Skip to main content
Dec 17, 2023
ဆောင်းပါး
လူတွေသက်တမ်းမစေ့မီ သေဆုံးကြရတဲ့အခြေအနေတွေကို လျော့ပါးအောင် နေ့စဉ်လမ်းလျှောက်ခြင်းဆိုတဲ့ အလေ့အထကောင်းတစ်ခုက ဘယ်လိုလုပ်နိုင်ပါသလဲ။ ကျန်းမာရေးဆိုင်ရာသုတေသနပြုချက်တွေက မကြာမကြာဖော်ပြပေးနေပါတယ်။ လမ်းလျှောက်ခြင်းနဲ့ပတ်သက်တဲ့ သုတေသနတွေ့ရှိချက်တွေဟာ ယခုလိုကာလ အပတ်စဉ်လူထုအားကစားလှုပ်ရှားမှုလမ်းလျှောက်ခြင်းမှာ တွန်းအားတစ်ခုဖြစ်စေပါလိမ့်မယ်။ အသိနဲ့ယှဉ်တဲ့လှုပ်ရှားမှု၊ ပြုမူမှုမှန်သမျှဟာ အဓိပ္ပာယ်မဲ့ဖြစ်မသွားပါဘူး၊ အလေ့အထမှသည် ဝါသနာ၊ ဝါသနာမှသည် ကောင်းမွန်တဲ့စရိုက်တွေအထိ ပြောင်းလဲသွားတယ်ဆိုတဲ့ခံယူချက်မျိုးဟာ မိမိအတွက်အရေးကြီးတဲ့ အသက်ရှည်ရာအနာမဲ့ကြောင်းမှာ များစွာအထောက်အကူပြုပါတယ်။
Dec 16, 2023
လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို အခြားသူတစ်ယောက်က ဝင်ရောက်စွက်ဖက်ရင် စွက်ဖက်ခံရသူအနေနဲ့ လက်မခံနိုင်တဲ့အပြင် မဆီမဆိုင်စွက်ဖက်သူကို မကျေမနပ်ဖြစ်မယ်၊ စိတ်ဆိုးမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ရှိလက်ရှိ ပြောလိုက်ရမှ ကျေနပ်ပါတယ်။ စွက်ဖက်သူအနေနဲ့ သိက္ခာမဲ့ရာရောက်တယ်။ လိပ်ပြာမသန့်ဖြစ်မယ်။
Dec 16, 2023
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကာလမှ ယနေ့မျက်မှောက်ကာလတိုင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို လက်တွေ့အကောင်အထည်ဖော် လိုက်နာကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ဆက်ဆံရာမှာလည်း တစ်နိုင်ငံ၏ ပိုင်နက်နယ်မြေနဲ့ အချုပ်အခြာအာဏာကို တစ်နိုင်ငံကလေးစားရန် (Respect for each other’s sovereignty and territorial integrity)၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်(Non-interference in each other’s internal affairs)၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံကျူးကျော်တိုက်ခိုက်မှုမပြုရန် (Non-aggression)စတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက် (Five principles of peaceful co-existence)နဲ့အညီ လက်တွေ့ဆက်ဆံကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
Dec 15, 2023
ငါအလုပ်တွေမအားတဲ့ကြားက မင်းဆီကို အိတ်ဖွင့်ပေးစာရေးလိုက်တာပါကွာ။ ငါ့မှာအိမ်အလုပ်၊ မိသားစုအရေး၊ သားသမီးတွေရှေ့ရေး၊ ရပ်ရွာသာယာရေး၊ လူမှုရေးတွေနဲ့ တစ်နေ့တစ်နေ့ မအားရလို့ အခြားသူကိစ္စ စိတ်မဝင်စားနိုင်ဘူး။ မင်းကတော့ သမ္မတကြီးသာဆိုတယ် အတော်အားယားနေပုံပဲကွ။ အားအားယားယားနဲ့ မင်းက တို့မြန်မာနိုင်ငံအရေးကို ခဏခဏလာပြီး စွက်ဖက်နေလိုက်တာ မင်းကိုယ်မင်း ဘာထင်နေလို့လဲကွ။ ကိုယ့်ကိုယ်ကိုယ် အတော်အထင်ကြီးတဲ့ပုံပဲ။ မင်းက တို့မြန်မာနိုင်ငံကိစ္စကို ဝင်စွက်ဖက်လာတော့ ငါ့ကလည်း ငါ့နိုင်ငံအရေးကို မပြောလို့မရတော့ဘူး မောင်ဟိုဆေးရေ။ မပြောမပြီး မတီးမမြည်ဘူးကိုး။ မင်းသာမစခဲ့ရင် ငါတို့လည်း ပြောစရာမရှိပါဘူးကွာ။
Dec 15, 2023
ဆောင်းပါး
ပြည်နယ်နေ့ဆိုသည်မှာ တိုင်းရင်းသားလူမျိုးများ အလေးအမြတ်တန်ဖိုးထားသော နေ့တစ်နေ့ဖြစ်သည်။ မိမိတို့၏ အမျိုးဂုဏ် ဇာတိဂုဏ်ဖြင့် ဝင့်ကြွားဂုဏ်ယူရသော နေ့ထူးနေ့မြတ်လည်းဖြစ်သည်။ ဒီဇင်ဘာ ၁၅ ရက်မှာ ရခိုင်ပြည်နယ်နေ့ဖြစ်ပြီး ရခိုင်ပြည်သူများအဖို့ ဂုဏ်ယူအပ်သောနေ့တစ်နေ့လည်းဖြစ်သည်။ နှစ်စဉ်ကျရောက်မြဲဖြစ်သော ရခိုင်ပြည်နယ်နေ့ကို ရခိုင်ပြည်သူတို့ ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပခဲ့ကြသည်။ ရခိုင်ပြည်နယ်နေ့ သည် ရခိုင်ပြည်သူများအဖို့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ကျူးပြသသည့် နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားများနည်းတူ ပြည်နယ်အလံ၊ ပြည်နယ်တံဆိပ်၊ ပြည်နယ်အမျိုးသားဝတ်စုံများဖြင့် မိမိတို့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းဖော်ပြကြသည်။
Dec 15, 2023
ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူငယ်များကို နိုင်ငံတော်၏ အရန်အင်အားအဖြစ် သတ်မှတ်လေ့ရှိသည်။ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းတာဝန်ယူ နိုင်ရန်လည်း လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ်အကောင်အထည်ဖော်၍ စနစ်တကျ မွေးမြူလေ့ကျင့်ပျိုးထောင်ပေးလေ့ရှိကြသည်။ သို့ရာတွင် တစ်ဖက်ကလည်း ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများက မိမိအာဏာရရှိရေး၊ မိမိအာဏာတည်မြဲရေးအတွက် လူငယ်ထုကို မြှောက်ပင့်သွေးထိုးလှုံ့ဆော်ကာ လူငယ်တို့၏ နိုးကြားတက်ကြွသော အားမာန်အပေါ် တလွဲအသုံးချ၍ လမ်းမှားပေါ်သို့ တွန်းပို့တတ်ကြပြန်ပါသည်။
Dec 15, 2023
မြန်မာ့တိုင်းရင်းဆေးပညာသည် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် စသည့်ခေတ်ကာလများကတည်းက သမိုင်းအထောက်အထား ခိုင်မာစွာတည်ရှိခဲ့သည့် ဆေးပညာတစ်ရပ်ဖြစ်ပါသည်။ မြန်မာလူမျိုးတို့သည် မိမိတို့၏ မိရိုးဖလာတိုင်းရင်းဆေးကို သုံးစွဲခဲ့ကြသည့်အပြင် ဘဝရှင်သန်ရေးအတွက် လက်လှမ်းမီရာ ဆေးမြီးတိုများကိုလည်း သုံးစွဲကြသည်။
Dec 14, 2023
ဆောင်းပါး
အရှေ့တောင်အာရှက ဧရိယာအသေးငယ်ဆုံး အရှေ့တီမော၊ တရားဝင်အမည် တီမောလက်စတေ ဆိုတဲ့ ကျွန်းနိုင်ငံငယ်ဟာ စတုရန်းမိုင်အားဖြင့် ၅၇၄၃ စတုရန်းမိုင်ပဲရှိပြီး လူဦးရေက ၁ သန်း ၁ သိန်းပဲရှိပါတယ်။ ပေါ်တူဂီကိုလိုနီလက်အောက်ခံ နိုင်ငံဖြစ်ခဲ့ဖူးတဲ့ တီမောဟာ အင်ဒိုနီးရှားလက်အောက် ကနေ ၂၀၀၂ ခုနှစ်ကမှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံ ပါ။ ၁၁ နိုင်ငံမြောက် အာဆီယံနိုင်ငံအဖွဲ့ဝင်အဖြစ် ၂၀၂၂ ခုနှစ်ကမှ မူအားဖြင့် သဘောတူထားပြီးဖြစ်တဲ့ အရှေ့တီမောဟာ သမိုင်းကြောင်းမထင်မရှားနဲ့ သမိုင်းမှတ်တမ်းမှတ်ရာ များများစားစား မတွေ့ ရတဲ့နိုင်ငံပါ။ အင်ဒိုနီးရှားတို့ သိမ်းပိုက်ထားစဉ်ကာလမှာ အကြမ်းဖက်မှု အတော်များများဖြစ်ခဲ့ပြီး ယခု လွတ်လပ်ရေးရပြီးနောက်မှာလည်း ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဆဲပါပဲ။
Dec 14, 2023
မျက်မှောက်ခေတ် နိုင်ငံတကာမျက်နှာ စာတွေမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး စတဲ့ခေါင်းစဉ်တွေနဲ့ စွပ်စွဲမှုအမျိုးမျိုး အသုံးပြုလို့ နိုင်ငံနဲ့လူမျိုးပုံရိပ်တွေကို ဆိုးရွားအောင် ပုံဖော်ကြတာ၊ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေမှာ ဝင်ရောက် စွက်ဖက်ခြယ်လှယ်ဖို့ အားထုတ်နေကြ တာတွေကို စိတ်ပျက်ဖွယ် မြင်တွေ့နေရပါတယ်။
Dec 13, 2023
ဆောင်းပါး
အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ ၅၀ ရာခိုင်နှုန်းကို PDF တွေက ကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။ အကြိမ်အရေအတွက်အားဖြင့် ၁၉၈ ကြိမ်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုကျူးလွန်မှုအများဆုံးနဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးရသူအများဆုံး (Top 10 Countries With the Most Terrorist Incidents, 2022) ၁၀ နိုင်ငံမှာ ပါဝင်နေတာကို Country Reports on Terrorism 2022 အစီရင် ခံစာမှာ တွေ့ရပါတယ်။