Skip to main content
Sep 08, 2025
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Sep 08, 2025
ဆောင်းပါး
ရွေးကောက်ပွဲများတွင် ဥပဒေနှင့်အညီမဲပေးခွင့်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့်အခွင့်အရေးဖြစ်သလို ဒီမိုကရေစီအခြေခံအခွင့်အရေးလည်းဖြစ်ပါသည်။ ဤအခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ (က)၊ ပုဒ်မ ၃၆၉ (က) နှင့် ပုဒ်မ ၃၉၅ တို့တွင် ပြဋ္ဌာန်းပေးထားပါသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်အလိုက် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များကို ရေးသားတင်ပြသွားမည်ဖြစ်ပါသည်။
Sep 08, 2025
ဆောင်းပါး
စက်တင်ဘာ ၃ ရက် (ဗုဒ္ဓဟူးနေ့)နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော်ပေကျင်းမြို့ တီယန်မင်ရင်ပြင်၌ အနီရောင်နိုင်ငံတော်အလံတို့ တလွင့်လွင့်တောက်ပလျက်ရှိသည်။ သောင်းနှင့်ချီသည့် ဧည့်ပရိသတ်များက စတင်တော့မည့် အခမ်းအနားအတွက် စိတ်လှုပ်ရှားလျက်ရှိသည်။
Sep 07, 2025
ရုံးပိတ်ရက်တစ်ရက်၏ နံနက်ခင်းအချိန်၌ ကျွန်ုပ်သည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် နံနက်စာ စားသုံးနေစဉ် ပြည်တွင်းသင်တန်းတစ်ခု၌ အတူတက်ရောက်ခဲ့သော မိတ်ဆွေသင်တန်းသားတစ်ဦးဖြစ်သူ “ကိုဇော်” နှင့် တွေ့ဆုံခဲ့ပါသည်။ ကိုဇော်သည် သိလိုစိတ်များပြား၍ သင်တန်းဆရာများ၏ သင်ကြားသော ဘာသာရပ်အပေါ် မေးခွန်းအများဆုံး မေးမြန်းတတ်သူဖြစ်သည်။ သူမေးသည့်မေးခွန်းများသည် အခြားသင်တန်းသားများ မေးချင်သည့် မေးခွန်းအကြောင်းအရာများပါ ပါဝင်တတ်သောကြောင့် သူတစ်ဦးတည်းဖြင့် သင်ကြားသော ဘာသာရပ်အပေါ် ထပ်မံမေးမြန်းရန် မလိုလောက်အောင် ပြီးပြည့်စုံစွာ မေးမြန်းတတ်သူတစ်ဦး ဖြစ်ပါသည်။
Sep 06, 2025
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကို ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ပါသည်။ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်ပါမည်။ လွှတ်တော်အလိုက် မဲဆန္ဒနယ်မြေများစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၁၅-၈-၂၀၂၅ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ပါသည်။ ပထမပိုင်းအတွက် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို ၂၀-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အပိုင်းလိုက်ဆန္ဒမဲပေးရမည့်နေ့ရက်နှင့် မြို့နယ်များစာရင်းကို ဆက်လက် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
Sep 05, 2025
ကျွန်တော်တို့ မြန်မာပြည်သူအားလုံးက နိုင်ငံကို တိုးတက်စေချင်ကြပါပြီ။ နိုင်ငံတိုးတက်မှပဲ နိုင်ငံသားတစ်ဦးချင်းစီမှာ ကျွဲကူးရေပါတိုးတက်လာမှာမဟုတ်လား။ တိုးတက်ဖို့ အခွင့်အလမ်းတွေကတော့ ကျွန်တော်တို့ဆီ ရှေးရှုလာနေပြီ၊ အချို့ရလည်းရထားပြီ၊ ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ဖို့နဲ့ အသုံးချနိုင်ဖို့ပဲလိုနေတာ။ ဒီအတွက် ညံ့ဖျင်းသူတွေထဲ ကျွန်တော်တို့မပါဖို့လိုတယ်။ အရည်အချင်းရှိဖို့လိုတယ်။ စိတ်ဓာတ်တွေကောင်းဖို့လိုတယ်။ သွားနေတဲ့လမ်းကြောင်းအချိုးအကွေ့တစ်ခုမှာရောက်နေတဲ့ အနေအထား၊ ချိုးတတ်မှ ကွေ့တတ်မှ။
Sep 05, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို စတင်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီ ဖြစ်သည်။
Sep 04, 2025
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Sep 04, 2025
တစ်ချိန်က ရွှေအိုရောင်လယ်ကွင်းများဖြင့်ဝေဆာခဲ့ပြီး မြေကြီးကို အားထားကာ အသက်မွေးဝမ်းကျောင်းပြုခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယနေ့အခါတွင် ရိုးရာအမွေအနှစ်နှင့် ခေတ်မီတိုးတက်မှုတို့ကြား ဟန်ချက်ညီညီ ရပ်တည်လျက်ရှိပါသည်။
Sep 04, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄ တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟု ညွှန်းဆိုထားသည်။ နိုင်ငံသားတို့က အချုပ်အခြာအာဏာကို ကျင့်သုံးရန် ရွေးကောက်ပွဲနည်းလမ်းမှတစ်ပါး အခြားမရှိ။ ပြည်သူများက မိမိတို့ကို ကိုယ်စားပြုရမည့် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး၍ ရွေးချယ်ရသည်။ ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များက ပြည်သူ့ထံမှဆင်းသက်လာသည့် အချုပ်အခြာအာဏာ အရပ်ရပ်ကို ပြည်သူများကိုယ်စား ကျင့်သုံးဖော်ဆောင်ခြင်းဖြစ်ပါသည်။ ထို့အတွက် ပြည်သူတို့က ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသင့်ပါသည်။