Nov 28, 2024
နိုင်ငံတော်နှင့်ပြည်သူများအတွက် ကောင်းကျိုးဖြစ်ထွန်းရေးအတွက်လည်းကောင်း၊ မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်လာရန်အတွက်လည်းကောင်း ကလောင်စွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို အလေးအမြတ်ပြုပြီး ၁၉၄၄ ခုနှစ်မှစတင်၍ စာဆိုတော်နေ့ အခမ်း အနားများ ကျင်းပလာခဲ့ရာ ယခုအခါနှစ်ပေါင်း ၈၀ တိုင်ခဲ့ပြီဖြစ်သည်။ မြန်မာစာပေလောက ရှင်သန်ဖွံ့ဖြိုးစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် စာပေအမျိုးမျိုးတို့ကို ပြုစုရေးသားကြသည့် စာဆိုတော်ကြီးများ၏ အခန်းကဏ္ဍသည် အရေးပါသလို စာပေပညာရှင်ကြီးများကို အားပေးချီးမြှင့်ပေးသည့် နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်း လူပုဂ္ဂိုလ်များ၏ စေတနာများမှာ မြန်မာစာပေရှင်သန်ဖွံ့ဖြိုးစေသည့် အဓိကကျသည့် အကြောင်းရင်းဖြစ်သည်ဟု ရှုမြင်ပါသည်။
Nov 28, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။ ထို့ပြင် နောက်နှစ်တွင် ကျင်းပမည့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းလက်ခံခဲ့ပါသည်။
Nov 27, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Nov 27, 2024
ညက ညဉ့်နက်မှ အိပ်ရာဝင်ခဲ့သဖြင့် နံနက်အိပ်ရာထချိန်တွင် ၇ နာရီကျော် နေပြီ ။ မျက်နှာသစ်၊ မနက်စာထမင်းစားပြီးချိန်တွင် နာရီကိုကြည့်လိုက်တော့ ၇ နာရီ ၄၅ မိနစ်။ အိမ်ပြတင်းပေါက်နားတွင် ရပ်လျက် ကောင်းကင်ကို ကြည့်လိုက်တော့ မိုးတိမ်ညိုညိုမည်းမည်းတွေက အုံ့ဆိုင်းလျက်၊ မိုးစက်မှုန်မှုန်မွှားမွှားလေးတွေ ကျဆင်းလျက်ရှိနေသည်။
Nov 27, 2024
အနောက်တိုင်းစီးပွားရေးပညာရပ် (ဘောဂဗေဒ) သည် ၁၉၂၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာနမှတစ်ဆင့် မြန်မာ့မြေပေါ်သို့ ရောက်ရှိခဲ့သည်။ ထိုသို့ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၄၀ အကြာ ၁၉၆၄ ခုနှစ်တွင် ပိုမိုကျယ်ပြန့်သော ပို၍နယ်ပယ်စုံသည့် စီးပွားရေးပညာရပ်များ သင်ကြားပို့ချနိုင်ရေးအတွက် ရန်ကုန်တက္ကသိုလ်လက်အောက်မှ လူမှုရေးသိပ္ပံမဟာဌာနကြီးကို စီးပွားရေးပညာရပ်ပေါင်းစုံ သင်ကြားပို့ချပေးနိုင်မည့် စီးပွားရေးတက္ကသိုလ် (ရန်ကုန်) အဖြစ် ထူထောင်ဖွင့်လှစ်ခဲ့ကြသည်။
Nov 26, 2024
ကလေးများသည် အနာဂတ်တွင် တိုင်းပြည်၏တာဝန်ကို ပခုံးလွှဲပြောင်းတာဝန်ယူကြရမည့် အနာဂတ်၏ မျိုးဆက်သစ်များဖြစ်သည်။ ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အားပုံဖော်ရာတွင် အလွန်အရေးကြီးသောကြောင့် ကလေးငယ်များသည် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သော လူသားအရင်းအမြစ်များဖြစ်ပါသည်။ ကလေးသူငယ်များ၏ လက်ရှိအခြေအနေသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်၊ စီးပွားရေး၊ လူမှုရေး၊ ရုပ်ဝတ္ထု/စိတ်ပိုင်းဆိုင်ရာ အတက်၊ အကျ အနိမ့်၊ အမြင့်ကို ညွှန်းဆိုနိုင်သောကြောင့် ကလေးများကို ကောင်းမွန်စွာပြုစုပျိုးထောင်ရန် အလွန်အရေးကြီးပါသည်။ ကလေးများသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည်ကို အားလုံးလက်ခံထားသကဲ့သို့ တိုင်းပြည်တစ်ခု၏ ပစ္စုပ္ပန်အကျိုးသည် လူကြီးများလက်ထဲတွင်ရှိပြီး အနာဂတ်အကျိုးသည် ကလေးများ၏ လက်တွင်ရှိသည်သာ ဖြစ်သည်။
Nov 26, 2024
နတ်တော်လရာသီသည် မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များတွင် နတ်ပွဲများဖြင့် နတ်တို့ကို ပူဇော်ပသရသော နတ်ပျော်လအဖြစ် ရှေးအခါက သတ်မှတ်ဖော်ပြခဲ့သော်လည်း ရှေးမြန်မာမင်းများ လက်ထက်ကပင် ရတု၊ ရကန်၊ ပျို့၊ ကဗျာ၊ ဝတ္ထု၊ မေတ္တာစာ၊ ဆုံးမစာ၊ နီတိစသည်ဖြင့် မြန်မာ့ယဉ်ကျေးမှုစာပေ အမွေပေးဝေခဲ့ကြသော ရဟန်းစာဆို၊ လူပညာရှိစာဆိုရှင်ကြီးများကို ဘွဲ့ထူးဂုဏ်ထူးများပေးအပ်ချီးမြှင့် ဂုဏ်ပြုခဲ့ကြရာမှ စာဆိုတော်လရာသီအဖြစ်ပို၍ ပေါ်လွင်ထင်ရှားလာခဲ့ပေသည်။
Nov 26, 2024
အကြမ်းဖက်မှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ရာ၌ အမျိုးသမီး(gender)အပေါ် အခြေခံပြီး လူတစ်ယောက်ပေါ်တွင် အနိုင့်အထက်ပြုကျင့်ခြင်း သို့မဟုတ် အကြမ်းဖက်သည့် လုပ်ရပ်များဖြစ်ခြင်းဟု ဆိုထားပါသည်။
Nov 26, 2024
တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် အခြေခံပညာ ကျောင်းများကိုအခြေခံ၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။
Nov 26, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
