Mar 05, 2024
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အုပ်ချုပ်မှုအောက်တွင်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေး သည့် အထင်ကရတက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ ယခင်က ဖောင်ကြီးသင်တန်း ဟု အများခေါ်ဆိုကြသော ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဖြစ် သည်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာ ပြည်)ကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ဟု အမည်ပြောင်းလဲခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့မှမြောက်ဘက် ၁၈ မိုင်၊ ရန်ကုန်မြို့မှ မိုင် ၅၀ ခန့်အကွာ ဖောင်ကြီးကျေးရွာအနီးတွင်တည်ရှိပြီး ၁၉၆၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရာ ကျောင်းဖြစ်၍ ဇွဲရှိမှု၊ ခံနိုင်ရည်ရှိမှု၊ ကြံ့ခိုင်မှု၊ သည်းခံမှုနှင့် စည်းကမ်းသေဝပ်မှုစသည့်အရည်အချင်းများကို လေ့ကျင့်မွေးထုတ်ပေးရာ ကျောင်းတော်ကြီးဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် စီမံဘဏ္ဍာဌာနကြီးနှင့် သင်ကြားရေးဌာနဟူ၍ ဖွဲ့စည်းထားပြီး သင်ကြားရေးဌာနကြီး တွင် ပညာဌာနရှစ်ခုဖြစ်သော စီမံခန့်ခွဲမှုပညာဌာန၊ စီးပွားရေးပညာဌာန၊ နိုင်ငံရေးသိပ္ပံပညာဌာန၊ လူမှုရေးသိပ္ပံပညာဌာန၊ ဥပဒေပညာဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာန၊ အင်္ဂလိပ်ဘာသာပညာဌာနနှင့် ကာကွယ်ရေးပညာဌာနဟူ၍ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
Mar 05, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Mar 05, 2024
မြန်မာနိုင်ငံသည် ကမ်းရိုးတန်းအရှည် ၁၂၆၀ ဒသမ ၀၅၆ ရေမိုင်ကို ပိုင်ဆိုင်ထားပြီး အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်တို့နှင့် ဆက်စပ်ပင်လယ် ရေလမ်းကြောင်းများရှိခြင်းကြောင့် ရေကြောင်းဆိုင်ရာအကျိုးစီးပွားဖော်ဆောင်မှုအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် များစွာအရေးပါသည့်အားလျော်စွာ ရေကြောင်းကုန်သွယ်မှုသည်လည်း အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
Mar 04, 2024
ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက် (Need)နှင့် လိုချင်မှု (Want)ကို ခွဲခြားနိုင်ရန် စနစ်တကျစိစစ်ရန်လိုအပ်သလို တကယ်လိုအပ်သည့်နေရာ၊ လိုအပ်သည့်လုပ်ငန်းလုပ်နိုင်ရန်အတွက် စီမံကိန်း လျာထားမှုမှာ လိုအပ်ချက်အလိုက် ဦးစားပေးအစီအစဉ်နှင့် အံဝင်ခွင်ကျဖြစ်ရန် လျာထားဆောင်ရွက်နိုင်ရေး အလွန်အရေးကြီးပါသည်။ ထို့ကြောင့်ဦးစားပေးရွေးချယ်ခြင်းဗျူဟာ (Targeting Strategy) ကို ကျေးလက်ဖွံ့ဖြိုးရေး မူဘောင်တွင် ချမှတ်ရေးဆွဲဆောင်ရွက်နေခြင်းဖြစ်ပါသည်။
Mar 04, 2024
ယနေ့ဖွံ့ဖြိုးတိုးတက်လျက်ရှိသော၊ ဖွံ့ဖြိုးပြီးသောနိုင်ငံများသည် လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားရေးကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ အရင်းအမြစ်များအနက် လူ့စွမ်းအား အရင်းအမြစ်သည် ရေရှည်သုံးနိုင်စွမ်းသောအရင်းအမြစ်ဖြစ်သည်။ ထိုလူ့စွမ်းအားအရင်းအမြစ်များကို ရရှိနိုင်သည့် သေချာသည့် အုပ်စုတစ်စုမှာ ယနေ့လူငယ်များပင်ဖြစ်သည်။
Mar 04, 2024
ဗောက်သီးပင်ဟာ တစ်ရာသီခံ ပင်ပျော့အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာ အများဆုံး တွေ့ရှိရပါတယ်။ ဗောက်သီးပင်ကို အညာဒေသမှာ ဗောက်လောက်ပင်လို့ ခေါ်ဆိုကြပြီး ခရမ်းပင်၊ ခရမ်းချဉ်ပင် အမျိုးအစားထဲမှာပါဝင်ကြောင်း သိရပါတယ်။ အအေးပိုင်းဒေသမှာ ပေါက်ရောက်တဲ့ ဗောက်သီးပင်တွေဟာ အလုံးအရွယ်အစား ပိုကြီးပြီး အရောင်ပိုရင့်တတ်သည်လို့ သိရပါတယ်။ ဗောက်ပင်ကို ထိုင်း၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေအနက် အိန္ဒိယနိုင်ငံမှာ ဗောက်သီးအမျိုးအစားများစွာ စိုက်ပျိုးကြပြီး၊ စိုက်ပျိုးတဲ့ အမျိုးအစားပေါ်မူတည်ပြီး အရွယ်အစားနဲ့ အရောင်ကွဲပြားသွားကြောင်း လေ့လာသိရှိရပါတယ်။
Mar 04, 2024
ခွန်အားကြီးမားသော ဆင်များကို မြန်မာနိုင်ငံတွင် ဌာနပိုင်ဆင်များ (Domesticated Elephants) အဖြစ်လည်းကောင်း၊ တောဆင်ရိုင်းများ (Wild Elephants) အဖြစ်လည်းကောင်း တွေ့မြင်နိုင်သည်။ ဌာနပိုင်ဆင်များကို အဓိကအားဖြင့် သစ်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ တောဆင်ရိုင်းဖမ်းဆီးခြင်း၊ နိုင်ငံတော်အခမ်းအနားများ၊ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုကြသည်။
Mar 04, 2024
လူမှန်သမျှ စား၊ ဝတ်၊ နေရေးနဲ့ မကင်းနိုင်ကြပါဘူး။ မကင်းနိုင်တဲ့အတွက် ကုန်စည်တွေ၊ ဝန်ဆောင်မှုတွေကို ရယူ၊ သုံးစွဲကြရသလို တစ်ဖက်မှာလည်း ဒီကုန်စည်တွေ၊ ဝန်ဆောင်မှုတွေကို ထုတ်လုပ်၊ ရောင်းချ၊ ဝန်ဆောင်မှုပေးနေကြရပြန်ပါတယ်။ စားသုံးသူဖြစ်လိုက်၊ ထုတ်လုပ်၊ ရောင်းချသူ၊ ဝန်ဆောင်မှုပေးသူ ဖြစ်လိုက်နဲ့ပါ။ စားသုံးသူ ကာကွယ်ရေးဥပဒေအရတော့ စားသုံးသူဆိုတာ ကုန်စည်၊ ဝန်ဆောင်မှုကို ရောင်းဝယ်ဖို့ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းပြုဖို့မဟုတ်ဘဲ ကိုယ်တိုင်သုံးဖို့ဖြစ်ဖြစ်၊ တခြားလူအတွက်ပဲဖြစ်ဖြစ် ရည်ရွယ်ပြီး ဝယ်တဲ့၊ သုံးတဲ့၊ ရယူတဲ့၊ ကုန်စည်ချေးငှားတဲ့၊ ပေးကမ်းထောက်ပံ့ခံရတဲ့သူကို ဆိုလိုပါသတဲ့။ အလွယ်နည်းမှတ်ရရင်တော့ လူတိုင်းလူတိုင်းဟာ စားသုံးသူတွေပါပဲ။
Mar 04, 2024
အိမ်ထောင်စုတစ်ခုအတွက် မီးဖိုချောင်စရိတ်က အဓိကဟုပြောရမည်ထင်ပါသည်။ အသက်ရှင်ရပ်တည်ရေးအတွက် စားဝတ်နေရေးလိုအပ်သည်။ စားဝတ်နေရေးတွင် စားရေးက ထိပ်ဆုံးလိုအပ်ချက် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဝင်ငွေရှာကြသည့်အခါ စားစရိတ်ဖန်တီးရခြင်းက ပင်မဖြစ်လာပါသည်။ မီးဖိုချောင်စရိတ်ခေါ် စားစရိတ်ကိုကြည့်လျှင် အခြေခံစားသောက်ကုန် ကိုးမျိုးအတွက် မဖြစ်မနေကုန်ကျ ကြပါသည်။ ဆန်၊ စားဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ အသားနှင့်ငါးများ၊ ကြက်ဥ၊ ဘဲဥများ၊ ပဲမျိုးစုံ အစို/အခြောက်များနှင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များဖြစ်ကြပါသည်။ ဤကိုးမျိုးတွင် စားဆီသည် အရေးကြီးမှုအဆင့်အနေဖြင့် နံပါတ်နှစ်တွင်ရှိပါသည်။ ဆန်ကမူ မရှိမဖြစ်လိုအပ်ချက်ဖြစ်သကဲ့သို့ ဆီမှာလည်း လူ၏ ကျန်းမာရေးနှင့် လိုအပ်သောစွမ်းအင်အတွက် ဆီကိုစားသုံးကြရပါသည်။ ဆီမပါလျှင် မဖြစ်သည့် မီးဖိုချောင်စရိတ်တွင် ဆီဈေးနှုန်းများသည် ယခင်နှစ်က များစွာဈေးတက်ခဲ့သည်ကို တွေ့ကြုံခဲ့ရပြီး ဖြစ်ပါသည်။ ယခုနှစ်တွင်တော့ ထိုသို့မြင့်တက်ခြင်း မဖြစ်စေလိုပါ။
Mar 03, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြောင်းလဲနေသောခေတ်စနစ်နှင့်အညီ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့်ကဏ္ဍများ၏ တိုးတက်ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
