May 27, 2024
“အရင်တုန်းကကျ မီးစက်နဲ့ဆိုတော့ အလုပ်တစ်ခုလာ တစ်ခါစက်မနှိုးနိုင်ဘူးလေ ဆရာ.. အလုပ်တွေ အများကြီးလာမှ စက်နှိုးပြီး လုပ်ရတော့ လူလည်းပန်းတာပေါ့… အမြန်လိုရင်လည်း အမြန် မရောက်ဘူးပေါ့ ဆရာရယ် လုပ်နိုင်မယ့်ပမာဏနဲ့ ချင့်ချိန်လက်ခံရတော့ အများကြီးလည်း လက်ခံလုပ်မပေးနိုင်ဘူး၊ ခုကတော့ ခလုတ်လေးတစ်ချက်နှိပ်ရုံဆိုတော့ အလုပ်တစ်ခုလာ တစ်ခါလုပ်ပဲ... စုပြုံပြီးအချိန်လုလုပ်ရတာ မဟုတ်တော့ အလုပ်တွေလည်း ပိုလက်ခံနိုင်၊ ပိုလုပ်နိုင်လာတာပေါ့ဗျာ”
May 27, 2024
မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိဒေသတွင် ကျင်းပပြုလုပ်ခဲ့သော “China-CMLTV Journalists Visit to Angkor Sangkranta 2024” ခရီးစဉ်တွင် ပါဝင်၍ ခရီးစဉ်အတွင်း ဆီရမ်ရိဒေသရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများဖြစ်သော အန်ကောခေတ်ဘုရားကျောင်းများသို့ သွားရောက်လေ့လာခဲ့ပါသည်၊၊ ရှေးဟောင်းအမွေအနှစ်များသည် သက်ဆိုင်ရာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာပြယုဂ်များဖြစ်သည်ကို ပိုမိုသိရှိခဲ့ပြီးနောက် မိမိတို့နိုင်ငံတွင်လည်း ကမ္ဘာ့သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်နေရာများကို မျိုးဆက်အဆက်ဆက် ပိုမိုတန်ဖိုးထားထိန်းသိမ်းသွားစေလိုသောဆန္ဒ ဖြစ်ပေါ်မိပါသည်။ ထိုဆန္ဒမှတစ်ဆင့် ဆီရမ်ရိခရီးစဉ်အတွင်း လေ့လာခဲ့သည့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ အကြောင်းအရာများကို ပြန်လည်မျှဝေပေးလိုသည့်အတွက် ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ပါသည်။
May 27, 2024
မြန်မာနိုင်ငံမှာ ဆီစားသုံးမှုများပြား လာတာနဲ့အမျှ စားသုံးဆီဖူလုံရေးဟာ အဓိကအရေးကြီး ဆောင်ရွက်ကြဖို့ လိုအပ်နေပါတယ်။ ပြည်တွင်းစားသုံးဆီ ဖူလုံရုံသာမက ပြည်ပမှစားသုံးဆီ တင်သွင်းမှုလျှော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေးနဲ့တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)အနက် နှမ်းသီးနှံဟာ စိုက်ပျိုးရလွယ်ကူပြီး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် သက်သာတဲ့ သီးနှံဖြစ်တာကြောင့် နှမ်းသီးနှံဟာစိုက်ပျိုး ထုတ်လုပ်မှုအများဆုံး ဖြစ်ပါတယ်။
May 27, 2024
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းများ ဘက်ညီမျှတစွာဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)တွင် စက်မှုကဏ္ဍ၏ ပါဝင်မှုအချိုးအစားကို ပိုမိုတိုးတက်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သော National Comprehensive Development Plan (NCDP)အရ ၂၀၃၀ ပြည့်နှစ်တွင် စက်မှုကဏ္ဍဖွံ့ဖြိုးမှုကို တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား တိုးတက်လာစေရန် ရည်မှန်း၍ နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျက်ရှိနေပါသည်။
May 27, 2024
ကမ္ဘာပေါ်တွင်နေထိုင်ကြသော လူအပါအဝင် သတ္တဝါများအားလုံးသည် ရာသီဥတုပြောင်းလဲမှု ဘေးကို အနည်းနှင့်အများ ရင်ဆိုင်နေကြရပါသည်။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးသည် ပူနွေးသောအဆင့်မှ ဆူပွက်လာသောအဆင့်သို့ ရောက်ရှိပြောင်းလဲနေပြီဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ နေ့စဉ်နှင့်အမျှ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များဖြစ်သည့် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ကျန်းမာရေးပြဿနာများ၊ စိုက်ပျိုးရေးနှင့် ဇီဝမျိုးကွဲများ၊ ရွှေ့ပြောင်းနေထိုင်မှုများ၊ ရေခက်ခဲမှုနှင့် ရေအရည်အသွေးပြဿနာများ စသည့်အကြောင်းအရာများနှင့် ရင်ဆိုင်နေကြရပါသည်။
May 27, 2024
ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ်ရောဂါသည် ပြင်းထန်ပြီး သေဆုံးနှုန်းမြင့်သော ဗက်တီးရီးယားရောဂါ တစ်မျိုးဖြစ်သည်။ ရောဂါဖြစ်ပွားသည့်နေရာရှိ ကြွက်သားသည် မည်း၍ယောင်လာပြီး စမ်းကြည့်ပါက လေခိုသံ (crackling sound) ကို ကြားရသည်။ တိရစ္ဆာန်သည် အစာစားနှုန်းကျခြင်း၊ အနာကြောင့် လဲကျခြင်းနှင့် အပူချိန်မြင့်တက်လာပြီး သေဆုံးကြသည်။ ကူးစက်စေသောရောဂါ မဟုတ်သော်လည်း ကျွဲ၊ နွားငယ်များတွင် ၁၀၀ ရာခိုင်နှုန်းနီးပါး သေဆုံးမှုများသော ရောဂါဖြစ်၍ ကျွဲ၊ နွား မွေးမြူရေးများတွင် အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။
May 27, 2024
(၃၅) ကြိမ်မြောက် မွန်ဂိုလီးယားအမျိုးသားစာအုပ်ပွဲတော်ကို “စာများများဖတ်ကြစို့- Let’s Read More” ဟူသော ဆောင်ပုဒ်ဖြင့် မေလ ၁၈ ရက်နေ့က ကျင်းပခဲ့ကြောင်း နိုင်ငံတကာသတင်းတစ်ပုဒ်ကို ဖတ်ရှုရပါသည်။
May 26, 2024
ပြီးခဲ့သည့်ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကွင်းဆင်းခရီးစဉ် သွားရောက်ရင်း ကျေးရွာအတော်များများသို့ ရောက်ဖြစ်ခဲ့သည်။ ကျေးရွာများသို့ ရောက်ရှိခိုက် တီးရင်းခေါက်ရင်း စကားစမြည်ပြောရင်းဖြင့် ယခုနှစ်တွင် ဝက်နှင့် ဆိတ်မွေးမြူသူများ အရှုံးများနေကြောင်း ကြားသိရ၍ အရှုံးပေါ်ရသည့်အကြောင်းရင်းကို လေ့လာဖြစ်ခဲ့သည်။
May 26, 2024
“ကိစ္စမြားမြောင် လူတို့ဘောင်”ဆိုသည့် ဆိုရိုးစကားအတိုင်း လူတစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်၊ ရပ်ရွာလူမှုအသိုင်းအဝိုင်းအလိုက် ဆောင်ရွက်ရသည့် လူမှုကိစ္စရပ်များနှင့် စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေကြရသည်။ ထိုသို့ဆောင်ရွက်ရာတွင် လူမှုအသိုင်းအဝိုင်းအတွင်း အခက်အခဲမရှိ အဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြသူများ ရှိသော်လည်း စားဝတ်နေရေးအဆင်မပြေမှုများ၊ ငွေကြေးအခက်အခဲများ၊ အိမ်တွင်းအကြမ်းဖက်မှုများစသည့် လူမှုရေးပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရသူများလည်း ရှိနေသည်။ တစ်ဖက်တွင်လည်း လူသားတို့အား ခြိမ်းခြောက်နေသည့် လူကုန်ကူးမှုအန္တရာယ်များ၊ သဘာဝ ဘေးအန္တရာယ်များ၊ ကပ်ရောဂါဆိုင်ရာအန္တရာယ်များနှင့်လည်း ရင်ဆိုင်နေကြရသည်။
May 25, 2024
လျှပ်စစ်ဓာတ်အားစနစ်တစ်ခု ကောင်းစွာလည်ပတ်နိုင်ဖို့ လျှပ်စစ်ထုတ်လုပ်ခြင်း (Generation)၊ လျှပ်စစ်သွယ်တန်းခြင်း (Transmission) နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း (Distribution) တို့ကို တစ်ပြိုင်တည်းဆောင်ရွက်ကြရသည်။ လျှပ်စစ်ထုတ်လုပ်သည့်စက်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ထွက်ပြီး အသုံးမရှိလျှင် စက်များအလိုအလျောက် ရပ်ဆိုင်းအောင် စီမံဆောင်ရွက်ထားလေ့ရှိကြသည်။ အဆိုပါထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို မြို့ရွာများသို့ ဖြန့်ဖြူးရေးဆောင်ရွက်နိုင်အောင် ဓာတ်အားစနစ်ကွန်ရက်ကြီးတစ်ခု တည်ဆောက်ထားပြီးလျှင် မဟာဓာတ်အားလိုင်းကြီးများဖြင့် ပင်မဓာတ်အားခွဲရုံ တစ်ခုနှင့် တစ်ခု ဆက်သွယ်ထားပါသည်။ ပင်မ ဓာတ်အားခွဲရုံဟုခေါ်သော ၂၃၀ ကေဗွီ သို့မဟုတ် ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံအကြီးစားများ တစ်ခုနှင့်တစ်ခုကို မဟာဓာတ်အားလိုင်းကြီးများက ဆက်သွယ်ပေးထားပြီး သက်ဆိုင်ရာ မြို့ရွာများသို့ ၆၆ ကေဗွီနှင့် ၃၃ ကေဗွီဓာတ်အားခွဲရုံအသေးများမှတစ်ဆင့် ဓာတ်အားလိုင်းတိုင်များဖြင့် ဓာတ်အားဖြန့်ဖြူးပေးပါသည်။ မြို့နယ်တစ်ခုအတွင်း ၁၁ ကေဗွီဓာတ်အားလိုင်းအသေးစားလေးများဖြင့် မိမိတို့ရပ်ရွာရှိ ထရန်စဖော်မာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားပြီး ထိုမှတစ်ဆင့် ၀ ဒသမ ၄ ကေဗွီလိုင်း(၄၀၀ဗို့ဓာတ်အားလိုင်း)များဖြင့် ရပ်ကွက်အတွင်း မီးသုံးသူပြည်သူများ၏ နေအိမ်သို့အရောက် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပါသည်။
