Skip to main content
May 23, 2024
ဆောင်းပါး
စာကြည့်တိုက်သည် စာအုပ်ပေါင်းများစွာတို့၏ နေအိမ်ဖြစ်၏။ စာအုပ်များစွာရှိရာ နေရာဖြစ်၏။ မြန်မာအဘိဓာန်၌ စာကြည့်တိုက်ကို “ကြည့်ရှုလေ့လာရန်၊ ငှားရမ်းရန်စာအုပ်များသိမ်းဆည်းထားရာ အဆောက်အအုံ”ဟု အနက်ဖွင့်သည်။ စာကြည့်တိုက်တွင် အကြောင်းအရာပေါင်းများစွာ၊ ပညာရပ်ပေါင်းများစွာပါရှိသော စာအုပ်စာစောင်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့သာမက စာအုပ်မဟုတ်သော အခြားလေ့လာစရာအရာများ စနစ်တကျစုစည်းထားသည်။ စာကြည့်တိုက်ကို အံ့ဩဖွယ်ရာအပေါင်းနှင့် ပြည့်လျှမ်းနေသောကမ္ဘာကြီးဟု ဆိုနိုင်၏။
May 23, 2024
ဆောင်းပါး
ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းလူတိုင်းဟာ ကျန်းမာခြင်းနဲ့ အသက်ရှည်ခြင်းအခွင့်အလမ်းတွေကို ပိုင်ဆိုင်ခွင့်ရှိသင့်ပါတယ်။ အသက်ရှည်ခြင်းဟာ လူ့ဘဝရဲ့အကြီးမားဆုံးသော အောင်မြင်မှုများထဲမှ တစ်ခုဖြစ်ပါတယ်။ သို့သော်အသက်ရှည်သူတိုင်း ကျန်းမာသောဘဝကို ပိုင်ဆိုင်ရရှိသူလို့တော့မဆိုနိုင်ပါ။ ဒီအဆိုကို ပြောင်းလဲနိုင်တဲ့အခြေအနေ ကျွန်တော်တို့လက်ထဲမှာရှိနေပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်၊ ကျွန်တော်တို့နေထိုင်ရာပတ်ဝန်းကျင်နဲ့ ကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်များအတွက် ၎င်းတို့ရဲ့ဘဝ နှောင်းပိုင်းကာလများကို ကျန်းမာပျော်ရွှင်စွာနေထိုင်သွားနိုင်ဖို့ အတူတကွလက်တွဲ လုပ်ဆောင်ရမယ့်အချိန်ပင်ဖြစ်ပါတယ်။
May 22, 2024
ဆောင်းပါး
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအတွက် နိုင်ငံတော်က သက်ဆိုင်ရာကဏ္ဍအသီးသီးမှ လူငယ်လူရွယ်များ၏ အနာဂတ်အတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန် ဖန်တီးပုံဖော်ပေးလျက်ရှိပါသည်။
May 22, 2024
မြန်မာတို့၏ ဆယ့်နှစ်လပြက္ခဒိန်တွင် ဒုတိယမြောက်လသည် ကဆုန်လဖြစ်သည်။ နွေရာသီကာလ၏ အလယ်ဗဟိုဖြစ်သောကြောင့် အပူရှိန်ပြင်းထန် လွန်ကဲလှပါသည်။ ကဆုန်လ၏ရာသီအမည်မှာ ပြိဿရာသီဖြစ်သည်။ ဤလတွင် ဝိသာခါနက္ခတ်သည် လမင်းနှင့်အတူ ကောင်းကင်တွင် ယှဉ်ပြိုင်ထွန်း၏။ ရာသီ၏သင်္ကေတမှာ နွားလားဥဿဘဖြစ်၏။ ရာသီပန်းမှာ စကားပန်းဖြစ်၏။ ရာသီပွဲတော်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်သည်။
May 21, 2024
ဆောင်းပါး
လူ့ဘောင်လောကတွင် ကလေးသူငယ်ငယ်ရွယ်သူများသည် အမှား၊ အမှန်၊ အကောင်း၊ အဆိုး၊ အသိပညာဗဟုသုတများ မရှိကြသေးပေ။ လက်ဦးဆရာ မိဘဆရာသမားများ၏ သွန်သင်ညွှန်ပြမှုများဖြင့် လူလားမြောက်ကြရသည်။ တစ်နည်းဆိုလျှင် အသိပညာတိုးလာစေရန် ကျောင်းတက်ပညာရှာကြရသည်။ ပညာကို ပြီးဆုံးအောင် အပတ်တကုတ် သင်ယူကြိုးပမ်းအားထုတ်လျှင် အားထုတ်သလောက် ထူးချွန်ထက်မြက်သူများ ဖြစ်လာကြသည်။ ပညာသင်ကြားမှုပြီးဆုံးသည့်အခါ မိမိကိုယ်ပိုင်ရပ်တည်နိုင်သော စွမ်းရည်၊ မိမိကိုယ်တိုင် ထိန်းကျောင်းနိုင်သော စွမ်းအားများရရှိပြီး မိမိ၊ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကို အကျိုးပြုမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာနိုင်သည်။
May 21, 2024
ဆောင်းပါး
၁၉၉၂ ခုနှစ်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် မြေကမ္ဘာထိပ်သီးညီလာခံ (Earth Summit) ဟု အများသိကြသည့် ကမ္ဘာ့ကုလသမဂ္ဂသဘာဝဝန်းကျင်နှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ညီလာခံ (The United Nations Conference on Environment and Development-UNCED) မှ ဇီဝမျိုးစုံမျိုးကွဲ၊ ရာသီဥတုပြောင်းလဲမှုနှင့် သဲကန္တာရတိုက်ဖျက်ရေးဆိုင်ရာ အောက်ပါနိုင်ငံတကာကွန်ဗင်းရှင်း (၃) ခု ပေါ်ထွက်ခဲ့ပါသည်-
May 21, 2024
ဆောင်းပါး
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် များမကြာမီပူပြင်းလှသော ရန်ကုန်၏ နွေရာသီကာလကို ဖြတ်သန်းချိန်နှင့် ကြုံရသဖြင့် ရန်ကုန်မြို့၏ လျှပ်စစ်မီးဒုက္ခကို မျက်ဝါးထင်ထင် ကြုံတွေ့သိမြင်ခံစားခွင့်ရခဲ့ပါသည်။ အပူဒဏ်ကြောင့် လေအေးပေးစက်၊ ပန်ကာ စသည့် အအေးပေးပစ္စည်းများ တစ်ပြိုင်နက်တည်းများစွာ အသုံးပြုလာကြသဖြင့် ပုံမှန်ထက်ပိုမို၍ ဝန်အားအသုံးပြုလာရသည့်အခါ ထုတ်လုပ်မှုက ပုံမှန်အတိုင်းသာရှိနေသဖြင့် ဓာတ်အားပြတ်တောက်မှုကို များစွာခံစားလာကြရသည်။  
May 21, 2024
ဆောင်းပါး
ဤကဆုန်လပြည့် (ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာ၀င်အပေါင်း အထူးဂုဏ်ယူရမည့် နေ့တစ်နေ့ဖြစ်သည်။ အပြည်ပြည် ဆိုင်ရာဗုဒ္ဓနေ့ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခံရသည့်နေ့လည်း ဖြစ်သည်။ ဗျာဖွား ပွင့်စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့လည်း ဖြစ်နေသည်။
May 20, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
May 20, 2024
ဆောင်းပါး
မြန်မာ့အားကစားလောက ရေရှည်တိုးတက် အောင်မြင်လိုပါက အမြဲတမ်းလိုက်နာဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များမှာ “လူထုအားကစား လှုပ်ရှားမှုများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရေး စီမံဆောင်ရွက်ရမည်”၊ “လူငယ်/လူရွယ်မျိုးဆက် သစ်များအမြောက်အမြား တစုတဝေးတည်းရှိနေသည့် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်/ကောလိပ်များတွင်အားကစားနှင့် ပညာရေးထိထိမိမိပေါင်းစပ်နိုင်ရေး စီမံဆောင်ရွက်ရမည်”၊ “အားကစားနည်းအလိုက် ထူးချွန်မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်စေရေးအတွက် နယ်ပယ်ဒေသကဏ္ဍအစုံတွင် အားကစားပြိုင်ပွဲများ ပုံမှန် ကျင်းပပြုလုပ်ရမည်”၊ “အားကစားပြိုင်ပွဲမျိုးစုံ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အားကစားကွင်း/အားကစားရုံများနှင့် အားကစားအထောက် အကူပစ္စည်းများ ပြည့်စုံစွာ ဖန်တီးပေးရမည်”၊ “ကျင်းပသည့်ပြိုင်ပွဲများသို့ အဆင့်မီမီဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အဆင့်ဆင့်သောပြိုင်ပွဲများ ပြုလုပ်ပြီး လူရွေးချယ်ခြင်း၊ အဆင့်မီနည်းပြများဖြင့် လုံလောက်သည့် အချိန်အတိုင်းအတာတစ်ခုအထိ ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်ခြင်းများ ပြုလုပ်ပြီးမှသာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်”၊ “ကျင်းပမည့်ပြိုင်ပွဲတိုင်း ပြိုင်ပွဲအဆင့်အတန်း မြင့်မားပြီး ပြိုင်ဆိုင်မှုပြင်းထန်အောင် တာဝန်ရှိသူ များက ကြီးကြပ်စီမံဆောင်ရွက်ရမည်”၊ “ခေတ်နှင့် အညီ တိုးတက်လာသည့် အားကစားသိပ္ပံနှင့် အားကစားလေ့ကျင့်ရေး သဘောတရားများအား မျက်ခြည်မပြတ် လိုက်ပါဆောင်ရွက်နိုင်ရမည်”၊ “အားကစားနည်းအလိုက် အရည်အသွေးပြည့်မီသည့် နည်းပြများ၊ ဒိုင်/ဂျူရီများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများအထိ ထိုးဖောက်တာဝန်ထမ်းဆောင်နိုင်ရေး စီမံဆောင်ရွက်ရမည်”၊ “သက်တမ်းအလိုက်ပြိုင်ပွဲများမှ ပေါ်ထွက်လာသည့် အားကစားနည်းအလိုက် ထူးချွန်မျိုးဆက်သစ်များကိုသာ အားကစားသိပ္ပံများနှင့် အားကစားအကယ်ဒမီကျောင်းများတွင် ကျစ်လျစ်သိပ်သည်းသောအင်အားဖြင့် ရေရှည်စခန်းသွင်း လေ့ကျင့်ပြုစုပျိုးထောင်ရမည်”၊ “အားကစားအသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်ရမည်” ဖြစ်ပါသည်။