Skip to main content
Aug 26, 2025
ဆောင်းပါး
MSME (Micro, Small and Medium Enterprises)ကို မြန်မာလိုဆိုရမည်ဆိုပါက “အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ” ဟု ဆိုနိုင်ပြီး လူအများနားလည်အောင် ယခုကဲ့သို့ ရှင်းပြနိုင်ပါသည်-
Aug 26, 2025
ဆောင်းပါး
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ “၁၀၂၇ စစ်ဆင်ရေး”လို့ အမွှမ်းတင်နာမည်ပေးထားတဲ့ ထိုးစစ်တစ်ခုကို တိုင်းရင်းသားအမည်ခံထားတဲ့ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ ဖြစ်ကြတဲ့ MNDAA ၊ TNLA နဲ့ AA တို့ ပူးပေါင်းလုပ်ခဲ့ကြတာကို အားလုံးသိကြပြီးဖြစ်ပါတယ်။ အကြမ်းဖက်လော်ဘီမီဒီယာတွေက ညီနောင်သုံးဖော်၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ စသည်ဖြင့် ဂုဏ်ပုဒ်အမျိုးမျိုးတပ်ပြီး အရောင်တင်ပေးထားတဲ့ အဲဒီသုံးဖွဲ့အစုအပေါင်းကို အကြမ်းဖက်မှုရှုတ်ချတဲ့ ပြည်တွင်းမီဒီယာတွေနဲ့ Social Influencer တွေကတော့ “မြောက်သုံးကောင်”လို့ပဲ ရှင်းရှင်းလင်းလင်း အမည်သညာပြုခဲ့ကြပါတယ်။ တကယ်တော့ “၁၀၂၇ စစ်ဆင်ရေး” ကို မြောက်သုံးကောင်မဟာမိတ်အဖွဲ့က လုပ်ခဲ့တယ်ဆိုရာမှာ မြေပြန့်ဒေသက ရောက်လာကြတဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ အင်အားက အစောပိုင်းကာလမှာ မြို့တွေသိမ်းနိုင်ဖို့၊ အောင်ပွဲတွေခံနိုင်ဖို့ အဓိကအထောက်အကူပြုခဲ့တာဖြစ်ပါတယ်။
Aug 25, 2025
DEMU စီး၍ ခရီးသွားခဲ့သည် …
မိုးကတဖွဲဖွဲ မစဲတမ်းရွာနေသော်လည်း ခရီးသည်များက တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် နေပြည်တော် ဘူတာဝင်းထဲ အဆက်မပြတ် ဝင်ရောက်လျက်ရှိသည်။ ရထားစောင့်ဆိုင်းနိုင်ရန်အတွက် သပ်သပ်ရပ်ရပ်စနစ်တကျ စီစဉ်ပေးထားသည့် ခုံနေရာများတွင် ခရီးသည်များနေရာယူကာ ခရီးစဉ်အတွက် အသင့်ပြင်ထားကြသည်။ ခရီးသည်များထဲတွင် နေပြည်တော် - ရန်ကုန်ခရီးစဉ်အတွက် လာရောက်သူကများသည်ကို သတိပြုမိသည်။ ရထားထွက်ချိန်က မွန်းတည့် ၁၂ နာရီ။
Aug 24, 2025
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို-UNESCO) က ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန်အတွက် နှစ်စဉ်စာရင်းသွင်းဆောင်ရွက်လျက်ရှိသည်။ ယဉ်ကျေးမှုအမွေအနှစ်ဟုဆိုရာတွင် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် (Tangible Cultural Heritage -TCH)နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage - ICH )ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။
Aug 22, 2025
သြဂုတ်လ ၇ ရက်နေ့တွင် ကျွန်မသည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့ရှိ တရုတ်ခရီးရှည်ချီတက်တပ်အထိမ်းအမှတ် ကျောက်တိုင်သို့ သွားရောက်ဂါရဝပြုခဲ့ကြပါသည်။ နှစ်စဉ်တရုတ်သံရုံးက ဤကဲ့သို့သော ဂါရဝပြုအခမ်းအနားများ ပြုလုပ်လေ့ရှိပြီး သမိုင်းကို ပြန်လည်သုံးသပ်ကာ အာဇာနည်များအား အောက်မေ့ခြင်းနှင့် ထာဝရငြိမ်းချမ်းရေးအချက်ပြမှုများ ပြုလုပ်ရန်ဖြစ်ပါသည်။
Aug 22, 2025
ဆောင်းပါး
သမိုင်းပညာအား လေ့လာသင်ယူခြင်းဆိုသည်မှာ အတိတ်တွင်ဖြစ်ပျက်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ စစ်ရေးဆိုင်ရာ ဖြစ်စဉ်များအား ချဉ်းကပ်လေ့လာရင်း ပစ္စုပ္ပန်နှင့် အနာဂတ်တွင်ဖြစ်ပျက်လာ မည့်ဖြစ်စဉ်များအားပြင်ဆင်ရန် ကြိုးစားခြင်းဖြစ်ပါသည်။ ထို့အပြင် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းသည် ထိုနိုင်ငံနှင့်လူမျိုးတို့၏ တန်ဖိုးဖြတ်မရသည့် အမွေအနှစ်တစ်ခုပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းသည်  ၎င်းတို့၏သမိုင်းကြောင်းအား တိကျသေချာစွာလေ့လာနိုင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းလျက်ရှိကာ သမိုင်းပညာ၏ နယ်ပယ်သည် လွန်စွာကျယ်ပြန့်လာခဲ့သည်။
Aug 19, 2025
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Aug 19, 2025
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Aug 19, 2025
ဆောင်းပါး
“ဆရာ။ ဒီကဦးလေးက မိတ္ထီလာမြို့နယ် ကုန်းတောင်းကျေးရွာက ဦးစန်းမောင်ပါ။ လက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက ဝက်မွေးမြူရေးချေးငွေ ငါးယူနစ်ယူထားပါတယ်။ အဲဒါ နောက်ထပ် ၁၀ ယူနစ် ထပ်ပြီးယူချင်တယ်ဆိုတာကြောင့် ဆရာ့ဆီခေါ်လာခဲ့တာပါ”