Feb 19, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀ဝ၁ ခုနှစ် တာဝန်ယူပြီးချိန် မြန်မာ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ အမှန်အားဖြင့် နှစ်ကာလ ရာ၊ ထောင်ကပင် နှစ်ပြည်ထောင်ကူးလူးဆက်ဆံမှု သမိုင်းမှတ်တိုင်များစွာ ရှိခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ရန်အတွက် “အေးအတူ ပူအမျှ အသိုက်အဝန်းအတူတကွ တည်ဆောက်နေထိုင်ရေး” မူနှင့် ချစ်ကြည်စွာ ရပ်တည်လျက်ရှိပါသည်။
Feb 19, 2024
သို့တိုင် “နိုင်ငံတော်လူမိုက်” တစ်ယောက်အဖြစ် ကျွန်တော်ရေးပါသည်။ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး၊ နောင်ကျွန်တော်တို့အားလုံး၏ အနာဂတ်မျိုးဆက်များ အကျိုးအတွက်မို့ မဖြစ်မနေရေးရ ပါသည်။ ဤသို့ရေးရာတွင် ကျွန်တော်၏ ဖြောင့်မတ်တည်ကြည်သောစိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ ပြည်သူ့အကျိုးစီးပွားကို လိုလားသောစိတ်တို့ကို အရင်းတည်ပြီးရေးပါသည်။ မရေး၍လည်းမရပါ။ (ယနေ့ဖြစ်ပေါ်နေသော အကြောင်းအရာအချို့သည် ကျွန်တော် (Live) မှာ မကြာမကြာ တိုက်တွန်း ပြောဆိုခဲ့သောကိစ္စများဖြစ်နေသဖြင့် ကျွန်တော့်ပယောဂ မကင်းဟု ခံစားနေ၍ဖြစ်ပါ၏။ စကားချပ်)
Feb 18, 2024
၂၀၂၅ ခုနှစ်အလွန်တွင် အာဆီယံကို ပိုမိုခိုင်မာတောင့်တင်းသည့် ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်လာစေရေးနှင့် ပြည်သူ့ဗဟိုပြုအာဆီယံအသိုက် အဝန်းတည်ထောင်နိုင်ရေးရည်မှန်းချက်ဖြင့် ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ဆိုင်ရာ ဟနွိုင်းကြေညာချက်စာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချက်စာတမ်းအရ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်နှင့် ဆက်စပ်စာရွက်စာတမ်းများ ထွက်ပေါ်လာရေးနှင့် အဆိုပါမျှော်မှန်းချက်ရေးဆွဲရေးအတွက် အဆင့်မြင့်လုပ်ငန်းအဖွဲ့ တည်ထောင်ရေးတို့အတွက် အာဆီယံပူးပေါင်းညှိနှိုင်းရေးကောင်စီက ကြီးကြပ်သွားရန် တာဝန်ပေးအပ်ခဲ့ပါသည်။
Feb 18, 2024
ကိုဗစ်-၁၉ ရောဂါသည် တရုတ်နိုင်ငံ ဝူဟန်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်တွေ့ရှိခဲ့သည့် အသစ်ဖြစ်ပေါ်လာသော ကူးစက်ရောဂါတစ်ခု (2019 Novel Coronavirus) ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများသို့ လျင်မြန်စွာ ကူးစက်ဖြစ်ပွား ခဲ့ပါသည်။
Feb 18, 2024
မဟာမင်းလှမင်းခေါင် ဦးရွှန်းရေးဖွဲ့ခဲ့သော မဟာသုတသောမပျို့နိဒါန်းတွင် လူတို့တစ်သက်ဘဝခရီးတစ်လျှောက် မမေ့အပ်သောနေရာဒေသသုံးခုကို ဖော်ညွှန်းပြခဲ့ပေသည်။
Feb 17, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ အာဏာတည်သည့်နေ့ရက်အဖြစ်သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
Feb 17, 2024
မဟာမင်းလှမင်းခေါင် ဦးရွှန်းရေးဖွဲ့ခဲ့သော မဟာသုတသောမပျို့နိဒါန်းတွင် လူတို့တစ်သက်ဘဝခရီးတစ်လျှောက် မမေ့အပ်သော နေရာဒေသသုံးခုကို ဖော်ညွှန်း ပြခဲ့ပေသည်။ (၁) မိမိတို့ဇာတိချက်ကြွေ မွေးရပ်မြေဆိုသည်မှာ မြန်မာတို့အတွက်မူ ဤမြန်မာ့မြေ မြန်မာ ပြည်ထောင်စုပိုင်နက် နယ်မြေသည် မြန်မာအားလုံး မမေ့မလျော့ ရှိရမည့်မြေဖြစ်သည်။ (၂) ရန်အောင်မြေဆိုသည်မှာ ရှေးဘုရင်များအဖို့ရန်သူနှင့်တိုက်ခိုက်၍ အောင်မြင်သော နေရာဒေသကိုလည်း မမေ့ရဟုဆိုပါသည်။ (၃) မြန်မာတိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဆိုရပါမူ နိုင်ငံကိုကျူးကျော်၊ ကျွန်ပြု၊ ဖိနှိပ်၊ ညှဉ်းပန်း၊ သွေးစုပ်ခြယ်လှယ်သော နယ်ချဲ့သမားတို့လက်မှ မြန်မာ့မြေ၊ မြန်မာပြည်သူ အားလုံးတို့၏ အချုပ်အခြာအာဏာကို ပြန်လည်တိုက်ယူအောင်မြင် ခဲ့သဖြင့် ၄-၁-၁၉၄၈ ရက်နေ့တွင် လွတ်လပ်ရေးပြန်ရခဲ့သည်။ ထိုနေ့ ထိုရက်၊ ထိုအောင်ပွဲကြောင့် မြန်မာတို့လက် ပြန်ရောက်လာသော လွတ်လပ်ရေး၊ လွတ်လပ်သည့် မြန်မာပြည်ထောင်စုမြေ၊ မြန်မာ့မြေ၊ မြန်မာဘိုးဘွားအမွေအနှစ်မှ မြန်မာ့မြေကိုလည်း အစဉ်သတိတရ တန်ဖိုးထားကြရပေမည်။
Feb 15, 2024
“တာဝန်တွေ ကိုယ်စီသိထားစေ၊ လိုမည်သတိတရားတွေ၊ တို့ပြည်ကြီးကို ကာကွယ်လေ၊ တို့ပြည်ကြီးကို ကာကွယ်လေ၊ တို့အခြေခိုင်မြဲ မယိုင်လဲအောင်ပေ၊ (ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေ) ပေါင်းရုံးလို့ အားအင်ဖြည့်ပါလေ” ဆိုတဲ့ သံပြိုင် တေးတစ်ပိုဒ်ဟာ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအားလုံး နိုင်ငံတော်ကာကွယ်ရေးမှာ ပါဝင်ထမ်းဆောင်ကြဖို့ နှိုးဆော်ပေးထားတာ ဖြစ်ပါတယ်။ ဒီသီချင်းကို စတင်ရေးဖွဲ့သီဆိုစဉ် အချိန်က လွတ်လပ်ရေးကြိုးပမ်းမှုကာလဖြစ်လို့ ပြည်ပနယ်ချဲ့ကျူးကျော်မှုအန္တရာယ်ကို တွန်းလှန်ဖို့ မြန်မာ့တပ်မတော်ကို စုပေါင်းအားဖြည့်ပေးဖို့ နှိုးဆော်ထားတဲ့သီချင်း ဖြစ်ပါတယ်။
Feb 15, 2024
အွန်လိုင်းတွင် “ပွဲဟေ့” ဟု ဆိုလိုက်လျှင် ဘယ်သူဘာဖြစ်သည်ဆိုသည်ကို စိတ်ဝင်စားကြသူများက ဒုနဲ့ဒေးပင်။ “ပွဲ” ဟု ဆိုကြသည့် ဖြစ်ရပ်အများစုသည် အမှန်အားဖြင့် လူတစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များသာ။ အများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဖော်ပြပါကလည်း အကျိုးထက်အပျက်ကို ဦးတည်နေသည်က များသည်သာ။
Feb 15, 2024
နိုင်ငံတစ်နိုင်ငံအတွက် နယ်မြေတည်တံ့မှု၊ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ အမျိုးသားလွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ဖို့အတွက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံတိုင်းက မိမိတို့နိုင်ငံကို ကာကွယ်ဖို့ကာကွယ်ရေးစီမံချက်အသီးသီးကို ချမှတ်ကြတဲ့အခါ နိုင်ငံအများစုမှာ အရွယ်ရောက်သူနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းအကောင် အထည်ဖော်ကြလေ့ရှိပါတယ်။
