Skip to main content
Jul 18, 2024
ဆောင်းပါး
နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာမှာ GDP နဲ့တိုင်းတာကြပါတယ်။ GDP ဆိုတာ Gross Domestic Product – GDP ဖြစ်ပြီး အဓိပ္ပာယ်က စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုးဖြစ်ပါတယ်။ လူတိုင်းနားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့ နိုင်ငံတစ်ခုက ထုတ်လုပ်လိုက်တဲ့ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေရဲ့ ငွေကြေးတန်ဖိုးပဲဖြစ်ပါတယ်။ ဒါကို နှစ်အလိုက် သူတို့သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြားတစ်ခုမှာ တိုင်းတာလေ့ရှိပါတယ်။
Jul 18, 2024
အာဇာနည်နေ့အခါသမယရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို ယခင်ထက် ပိုအမှတ်ရမိ၊ သတိတရဖြစ်မိသည်။ ကလေးဘဝကတည်းက မစိမ်းခဲ့သည့် အာဇာနည်နေ့၊ လူတိုင်း၏ရင်ထဲတွင် ရှိနှင့်ပြီးသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရင်ထဲ နှလုံးသားထဲ အမြဲရှိသော်လည်း ဗိုလ်ချုပ်တို့ မျှော်လင့်ခဲ့ဖူးသော မျှော်လင့်ချက်များ ဖြစ်လာခဲ့ပြီလား၊ နိုင်ငံရေး၊ စစ်ရေးမျိုးဆက်အသီးသီးက လက်ဆင့်ကမ်းသယ်ယူ၊ ကြိုးစားပမ်းစား ထိန်းသိမ်းကာကွယ်ခဲ့ကြပေမယ့် လိုချင်သည့်ရည်မှန်းချက်ရောက်လိုသည့်ပန်းတိုင်ကော ရောက်ပြီလား၊ ပြန်လည်ဆန်းစစ်ရလျှင် အဝေးမှာ ကျန်ရစ်ဆဲ၊ တိုးတက်မှုတစ်လှည့် ဆုတ်ယုတ်မှုတစ်လှည့်မျှသာ။
Jul 17, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jul 17, 2024
၂၀၁၇ ခုနှစ် နိုဝင်ဘာလထုတ် မြဝတီမဂ္ဂဇင်းပါ ကဗျာတစ်ပုဒ်ကိုဖတ်မိ၍ ဤဆောင်းပါးကို ရေးပါသည်။ ကဗျာသည်ရုပ်သိပ်မလှသော်လည်း စိတ်အလွန်လှသည့် မိန်းကလေးနှင့် တူလေသည်။ ကဗျာဆရာ့ကိုယ်တွေ့ သို့မဟုတ် တစ်ဆင့်ကြားကိုရေးဖွဲ့ပုံရသည်။ ကဗျာရေးသူသည် ယခုအခါတွင် မဂ္ဂဇင်းတစ်စောင်၌ စာတည်းဖြစ်နေပြီ။ ကဗျာကို အပိုဒ်လေးပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။
Jul 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ ကမ္ဘာသိ၊ မြန်မာသိအကြိမ်ကြိမ် ကတိကဝတ်ပြုထားချက်ကို အလေးအနက်ထားပြီး ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးက ကြိုဆိုလျက်ရှိပါတယ်။ ဒီမိုကရေစီနဲ့ သွားမယ်ဆိုရင်ရွေးကောက်ပွဲတွေဟာ အလွန်အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်တစ်ရပ်အနေနဲ့ ခေတ္တထိန်းသိမ်းထားတဲ့ နိုင်ငံတော်အာဏာဆိုတာ သင့်လျော်မှန်ကန်တဲ့ အချိန်တစ်ခုမှာ ပြည်သူ့လက်ထဲ ပြန်လည်လွှဲပြောင်းရောက်ရှိမည်သာဖြစ်ပါတယ်။
Jul 16, 2024
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် (၇၇)နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ကမ္ဘာတည်သရွေ့မမေ့နိုင်သော နေ့တစ်နေ့ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အမျိုးသားခေါင်းဆောင်ကြီးများက လွတ်လပ်ရေးရရှိရေးအတွက်၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် နယ်ချဲ့အစိုးရနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေစဉ် လမ်းခုလတ်၌ပင် မသမာသူနယ်ချဲ့လက်ပါးစေ အမျိုးသားသစ္စာဖောက်တို့၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရသည်။
Jul 15, 2024
ဆောင်းပါး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တော်နေပြည်သူလူထု ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေများ ဖူလုံစွာနှင့် စနစ်တကျရယူသုံးစွဲနိုင်ရေးအတွက် နေ့စဉ်တာဝန်ယူကြီးကြပ် ဖြန့်ဝေပေးလျက်ရှိသည်။
Jul 15, 2024
အားကစားနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုများစွာရှိသည့်အနက် “အားကစားသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်၏ အမှတ်လက္ခဏာဖြစ်သည်ဟု မှတ်ယူကြသည်။ တစ်နည်းအားဖြင့် အားကစားသည် လူသားထုတစ်ရပ်လုံး၏ ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသော ပျော်ရွှင်ရင်ခုန်ကြည်နူးဖွယ် လှုပ်ရှားမှုအဖြစ် လူတစ်စု၊ လူတစ်ဖွဲ့မှသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၊ လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံးမှသည် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံချင်းစီအကြား လူသားဆန်သော အပြန်အလှန်ရင်းနှီးချစ်ကြည်မှုကို ဖန်တီးပေးနိုင်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး၏ သံတမန်အခင်းအကျင်းတစ်ရပ်အဖြစ်ဖြင့် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်းတည်းဟူသော လောကပါလတရားများကိုပင် ဖြစ်ထွန်းစေနိုင်သည်ဟု မျှော်လင့်ယုံကြည်ကြသည်” ဟူ၍လည်း ဖွင့်ဆိုကြပါသည်။
Jul 14, 2024
ဆောင်းပါး
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ်တွေကို နှစ်စဉ်ရင်ဆိုင်ခံစားနေကြရပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာ ဖယ်ရှားပစ်လို့မရ၊ ရပ်တန့်ထားလို့မရ၊ တားဆီးလို့လည်းမရပါ။ ရာသီဥတုဖောက်ပြန်မှုနဲ့ လူသားတွေရဲ့ ပယောဂအချို့ကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်တတ်ပါတယ်။ ဖြစ်ပေါ်လာပြီဆိုရင်လည်း အနည်းနဲ့အများ ဆုံးရှုံးနစ်နာမှုတွေ ခံစားကြရပါတယ်။
Jul 14, 2024
ဆောင်းပါး
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် အသက်အရွယ်မရွေးအန္တရာယ်ရှိနိုင်ပြီး ကလေးသူငယ်များအတွက် ဆိုးရွားစွာအသက်အန္တရာယ်ရှိနိုင်ကြောင်းနှင့် ၎င်းရောဂါသည် မြန်မာနိုင်ငံတွင် ဒုတိယအဖြစ်အများဆုံး ကလေးရောဂါတစ်ခုဖြစ်ကြောင်း World Health Organization Myanmar က ဇွန်လ ၁၇ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် တစ်နှစ်အောက်ကလေးများကို သေဆုံးစေသည့် တတိယမြောက်ရောဂါဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကလေး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ၁ ဒသမ ၇ ဘီလီယံနီးပါးရှိကြောင်း၊ ထိုရောဂါကြောင့် နှစ်စဉ်အသက်ငါးနှစ်အောက်ကလေး လေးသိန်းကျော်နှင့် အသက်ငါးနှစ်မှ ကိုးနှစ်အကြားကလေးငယ် ငါးသောင်းကျော်ကို သေဆုံးစေလျက်ရှိကြောင်း သိရသည်။