖျက်
လူကုန်ကူးခံရမှုများနှင့် အရေးယူဆောင်ရွက်မှုများကို နေ့စဉ်မြင်တွေ့ကြားသိ နေရသည်။ လူကုန်ကူးမှုသည် လူအချင်းချင်းစာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သော ခေတ်သစ်ကျေးကျွန်စနစ်ဖြစ်၍ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရန်နှင့် လူကုန်ကူးမှုကျူးလွန်သူများအား ဖော်ထုတ်အရေးယူနိုင်ရန် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိသည်။
မွန်မြတ်သည့်ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပေါ်နေစဉ်ကာလတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။ ထိုအခါ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ၌ နိုင်ငံရေးပယောဂများ ဝင်ရောက်လွှမ်းမိုးပြီး ကျန်းမာရေးကဏ္ဍ ယိုင်လဲလုနီးပါးဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူများမှာ အားကိုးရာမဲ့ပြီး အခက်အခဲ များဖြစ်ခဲ့ရာ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များက လိုအပ်သည့်နေရာများ၌ အရေးပေါ်ကူညီကုသပေးခဲ့သည်။
အမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်
တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းနှင့်အတူယှဉ်တွဲ ပေါ်ပေါက်လာသော သမိုင်းကြောင်းအစဉ်အလာ ကြီးမားသည့် အဖွဲ့အစည်းဖြစ်သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)အဖြစ် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)၊ ဗမာ့အမျိုးသားတပ်မတော် (BNA)၊ မျိုးချစ်ဗမာ့တပ်မတော် (PBF)၊ ဗမာ့တပ်မတော် (Burma Army) အဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး ကာလများမှသည် လွတ်လပ်ရေးရရှိသည်အထိ ပြည်သူတို့ကို ဦးဆောင်လက်တွဲ၍ တိုက်ပွဲဝင်ခဲ့သော တပ်မတော်ဖြစ်သည်။
နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည်
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ခရစ်နှစ် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ ဤနေ့သည် ဗြိတိသျှနယ်ချဲ့တို့ပြဌာန်းသည့် ယူနီဗာစီတီအက်ဥပဒေကို လက်မခံဘဲ ဆန့်ကျင်တွန်းလှန်ခဲ့သောနေ့ဖြစ်သည်။ အမျိုးသားပညာရေးကို ဖော်ထုတ်ပြီး အမျိုးသားကျောင်းများ ထွန်းပေါက်လာသောနေ့ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် ပြည်သူတစ်ရပ်လုံး အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်နိုးကြားလာခဲ့သည့် အောင်ပွဲနေ့ ဖြစ်သည်။
ကြီးလေးသည့်ကျူးလွန်မှုကို တားဆီး
ကံ ကံ၏အကျိုး၊ ဘဝကံအကျိုးပေးကြောင့်ဟူသည့်တရားတော်လာအတိုင်း လူ့ဘဝတွင် လူရယ် လို့ဖြစ်လာသော်လည်း လူလူချင်း အကြောင်းမဲ့နှိပ်စက် ညှဉ်းပန်းခြင်း ခံနေရ သည့်အဖြစ်များကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ ကံကြမ္မာသည် မည်သို့ မည်ပုံရှိသည်ကို မည်သူမျှ မခန့်မှန်းနိုင်သော်လည်း ကောင်းသောကံကြမ္မာဖြစ်ပေါ်လာ
ပြည်ထောင်စုအတွက် အမျိုးသားရေးကြိုးပမ်း
နိုင်ငံဖွံ့ဖြိုးတိုးတက်မှ၊ ဓနဥစ္စာအင်အားကြွယ်ဝမှ၊ အရင်းအမြစ်ပေါများမှသာ နိုင်ငံ၏ အရေးအရာ ကိစ္စမှန်သမျှ အလွယ်တကူ အချိန်မရွေးဖြေရှင်းဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် မိမိတို့ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် နိုင်ငံတိုးတက်ရေး၊ ဥစ္စာဓနတောင့်တင်း ခိုင်မာ ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး တို့ကို အစဉ်အမြဲကြိုးပမ်းအားထုတ် နေကြသည်။
စည်းကမ်းလိုက်နာ ရောဂါဘေးကင်းကွာ
မြန်မာနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အများအပြား တွေ့ရှိလာသည်။ သြဂုတ်လ ၂၅ ရက်နေ့ ညပိုင်းနှင့် နောက်တစ်ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀ ကျော် စံချိန်တင်တွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ၂၉ ရက် နေ့တွင် ရောဂါပိုးရှိသူ၉၀ ထပ်မံစံချိန်တင် တွေ့ရှိပြန်သည်။ ရောဂါပိုးတွေ့ရှိသူများမှာ များသောအားဖြင့် ရခိုင် ပြည်နယ်မှဖြစ်ပြီး ရန်ကုန်မြို ့ရှိ အချို့မြို့နယ်များမှ တစ်ဦးစ၊ နှစ်ဦးစ ရောဂါပိုးတွေ့သူများပါလာသည်။