Feb 29, 2024
အဂတိသည် ဆင်းရဲမွဲတေခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းများ၏ အကြောင်းတရားများအနက် တစ်ခုဟု ဆိုကြသည်။ သို့သော် ၎င်းအဂတိသည် ဖွံ့ဖြိုး တိုးတက်ပြီးသော နိုင်ငံများတွင်လည်း အဘယ့်ကြောင့် အမြစ်တွယ်လှိုက်စားတတ်သော မကောင်းမှုကြီးတစ်ခု ဖြစ်နေရပြန်သနည်း။
Feb 28, 2024
စာရေးသူတာဝန်ထမ်းဆောင်တာက နေပြည်တော်မှာ၊ မိသားစုက ရန်ကုန်မှာ၊ ကလေးတွေ ကျောင်းတက်တာက ရန်ကုန်မှာဆိုတော့ မိသားစုဘဝနဲ့ အလုပ် ကိစ္စများကို အချိုးညီမျှတစွာ ဆောင်ရွက်ဖို့ရာ အလွန်ခက်ခဲခဲ့ပါတယ်။ မောင်တစ်ရွာ၊ မယ်တစ်မြို့ပေါ့။ ကလေးတွေ ပုံမှန်နွေရာသီ ကျောင်းပိတ်ချိန်၊ နေ့ကြီးရက်ကြီး ကျောင်းပိတ်ရက်များမှာ အမျိုးသမီးက ခွင့်ယူပြီး မိသားစု နေပြည်တော်မှာ ဆုံကြရတာများပါတယ်...
Feb 28, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Feb 27, 2024
သွားနေကျလမ်းဖြစ်ပေမယ့် သတိမထားခဲ့တာဘဲဖြစ်ပါလိမ့်မယ်။ ရန်ကုန်ဘက်ကမ်းကို ကူးသွားတိုင်း မကြည့်ဖြစ်ခဲ့ပါ။ ဒီတစ်ကြိမ်မှာတော့ ဟိုကြည့်ဒီကြည့်နဲ့ တွေ့လိုက်ရတဲ့မြင်ကွင်းပါပဲ။ ဒလဘက်ကမ်း ဆိပ်ခံဗောတံတားအနီးအနား ရန်ကုန်မြစ်ကမ်းဘေးမှာ ရေအတက်နဲ့မျောလာပြီး ရေကျမှာတင်ကျန်ရစ်ခဲ့တဲ့ အမှိုက်တွေပါပဲ။ အမှိုက်တွေမှမျိုးစုံပါ။ အဝတ်စုတ်၊ သစ်ရွက်၊ ကော်ဘူးတွေ၊ ပလတ်စတစ်အိတ်စုတ်တွေနဲ့ မြင်မကောင်းအောင်ကို ဖြစ်လို့နေပါတယ်။ ဒီအထဲမှာမှ အအေးဘူး၊ ရေသန့်ဘူးအရွယ်စုံ၊ တစ်ခါသုံးကော်ဘူး (ဖော့ဘူး၊ ဖော့ခွက်)နဲ့ ပလတ်စတစ်အိတ်ခွံတွေ၊ ကြွပ်ကြွပ်အိတ်စုတ်တွေဟာ အဆိုးဆုံးဖြစ်နေတာပါ။
Feb 27, 2024
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များသည် မြန်မာနိုင်ငံတွင်လည်း သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့် လိုက်လျောညီထွေရှိသည့် စိုက်ပျိုးရေးကဏ္ဍ ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်လျက်ရှိနေပါသည်။
Feb 27, 2024
တပို့တွဲလသည် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သည်။ ညဉ့်အချိန်တွင် နှင်းမှုန်ဖြူလွလွ ကလေးများက ဇာပဝါလိုခြုံလွှမ်းထားပြီး လွန်စွာချမ်းအေးလှသဖြင့် “နှာရည်ယိုရွှဲ တပို့တွဲ” ဟုခေါ်ဆိုကြသည့်အတိုင်း အပူနှင့်အအေး လွန်ဆွဲနေသည့်ကာလလည်းဖြစ်ပါသည်။ တပို့တွဲလသည် ဆောင်းအကုန် နွေအကူးလဖြစ်သည် တပို့တွဲလတွင် ပေါက်ပန်း၊ လဲပန်းများနှင့် ဆူးပန်းများ ပွင့်လေ့ရှိကြပြီး ရဲရဲနီသော ပေါက်ပွင့်တို့က တပို့တွဲလ၏ ထင်ရှားသည့် အလှတစ်ပါးပင် ဖြစ်သည်။ ဆောင်းရာသီ၏ ငွေရောင်အခင်းအကျင်းအောက်တွင် နီရဲနေသော ပေါက်ပန်းများကို ကြည့်ရသည်မှာ ပန်းချီကားတစ်ချပ်လိုပင် ဖြစ်နေသည်။
Feb 27, 2024
တက္ကသိုလ်အရန်တပ်ရင်း (UTC) ကို ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်စဉ်က စစ်ပညာသင်ကြားရန် ဝါသနာပါသော ကျောင်းသားကျောင်းသူများ၊ ပထမကမ္ဘာစစ်မှ စစ်ပြန်များနှင့် ဖွဲ့စည်းခဲ့ပြီး စစ်ရေးပြသင်တန်းများကို ဗြိတိသျှစစ်တပ်က ပို့ချခဲ့သည်။ ထိုစဉ်ကတက္ကသိုလ် အပျော်တမ်းတပ်ဟုခေါ်ဆိုပြီး တပ်ဖွဲ့ဝင်များမှာ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘုရင်ခံအပါအဝင် ဂုဏ်ထူးဆောင်ဧည့်သည်များကို စစ်ရေးပြအခမ်းအနားဖြင့် ကြိုဆိုရခြင်းဖြစ်သည်။
Feb 27, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Feb 26, 2024
ရဲယံ
Feb 26, 2024
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ကျိုက်လတ်မြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့အတွင်း နွေစပါးစိုက်ပျိုးပြီးစီးမှုများကို ကွင်းဆင်းလေ့လာ သတင်းစကားရယူလိုသောကြောင့် စာရေးသူတို့အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့မှ သူငယ်ချင်း၏ မော်တော်ယာဉ်ဖြင့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွင်းဆင်းခရီးသွားရောက်ခဲ့သည်။
