ရန်ကုန်တိုင်းဒေသကြီး

မြောက်ဥက္ကလာပမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် စက်မှုဇုန်များတွင် လက်တွေ့စမ်းသပ်မဲပေးနေမှုများအား တာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် စက်မှုဇုန်များတွင် လက်တွေ့စမ်းသပ်မဲပေးနေမှုများအား ယမန်နေ့နံနက် ၉ နာရီအချိန်က တာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အတက်ရောဂါဆိုင်ရာသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက်ဖြင့် အတက်ရောဂါဆိုင်ရာသင်တန်းကို အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သင်ကြားခဲ့သည်။

လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၄/၅)ရပ်ကွက်၊ လှည်းတန်းလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

လသာမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ ပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီး၌ ဆေးဘက်ကျွမ်းကျင် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ဆေးဘက်ကျွမ်းကျင် ၄ (ဆေးလူမှု) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရွှေပြည်သာမြို့နယ်တွင် ပြည်သူများမဲစာရင်းမကျန်ရှိစေရတာဝန်ရှိသူများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်သတ်မှတ်ချက်နှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင်ပါဝင်နိုင်စေရေး၊ အချက်အလက်များပြည်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲ‌ပေးပိုင်ခွင့်မဆုံးရှုံး‌စေရေးတို့အတွက် ယနေ့ မွန်းလွဲပိုင်းမှစတင်၍ ရပ်ကွက်၊ကျေးရွာများအတွင်း အပိုင်းလိုက်သက်ဆိုင်ရာတာ၀န်ရှိသူများက တစ်အိမ်တက်ဆင်း လိုက်လံ၍ ကွင်းဆင်းဆောင်ရွက်ပေးသည်။

အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်းအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွန်းရန်နှင့် ရွေးချယ်မွေးမြူနိုင်ရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းအားကစားပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၈)အ.ထ.ကကျောင်းရှေ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ကမာရွတ်မြို့နယ်တွင် (Book Club) နှင့် စာဖတ်ဝိုင်း ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကမာရွတ် စာပေချစ်မြတ်နိုးသူ များအသင်း (BookClub) အဖွဲ့တို့ ပူးပေါင်းပြီး စာရေးဆရာမောင်သာ၏စာပေဗိမာန်စာမူဆုရ၏ “ကုန်းဘောင်နှင့်ကိုလိုနီခေတ် လက်ရာထင်ရှားသော သစ်သားအဆောက်အအုံများ” စာအုပ်ဖြင့်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

လှိုင်မြို့နယ်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းကို အမှတ် (၁၁) ရပ်ကွက်၊ လှိုင်မြို့နယ်၊ Wella internation School ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်၌ မဲစာရင်းမှန်ကန်စေရေးအတွက် (DOOR TO DOOR) မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မဲစာရင်းမှန်ကန်စေရေးအတွက် (DOOR TO DOOR) မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး