Skip to main content
Oct 02, 2023
ဆောင်းပါး
၁၃၈၅ ခုနှစ် ပထမဝါဆိုလပြည့်နေ့ကို အင်းဝခေတ်စာဆိုအကျော် ရှင်မဟာရဋ္ဌသာရ၏ (၅၅၅) နှစ်ပြည့်အဖြစ် သတ်မှတ်ကြသည်။ ထိုခေတ်က မြန်မာစာပေလောက၏ ဂန္ထဝင်မြောက် ခေတ်ပြိုင်စာဆိုရှင် ဆရာတော်ရှင်မဟာရဋ္ဌသာရနှင့်အတူ စာပေလောက၌ ထင်ရှားခဲ့သည့် စာဆိုအကျော်အမော်များအနက် စာဆိုအရှင်မဟာသီလဝံသထေရ်သည်လည်း တစ်ပါးအပါအဝင်ဖြစ်ပေရာ ယခုနှစ်သည် ယင်းစာဆိုရှင်၏ နှစ် (၅၇၀) ပြည့်လည်း ဖြစ်သည်။
Oct 01, 2023
ဆောင်းပါး
အရှေ့တောင်အာရှရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်၏တောင်ပိုင်းတွင်တည်ရှိပြီး ဧရိယာအားဖြင့် ၁၈၁၀၃၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ကမ္ဘောဒီးယားနိုင်ငံသည် အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံနှင့် အနောက်တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့တို့နှင့် ထိစပ်လျက်ရှိသည်။ လူဦးရေ ၁၅ သန်းကျော်ရှိသည့်အနက် ခမာလူမျိုး ၉၆ ရာခိုင်နှုန်းခန့် နေထိုင်ပြီး လူနည်းစုမှာ ဗီယက်နမ်၊ တရုတ်၊​ ချမ်နှင့် တောင်ကုန်းနေလူမျိုးစုများဖြစ်ကြသည်။
Oct 01, 2023
ဆောင်းပါး
ခေတ်သစ်ဆေးပညာတွင် ကျန်းမာရေးသိပ္ပံ၊ ဇီဝဆေးပညာသုတေသနနှင့် ကျန်းမာရေးနည်းပညာတို့ကိုအခြေပြု၍ ဆေးပေးခြင်း၊ ခွဲစိတ်ခြင်းနှင့် အခြားကုသမှုနည်းလမ်းတို့ဖြင့် ထိခိုက်မှုဆိုင်ရာ၊ ရောဂါဗေဒဆိုင်ရာတို့ကို ဆန်းစစ်မှုနှင့် ကုသရန် အသုံးပြုလာခဲ့ကြသည်။ ဆေးပညာ၏ ဖခင်ကြီးဖြစ်သော “ဟစ်ပိုကရေးတီး (Hippocrates) က ဆရာဝန်များလိုက်နာရန် ကျင့်ဝတ်နှင့် ကျမ်းကျိန်လွှာဖြစ်သော ဟစ်ပိုကရေးတစ် အုတ်သ် (Hippocratic Oath) ကို စတင်မိတ်ဆက်ခဲ့သူဖြစ်ပြီး ယနေ့တိုင် ထိုကျမ်းကျိန်လွှာကို အသုံးပြုလျက်ရှိသည်။
Oct 01, 2023
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ခေတ်နှင့်အညီ အဆင့်ဆင့်ပြောင်းလဲ တိုးချဲ့ဖွဲ့စည်းလာခဲ့သည့်အပြင် ထိုနေ့ကိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြပါသည်။ သို့ဖြစ်၍ ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့သည် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဖြစ်ပါသည်။
Sep 30, 2023
ဆောင်းပါး
ပင်လယ်သမုဒ္ဒရာများနှင့် ကမ်းရိုးတန်းဒေသများသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဂေဟစနစ်ကြီးဖြစ်ပြီး လူသားတို့အတွက် အဖိုးတန်လှသော သဘာဝအမွေအနှစ်ဖြစ်ပါသည်။ ကမ္ဘာမြေမျက်နှာပြင်ဧရိယာ၏ ၇၀ ရာခိုင်နှုန်းကျော်ကို ရေမျက်နှာပြင်ဖြင့် ဖုံးလွှမ်းထားသောကြောင့် ကမ္ဘာပေါ်ရှိလူသားများနှင့် သက်ရှိများအတွက် အလွန်အရေးပါလှပါသည်။ သန်းပေါင်းများစွာသော လူသားများ၏ အသက်မွေးဝမ်းကျောင်းနှင့် စားရေရိက္ခာဖူလုံရေးအတွက်လည်း များစွာအထောက်အကူပြုလျက်ရှိပါသည်။
Sep 30, 2023
သင်ရိုးကို ပညာရှင်များ ရေးဆွဲခဲ့စဉ် က “သိ” ဖို့ သက်သက်လောက်သာ ရပ်တန့်ထားရန် မဟုတ်ပါ။ မိမိဝန်းကျင်၌ ဆက်လက် “အသုံးချ” တတ်ရန်အဓိကပါ။ အသုံးချသည် ဆိုရာတွင်လည်း “စာမေးပွဲမှာဖြေဖို့”ဟု နိမ့်နိမ့်ကျကျ မမှတ်ယူသင့်ပါ။ လူတစ်ဦးချင်းစီ၏ ဘဝအောင်မြင်ရေးနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးအတွက် အသုံးချရန်ပါ။ ဆိုလိုသည်မှာ စာအုပ်ထဲမှသင်ခန်းစာသည် စာမေးပွဲတွင် အဆုံးသတ်ခဲ့သည့် အဖြစ်မျိုးမဟုတ်ပါ။ “ကျောင်းနံရံ” ထဲတွင်သာ ချန်ထားခဲ့ရန် မဟုတ်ပါ။
Sep 30, 2023
ဆောင်းပါး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးလျက်ရှိပြီး ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် လိုအပ်သည့်သွင်းအားစုများ၊ နည်းပညာ၊ စက်ကိရိယာနှင့် အရင်းအနှီးများ ကူညီဆောင်ရွက်ပေးနေသည်။ ထို့အပြင် သစ်အချောထည်ပစ္စည်းများကို နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ တင်ပို့လိုခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
Sep 30, 2023
ဆောင်းပါး
စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာသည် စည်းရုံးရေးဩဇာရော ပညာပေးဩဇာပါ အစွမ်းထက်မြက်လှသော လူထုဆက်သွယ်ရေးကိရိယာဖြစ်သည်။ သရုပ်မှန်အနုပညာသည် တိုင်းကျိုးပြည်ပြု ပြည်သူ့အနုပညာပင်ဖြစ်သည်။ သရုပ်မှန်အနုပညာသည် ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ်ထက်သန်ရေးနှင့် ဇာတိသွေးဇာတိမာန်ရှင်သန်မှုကို ရှေးရှုပါသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးကို များစွာအထောက်အကူပြုပါသည်။ သရုပ်မှန်အနုပညာတွင် ရသမြောက်သော ဖြေဖျော်မှုများပါဝင်ပြီး အမျိုးသားရေးကို သွေဖည်ဆန့်ကျင်ခြင်း လုံးဝမရှိပါ။
Sep 29, 2023
သင်ရိုးကို ပညာရှင်များ ရေးဆွဲခဲ့စဉ်က “သိ” ဖို့ သက်သက်လောက်သာ ရပ်တန့်ထားရန်မဟုတ်ပါ။ မိမိဝန်းကျင်၌ ဆက်လက် “အသုံးချ” တတ်ရန်အဓိကပါ။ အသုံးချသည် ဆိုရာတွင်လည်း “စာမေးပွဲမှာဖြေဖို့” ဟု နိမ့်နိမ့်ကျကျ မမှတ်ယူသင့်ပါ။ လူတစ်ဦးချင်းစီ၏ ဘဝအောင်မြင်ရေးနှင့်လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် အသုံးချရန်ပါ။ ဆိုလိုသည်မှာ စာအုပ်ထဲမှသင်ခန်းစာသည် စာမေးပွဲတွင် အဆုံးသတ်ခဲ့သည့်အဖြစ်မျိုးမဟုတ်ပါ။ “ကျောင်းနံရံ” ထဲတွင်သာ ချန်ထားခဲ့ရန်မဟုတ်ပါ။
Sep 29, 2023
ဉာဏ်မျက်စိပွင့်စေတဲ့ကျောင်းတွေ မြန်မာ့မြေပေါ်မှာ ပြည့်လျှမ်းနေပါမှ ...
“ကမ္ဘာကြီးရဲ့အနာဂတ်ကတော့ ဆရာတွေသင်ကြားပေးနေတဲ့ ကျောင်းတွေရဲ့ စာသင်ခန်းထဲမှာ ရှိနေပါတယ်။ ယနေ့ကလေးငယ်တွေကို စာသင်ခန်းထဲမှာ ဘယ်လိုပညာပေးနေတယ်ဆိုတဲ့အချက်က ၂၁ ရာစုမှာ ကောင်းတဲ့အကျိုးသက်ရောက်မှုတွေကို အာမခံချက်ပေးနေမှာပါ” ရစ်ချက်အာဂရင်း (Richard R. Green)