Oct 20, 2024
စားရေရိက္ခာဆိုသည်မှာ သက်ရှိသတ္တဝါများ ရှင်သန်ကြီးထွားနိုင်ရန်အတွက် လိုအပ်သော အာဟာရဖြစ်စေသည့်အရာများကို ဆိုလိုပါသည်။ လူတို့နေ့စဉ်သွားလာနိုင်ရန်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးရန်နှင့် ရောဂါဘယများအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အဓိကလိုအပ်သောစွမ်းအင်ကို အစာအာဟာရမှ ရရှိနိုင်မည်ဖြစ်ပါ သည်။ အစားအစာများ၊ စားရေရိက္ခာများသည် လူသားတစ်ဦး၏ လူနေမှုဘဝတွင် အခြေခံအကျဆုံးလိုအပ်ချက်လည်း ဖြစ်ပါသည်။
Oct 19, 2024
သင်ဟာ ဘယ်သန်လား၊ ညာသန်လား၊ သင့်ကိုယ်သင် သိပါရဲ့လား။ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ သဘောထားကို လေ့လာကြည့်ရင် သင်ဟာဘယ်သန်လား၊ ညာသန်လားဆိုတာ တန်းသိနိုင်လောက်တဲ့နည်းတွေ ဖတ်ရှုလေ့လာခဲ့ဖူးပါတယ်။
Oct 19, 2024
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်မှာ လူသားတစ်ဦးချင်းစီ၏ အသက်သွေးကြောဖြစ်သည့် ပညာရေးပင်ဖြစ်ပေရာ နိုင်ငံ၏ပညာရေးစနစ်ကို ဦးစားပေးကဏ္ဍအဖြစ် အလေးပေးလုပ်ဆောင်လာနေကြသည်။ “ပညာသမာ အာဗာနတ္ထိ - ပညာနှင့်တူသော အလင်းရောင်သည်မရှိ” ဟု ဆိုထားပေရာ စာပေသည်လူသားတိုင်း၏ မီးရှူးတန်ဆောင်အလင်းရောင်ပင် ဖြစ်ပေသည်။
Oct 18, 2024
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ Social Policy and Poverty Research Group တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စစ်တမ်းအရ ဆင်းရဲတဲ့ပြည်သူတွေ၊ လုပ်ကွက်ငယ်တောင်သူတွေဟာ ငွေကြေးအရင်းအနှီးလိုအပ်ကြောင်း၊ နည်းပညာလိုအပ်ကြောင်း တွေ့ရှိရပါတယ်။ အခြားစစ်တမ်းတွေမှာလည်း ဒီလိုပဲတွေ့ရတဲ့အတွက် လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ သွင်းအားစုတွေထောက်ပံ့ပေးနိုင်တဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွေကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍမှာ တောင်သူတွေရဲ့ လိုအပ်ချက်ကိုသိရှိပြီး ဖြည့်ဆည်းပေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
Oct 18, 2024
“စာပေရေးသားကြရန် ဝါသနာပါသူများကို စာရေးသားနည်း အခြေခံသဘောတရားများ သင်ကြားပေးခြင်းအားဖြင့် စာပေလောကသား မျိုးဆက်သစ်များ တိုးပွားများပြားလာပြီး စာပေလောကဖွံ့ဖြိုးတိုးတက်စေရန်” ဟူသော ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းက “စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းများ”ကို တစ်နှစ်လျှင်တစ်ကြိမ် ဖွင့်လှစ်ပို့ချပေးခဲ့ရာ ၁၀ နှစ် (၁၀)ကြိမ် အောင်မြင်ခဲ့ပြီး ယခု(၁၁)ကြိမ်မြောက် သင်တန်းကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ဖွင့်လှစ်ပို့ချပေးရန် စီစဉ်နေကြလေပြီ။
Oct 18, 2024
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို မိမိတို့ကိုယ်ပိုင် အနုသုခုမယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ လူမှုအမူအကျင့်၊ ဝတ်စားဆင်ယင်မှု၊ မိခင်ဘာသာစကား၊ စာပေသမိုင်းကြောင်းတွေကို အလေးအနက် တန်ဖိုးထားလေ့ရှိကြတယ်။ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဘုံစံတန်ဖိုးများဖြစ်တဲ့အပြင် ဂုဏ်ယူစရာ သမိုင်းအမွေအနှစ်တွေအဖြစ် မျိုးဂုဏ်မြင့်မားစေတဲ့အတွက် ဖြစ်ပါတယ်။ အလားတူ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးရယ်လို့ မော်ကြွားနိုင်တဲ့ ထိုထိုလက္ခဏာရပ်တွေကို သမိုင်းစဉ်ဆက် ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်လည်း ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးရယ်လို့ အမြဲဂုဏ်ယူစရာဖြစ်ခဲ့ကြရတယ်။
Oct 17, 2024
နမ့်ခမ်းသားညီငယ်က သူ၏စာအား ဤသို့ဆက်လက်ရေးသားဖော်ပြပါသည်။
Oct 17, 2024
အောက်တိုဘာလ ၁၇ ရက်သည် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားတော်မူခဲ့သည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့မြတ်ဟု သတ်မှတ်ပူဇော်ကြသည်။ သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ပြန်လည် ကြွမြန်းလာတော်မူသည့် မြတ်စွာဘုရားရှင်အား သင်္ကဿနဂိုရ်ပြည်မှ မင်းနှင့်တကွသော ပြည်သူတို့သည် ဆီမီးထွန်းညှိပူဇော်ခဲ့သည့် အစဉ်အလာအတိုင်း သီတင်းကျွတ်လတွင် ဆီမီးထွန်းပွဲ ပြုလုပ်ကြသည်။
Oct 16, 2024
“ပညာမြင့်မှ လူမျိုးတင့်မည်” ဟူသောဆောင်ပုဒ်သည် အဓိပ္ပာယ်ပြည့်ဝမှုများနှင့် အလွန်လေးနက်မှန်ကန်သော ဆောင်ပုဒ်ပင်ဖြစ်ပါ၏။ အခြားနိုင်ငံတွေမှာ ပညာ၏အရေးပါမှုနှင့်ပတ်သက်၍ မည်သို့ဆောင်ပုဒ်များချမှတ်ထားသည်ကို မသိရသော်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ခဏတာရောက်ခဲ့စဉ် မြေအောက်ရထားစီးရင်း စာအုပ်နဲ့မျက်နှာထိလုမတတ် စာဖတ်သူတွေကို စာရေးသူတွေ့ခဲ့ဖူးသည်။ ထို့အပြင် ဂျပန်ရောက်ဖူးသည့် မိတ်ဆွေတချို့ကလည်း ဂျပန်ပြည်သူများ၏ ပညာရှာဖွေဆည်းပူးမှုကို ပြောပြသည်။
Oct 15, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
