Skip to main content
Jul 08, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jul 07, 2024
ဆောင်းပါး
ကမ္ဘာဂြိုဟ်သည် ရေ၊ လေ၊ မြေ၊ စွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားပြီး သက်ရှိ၊ သက်မဲ့ဂေဟစနစ်မျိုးစုံ ဖြစ်တည်လျက်ရှိသော ဂြိုဟ်ကြီးတစ်လုံးဖြစ်သည်။ ထို့ကြောင့် သက်ရှိသက်မဲ့ဂေဟစနစ်မျိုးစုံသည် ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ခိုင်မြဲရေးမှာ အလွန်အရေးကြီးသည်။ လူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တောသစ်ပင်တို့သည် ခွဲခြား၍မရနိုင်သော လက်တွဲဖော်များဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ကူးလူးယှက်နွှယ် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ အတူတကွယှဉ်တွဲတည်ရှိကြသည်။ တိရစ္ဆာန်နှင့်သစ်တော၊ သစ်ပင်တို့သည် ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြမည့် သယံဇာတအရင်းအမြစ်များပင်ဖြစ်သည်။
Jul 07, 2024
ဆောင်းပါး
လူသားတွေ ဘဝတစ်လျှောက် လောကဓံတရားတွေနဲ့ ရင်ဆိုင်ကြရတဲ့အခါ တုန်လှုပ်မှုအမျိုးမျိုး ဖြစ်ပေါ်ကြလေ့ရှိပါတယ်။ စီးပွားရေးပျက်စီးသွားလို့၊ ချစ်ခင်ရတဲ့သူတွေနဲ့ ကွေကွင်းရလို့၊ သေဘေးနဲ့ကြုံရလို့စသည်ဖြင့် ရင်ဆိုင်ရတဲ့အခါ တုန်လှုပ်မှုတွေဖြစ်ကြရပါတယ်။ ဒါဟာ လောကဓံပဲမို့ လူတိုင်းတွေ့ကြုံရမယ့်ကိစ္စပါ။
Jul 07, 2024
ဆောင်းပါး
နေ့စဉ် “စား၊ ဝတ်၊ နေရေး” ကို ရင်ဆိုင်ဖြေရှင်းနေကြရသည့် မိသားစုတစ်စုတွင် မိသားစုဝင်အရေအတွက်၊ အသက်အရွယ်၊ အလုပ် လုပ်ကိုင်နိုင်မှု၊ ဝင်ငွေ၊ ပညာအရည်အချင်း စသည့် အခြေအနေများကို စနစ်တကျ စီမံခန့်ခွဲရသည်။ မိသားစုဝင်အရေအတွက်ပေါ် မူတည်၍ ဖြစ်ပေါ်နေသည့် ဝင်ငွေနှင့်အသုံးစရိတ်၊ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားသောကုန်ကျစရိတ်များ၊ မိသားစုဝင်တိုးပွားလာနိုင်မှုနှင့် ဝင်ငွေတိုးပွားလာနိုင်မှုစသည့်အချက်များကို ကြိုတင်မြော်တွေးကာ ပြင်ဆင်ဆောင်ရွက်ကြရသည်။ မိသားစုဝင်သက်ကြီးရွယ်အိုများအတွက် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုကုန်ကျစရိတ်များ၊ ငယ်ရွယ်သူများအတွက် ပညာရေးဆိုင်ရာလိုအပ်သည့် ကုန်ကျစရိတ်များနှင့် တစ်ဖက်တွင် အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်ရှိသူများထံမှရရှိနိုင်သည့် ဝင်ငွေတို့ကိုအခြေခံ၍လိုအပ်သည့် မိသားစုအစီအမံများကို ချမှတ်ကြရသည်။ မှန်ကန်သော မိသားစုအစီအမံချမှတ်ထားနိုင်မှသာ စီးပွားရေး၊ လူမှုရေးစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် မိသားစုတစ်စုဖြစ်နိုင်မည်ဖြစ်သည်။
Jul 06, 2024
ဆောင်းပါး
နိုင်ငံတော်မှ နိုင်ငံတစ်ဝန်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးရွာ၊ ရပ်ကွက်အဆင့်များအထိ ကော်မတီများဖွဲ့စည်း၍ နိုင်ငံပိုင်စာကြည့်တိုက်များအပါအဝင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များအားလုံး နိုးကြားတက်ကြွစွာ ပါဝင်လာနိုင်ရေးအတွက် ပညာရေးဌာနလက်အောက်ရှိ ဆရာ ဆရာမများအပါအဝင် စာရေးဆရာများ၊ စာပေမြတ်နိုးသူများသာမက နိုင်ငံချစ်စိတ်ရှိသူတိုင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
Jul 05, 2024
သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်
နိုင်ငံတစ်နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံသား လူတစ်ဦးချင်းစီ၏ အသက်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယောက်ျား၊ မိန်းမအလုပ်အကိုင် စသည့်အချက်အလက်များနှင့် ပတ်သက်၍ အပြည့်အစုံမှတ်တမ်းတင်ထားသောစာရင်းကို “သန်းခေါင်စာရင်း”ဟု ခေါ်ဆိုသည်။ သန်းခေါင်စာရင်းကို အင်္ဂလိပ်ဘာသာစကားဖြင့် Census ဟုခေါ်ဆိုပြီး လက်တင်ဘာသာစကား Censere မှ ဆင်းသက်လာ၏။ ကုလသမဂ္ဂက သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ “၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူရန်၊ လူတစ်ဦးချင်းစီကို ကောက်ယူရန်၊ နယ်နိမိတ်တစ်ခုအတွင်းရှိ နေထိုင်သူအားလုံးကို ကောက်ယူရန်၊ သတ်မှတ်ထားသောအချိန်ကာလအတွင်း တစ်ပြိုင်တည်းကောက်ယူရန်၊ နိုင်ငံတကာကျင့်သုံးမှုများနှင့် ကိုက်ညီရန်”စသည်ဖြင့် အကြံပြုထားသည်။ ယနေ့ခေတ်တွင် သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေအရေအတွက်ကိုသာမကဘဲ တစ်ဦးချင်းစီ၏ ဝိသေသအသေးစိတ်အချက်အလက်များကိုပါ ကောက်ယူလျက်ရှိရာ “လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း” ဟု ခေါ်ဆိုသည်။
Jul 05, 2024
ပြည်သူများ၏ အနာဂတ်ဘဝ ပိုမိုကောင်းမွန်ဖို့ . . .
၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံရော့ခ်ဒေးမြို့ Toad Lane လမ်းတွင် ရက်ကန်းသမား ၂၈ ဦးက ရော့ခ်ဒေးသမဝါယမ ကုန်စုံဆိုင်ဖွင့်လှစ်အောင်မြင်ခဲ့ခြင်းမှ အစပြု၍ သန္ဓေတည်ခဲ့သည့် ကမ္ဘာ့သမဝါယမလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၁၈၀ တိုင်ခဲ့ပြီးဖြစ်ပါသည်။
Jul 05, 2024
“ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်နဲ့ညီတော် အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း စာအုပ်ပြန်ဖတ်ချင်လို့ ခဏငှားပါဦး၊ ဦးလေး”
Jul 04, 2024
ဆောင်းပါး
စီးပွားရေးမသေချာမရေရာမှုများ၊ လူမှုရေးမညီမျှမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများဖြင့် ထင်ရှားသောခေတ်တွင် သမဝါယမစီးပွားရေးပုံစံသည် မျှော်လင့်ချက် မီးရှူးတန်ဆောင်တစ်ခုအဖြစ် ထင်ရှားသည်။
Jul 04, 2024
ဟီးရိုးအင်းသည် မော်ဖင်းမှထုတ်ယူရရှိသော ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ဓာတုဗေဒ ဝေါဟာရအားဖြင့် Diamorphine ဟုခေါ်၍ ဓာတုသင်္ကေတမှာ C21H23NO5 ဖြစ်သည်။ မော်ဖင်းကို ဘိန်းမှထုတ်ယူရရှိခြင်းဖြစ်သောကြောင့် ဟီးရိုးအင်းသည်လည်း မူးယစ်စေတတ်သော ဘိန်းတစ်မျိုးပင်ဖြစ်သည်။ အဖြူအရောင်ဖြစ်သောကြောင့် ဟီးရိုးအင်းကို ဘိန်းဖြူဟူ၍လည်းကောင်း၊ ဆေးဖြူမှုန့်ဟူ၍လည်းကောင်း၊ နံပါတ်ဖိုးဟူ၍လည်းကောင်း အမည်များဖြင့် လူသိများထင်ရှားပါသည်။