Dec 01, 2023

လောကဇာတ်ခုံ ဤလူ့ဘုံတွင် အမျိုးသားအမျိုးသမီးဟူ၍ ဒွိဟံဒွိဟံရှိနေကြသည်။ သို့သော် အမျိုးသားတို့က မဟာအဖိုဝါဒစွဲကိုင်ကာ အမျိုးသမီးတို့အား နှိမ့်ချဆက်ဆံတတ်ကြသည်။ စင်စစ်အားဖြင့် အဖို (ယောက်ျား)က မြတ်သည်၊ အမ (မိန်းမ)က မြတ်သည်ဆိုခြင်းများမှာ ငြင်းခုံရန်မသင့်သောအချက် ဖြစ်သည်။ အကြောင်းမှာ အမျိုးသမီးများသည်လည်း သူ့ကဏ္ဍနှင့်သူ စွမ်းဆောင်နိုင်သူများ ဖြစ်သောကြောင့်ပင်။ ပုခက်လွှဲသောလက်သည် ကမ္ဘာကို အုပ်စိုးနိုင်၏ဟူသောအဆိုသည် အမျိုးသမီးတို့၏ ကြီးမားသောဂုဏ်ရည်ကို ဖော်ကျူးခြင်းဖြစ်သည်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ မတူညီမှုအရ လုပ်ငန်းတာဝန်များ ကွဲပြားနေသော်လည်း အမျိုးသမီးများသည် သူ့အခန်းကဏ္ဍအလိုက် အရေးပါသည်သာဖြစ်သည်။ ထိုသို့ အရေးပါသူများကို ခွဲခြားဆက်ဆံမှုမပြုသင့်သကဲ့သို့ ယောက်ျားမာန်ကိုး၍ အမျိုးမျိုးအကြမ်းဖက်နှိပ်စက်မှုများလည်း မပြုသင့်ပေ။ အမျိုးသမီးများကို တစ်ဦးချင်းကဖြစ်စေ၊ အုပ်စုလိုက်ကဖြစ်စေ အကြမ်းဖက်မှုများ မဖြစ်ပေါ်ရေးအတွက် ကျွန်ုပ်တို့အားလုံး ပါဝင်လှုပ်ရှားကာကွယ်ဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။
Dec 01, 2023

နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့သည် စာဆိုတော်နေ့ဖြစ်သည်။ ယင်းစာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ် ဂျပန်ခေတ်တွင် သူကြီးဂေဇက်ဦးခင်မောင်က ဦးဆောင်၍ ဦးအုန်းဖေ(ဆရာတက်တိုး)၊ ဦးတင်ဦး၊ အမြတ်ခွန်မင်းကြီးဦးယုဆိုင်၊ ကက်သရင်းဒေါ်ခင်ခင်၊ ပညာရေးဝန်ကြီးဦးလှမင်း၊ ဒီးဒုတ် ဦးဘချို၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးကောင်း၊ သူရိယဦးသိမ်းမောင်၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဇဝန၊ မြို့မဆရာဟိန်စသော မြန်မာနိုင်ငံစာရေးဆရာများအသင်း အမှုဆောင်အဖွဲ့နှင့် စာပေဆိုင်ရာလူကြီးများ ညှိနှိုင်းသတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ စာဆိုတော်နေ့ကို စာရေးဆရာများအသင်းဖွဲ့စည်းပြီးနောက် လေးနှစ်မြောက်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
Dec 01, 2023

လူ၏ ခန္ဓာကိုယ်သည် ကိုယ်အင်္ဂါအစိတ်အပိုင်းများအပေါ် တည်မှီ၍ လှုပ်ရှားရပေသည်။ လူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ချို့ယွင်းပါက ခန္ဓာကိုယ်တွင် စွမ်းအားလျော့သွားတတ်သည်။ ဤသို့ အမြင်၊ အကြား၊ အပြောအဆို၊ အသွားအလာ လှုပ်ရှားမှုတစ်ခုခု အားနည်းသွားလျှင် ရုပ်ပိုင်းထိခိုက်မှုမှသည် စိတ်ပိုင်းစိုးရိမ်စိတ်နှင့်အတူ မိမိကိုယ်ကို လူစဉ်မမီတော့ဟု အတွေးများစွာ စိတ်ဓာတ်ကျဆင်းလာတတ်သည်။ ထိုအချိန်တွင် မိသားစုနှင့် လူ့အသိုင်းအဝိုင်း၏ အားပေးကူညီမှုသည် မသန်သူများ အစွမ်းထက်လာစေနိုင်ပါသည်။
Dec 01, 2023

သံလွင်ကို စကူးတဲ့နေ့က ၁၉၇၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ပဲ။ ဒီနေရာမှာ ကစထမှူး ကြီး ဗိုလ်ချုပ်ကြီးထွန်းရီ ညွှန်ကြားခဲ့တာက “ခင်ဗျား သံလွင်ကိုကူးပြီးရင် တွေ့တဲ့ရန်သူတိုက်ဖို့က ပြဿနာမဟုတ်ဘူး၊ တပ်တွေကလည်း အတွေ့အကြုံရှိတယ်၊ ခင်ဗျားကလည်း အတွေ့အကြုံရှိတယ်၊ ပူစရာမလိုဘူး၊ သံလွင်ကို ကူးနိုင်ဖို့က အဓိကပဲ၊ Normandy Landing လို့ သဘောထား၊ လုံးဝမပေါ့နဲ့” ဆိုတာပါပဲ။
Nov 30, 2023

မင်းရန်အောင်ဟု ဝိဂြိုဟ်ပြုလိုက်သည်နှင့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့နယ် မက်မန်းမြို့လေးမှာ တည်ရှိနေသော လင်္ကာဒီပဘုန်းတော်ကြီးကျောင်းအနီး ကုန်းတော်ပေါ်က မင်းရန်အောင်စေတီတော်မြတ်ကို ရည်ညွှန်းဦးခိုက်လိုက်တာလည်း ဖြစ်နိုင်သည်။ မင်းရန်အောင်စစ်ဆင်ရေးဖြင့် ရှေ့တန်းအမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း တပ်ဖွဲ့များက ၁၉၇၉ ခု နိုဝင်ဘာလ ၂၃ ရက်နေ့၌ သံလွင်မြစ်ကူးစစ်ဆင်ရေးကြီး စတင်ဆင်နွှဲပြီး မော်ဖဒေသအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ခဲ့ကြသည့် ဖြစ်စဉ်ပန်းချီကားကို ပြန်လည် ခြယ်မှုန်းပြတာလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့တည်းမဟုတ် အဆိုပါမော်ဖဒေသတွင် နှစ်ပေါင်း ၂၀ ကျော် ဝင်ရောက်ခြေကုပ်ယူထားပြီး လွယ်လ၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများအပေါ် ဖိနှိပ် ခြယ်လှယ်နေသည့် ဗကပတို့ကို အောင်မြင်စွာ ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် တည်ပေးခဲ့သော မင်းရန်အောင်ကျေးရွာလေးနှင့် တစ်စုံတစ်ရာ ပတ်သက်နေတာလည်း ဖြစ်တန်ရာ၏။
Nov 30, 2023

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်၊ လူဦးရေ တစ်ဘီလီယံကျော်ခန့်သည် မသန်စွမ်းမှုပုံစံဖြင့် နေထိုင်ကြသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် Myanmar Inter-Censal Survey က ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း (ခန့်မှန်းခြေလူဦးရေ ၅ ဒသမ ၉ သန်း) သည် မသန်စွမ်းသူများ ဖြစ်သည်။
Nov 30, 2023

ကျွန်တော်တို့နေထိုင်ရာ သဘာဝလောကကြီးဟာ မတူညီတဲ့အလှတရားတွေ၊ အရည်အသွေးတွေနဲ့ ဖန်တီးထားပါတယ်။ သဘာဝတရားရဲ့ အံ့မခန်းဖန်တီးမှုပါ။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိ၊ သက်မဲ့တွေကို ကြည့်ကြည့်ပါ။ အရောင်အသွေးစုံလင်လှတဲ့ သဘာဝအလှတရားတွေဟာ သူ့အဆင်း၊ သူ့အချင်းနဲ့ လှပတန်ဖိုးရှိနေကြတာချည်းပါပဲ။
Nov 29, 2023

အခုဆောင်းပါးမှာ ညစ်နွမ်းနေတဲ့စိတ်၊ တစ်နည်းစိတ်ရဲ့အညစ်အကြေးတွေကို ဘယ်လို ဖြူစင်အောင် လုပ်ရမလဲဆိုတာကို ရေးသားသွားမှာပါ။ တချို့သောပုဂ္ဂိုလ်တွေကတော့ တရားထိုင်ပါလို့ တိုက်တွန်းမှာပေါ့။ ပါမောက္ခချုပ်ဆရာတော်ကြီးကတော့ မိမိစိတ်ကိုဆင်ခြင်ခြင်း (Contemplation) ဟာအလွန်အရေးကြီးတယ်၊ တရားထိုင်ပြီး သမာဓိထူထောင်ခြင်း (Concentration) လုပ်တာထက် ပိုမိုအကျိုးရှိစေတယ်လို့တောင် ဟောကြားခဲ့ဖူးပါတယ်။
Nov 29, 2023

နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့(International Day of Persons with Disabilities) အဖြစ် ကုလသမဂ္ဂက ၁၉၉၂ ခုနှစ်မှစ၍ သတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှအခွင့်အရေးရရှိရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးထားဂရုပြုတတ်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ၁၉၉၄ ခုနှစ်မှ စတင်ပြီး အစဉ်အလာမပျက်ကျင်းပခဲ့သည်မှာ ၂၀၂၂ ခုနှစ်တွင် (၂၉) ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်သည်။
Nov 29, 2023

“လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းခွဲထွက်မနေပါ” ဆိုသည့်အတိုင်း ဤကမ္ဘာလောကကြီးတွင် လူသားဟူ၍ ဖြစ်တည်လာသည့်အချိန်မှစ၍ တစ်ဦး တစ်ယောက်တည်း ရပ်တည်လာသည်မဟုတ်။ အမျိုးသားနှင့် အမျိုးသမီးဟူသော မျိုးကွဲနှစ်မျိုးဖြင့် ကမ္ဘာဦးအစမှ ဖြစ်တည်ခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် “မျိုးဆက်” ဟူသော ဝေါဟာရဖြင့် မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း စသည်တို့ဖြင့် အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တို့မှသည် ကျယ်ပြန့်သော လူသားကမ္ဘာတစ်ခုလုံးနှင့် ပေါင်းသင်းဆက်ဆံနေထိုင်ကြရသည်။