Skip to main content

ပြည်ထောင်စုစိတ်ဓာတ်အရင်းတည် ပင်လုံမှသည် နိုင်ငံတစ်ဝန်းဆီသို့

မြန်မာနိုင်ငံတော်ကြီး ထီးကျိုးစည်ပေါက် နယ်ချဲ့လက်အောက်ဘဝမှ လွတ်မြောက်ရေးအတွက်ကြိုးပမ်းကြရာတွင် “ပြည်ထောင်စုနေ့”သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးပင်ဖြစ်ပါသည်။ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံသွေးစည်းညီညွတ်မှု၏ သင်္ကေတဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းတည်ပေါက်ဖွားရာ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီ ၁၂ ရက်ကစ၍ ပြည်ထောင်စုအလံတော်ကို လွှင့်ထူခဲ့ကြသည်မှာ ယခုဆိုလျှင် ၇၆ နှစ်တိုင်ခဲ့လေပြီ။

ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်သောနိုင်ငံဖြစ်သည်။ နိုင်ငံကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။

အေးအတူပူအမျှ အတူတကွလက်တွဲကြမယ်လေ

ယခုနှစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်သည် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ တစ်နည်းအားဖြင့် လွန်ခဲ့သည့် (၇၆) နှစ် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ပင်လုံမြို့၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် တောင်ပေါ်မြေပြန့်မကျန် ပြည်ထောင်စုကိုတည်ထောင်ပြုရန်အတွက် ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါသည်။

ညီညွတ်မှုဖြင့် ပြည်ထောင်စုတည်

၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လုံမြို့လေးတွင် စုဝေးရောက်ရှိနေကြသည်က ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည်။ နိုင်ငံ့အနာဂတ်အရေးအတွက် စည်းလုံးသော၊ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ထောင် ရေးအတွက် မျက်နှာချင်း ဆိုင်ကြသည်၊ ဆွေးနွေးညှိနှိုင်းကြသည်၊ အဖြေရှာခဲ့ကြသည်၊ သဘောတူလက်မှတ် ရေးထိုးခဲ့ကြ၏။ ယင်းမှာ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နိဒါန်း အစပင် ဖြစ်ပါ၏။ မြန်မာ့သမိုင်းအဆက်ဆက်တွင် တိုင်းရင်းသား ညီအစ်ကိုများအကြား ပထမဆုံးသဘောတူ လက်မှတ်ရေးထိုးကြသည့် ပြည်ထောင်စုသဘောတူ စာချုပ်ဟု ဆိုရမည့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသည်။

မတူကွဲပြားမှုများမှသည် ပြည်ထောင်စုအောင်ပွဲဆီသို့

မိသားစုတစ်စု အတွင်းမှာပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအသိုက်အမြုံ တစ်ခုမှာပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခု ဒေသတစ်ခုမှာပဲဖြစ်ဖြစ် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိကြလျှင်ဖြင့် အရေးအရာ မှန်သမျှ အနှောင့်အယှက်ကင်းကင်းနဲ့ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ အောင်မြင်တတ်ကြပါတယ်။ တိုးတက်ဖွံ့ဖြိုးမှုလည်း ရရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ဒီလိုဖန်တီးနိုင်တဲ့ အရည်အချင်းတွေ ရရှိနေလို့ပဲဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသားအပေါင်းဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရချင်လို့ နိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့ ကြပါတယ်။

ပြည်ထောင်စုစိတ်ဓာတ် လွှမ်းပတ်ရင်မှာ တည်စေသော်ဝ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင် ပထဝီအနေအထားများ ညီညွတ် ကောင်းမွန်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မြစ်ချောင်းအင်းအိုင်အသွယ်သွယ် တောင်စဉ်တောတန်း သဘာဝ သယံဇာတများလည်း ပေါကြွယ်ပေသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ရိုးရရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ဖြင့် အရောင်အသွေးစုံလင်စွာ စုဖွဲ့ထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တော် ဖြစ်ပါသည်။ မတူကွဲပြားသည့်ဓလေ့ထုံးစံ၊ ဘာသာစကားများကို ကျော်လွှား ပေါင်းစည်းလျက် အတူတကွ သွေးသားရင်းချာပမာ ချစ်ခင်ရင်းနှီးစွာ နေထိုင်လာခဲ့ ကြသည်။ အေးအတူ ပူအမျှ ဘယ်သူခွဲခွဲ အမြဲစည်းလုံးမည် စိတ်ဓာတ်ဖြင့် နိုင်ငံ့အခက်အခဲမျ

Subscribe to ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဆောင်းပါး