Skip to main content
Jun 05, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jun 04, 2024
ဆောင်းပါး
လူသားများ ရှင်သန်ရပ်တည်နိုင်ရန်အတွက် ပတ်ဝန်းကျင် ရေရှည်တည်တံ့ကောင်းမွန်ရန် လိုအပ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် လက်ရှိကြုံတွေ့နေရသော ဖြစ်စဉ်များကိုလေ့လာကြည့်ပါက သစ်တောများ ပြုန်းတီးပျက်စီးခြင်း၊ တောရိုင်းတိရစ္ဆာန်များ နေထိုင်ရာဒေသများဖြစ်သည့် ရေ၊ မြေ၊ တော၊ တောင် ဂေဟစနစ်အမျိုးမျိုးပျက်စီးခြင်း၊ သစ်တောဖုံးလွှမ်းသောဧရိယာများတွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းများနှင့် စိုက်ပျိုးမြေများ အလွန်အကျွံ ချဲ့ထွင်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် မြေအသုံးချမှု ပြောင်းလဲခြင်း၊ ရေနေသတ္တဝါများ အလွန်အကျွံဖမ်းဆီးခြင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှုများပြားသော စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရုပ်ကြွင်းလောင်စာအခြေခံသည့် စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ခြင်း စသည်တို့ကြောင့် သဘာဝပတ်ဝန်းကျင် တစ်နေ့ထက်တစ်နေ့ ပျက်စီးလာသည်ကို ထင်ထင်ရှားရှားတွေ့မြင်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့်အတူ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များအပါအဝင် နောက်ဆက်တွဲ ဆိုးကျိုးများကို ရင်ဆိုင်ကြရလျက်ရှိပါသည်။
Jun 04, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jun 03, 2024
ဆောင်းပါး
ဝါသီးနှံသည် အဝတ်အထည်ထုတ်လုပ်မှု အတွက်သာမက ပြည်တွင်းဆီဖူလုံရေးအတွက် စားသုံးဆီနှင့် စက်မှုလုပ်ငန်းသုံးဆီကို ဝါအစေ့မှထုတ်ယူနိုင်ပြီး ဝါစေ့ကြိတ်ဖတ်များကို အသား ထုတ်လုပ်မှုတိုးတက်ရေးအတွက် တိရစ္ဆာန်အစာအဖြစ်ပါအသုံးပြုနိုင်၍ စီးပွားရေးအရ အရေးပါသော သီးနှံတစ်ခု ဖြစ်သည်။
Jun 03, 2024
ထိုဝေါဟာရနှင့်ပတ်သက်၍ စာရေးသူချင်း ရှင်းခဲ့ရဖူး၏။ ပညာရေးအရာရှိကြီးတစ်ယောက်နှင့်လည်း ဆွေးနွေးခဲ့ဖူး၏။ သို့ရာတွင် ထိုသူတို့သည် ပညာနှင့် နီးကြသူများဖြစ်၍ ငြင်းခုံခြင်းကင်းကာ တစ်ခဏအတွင်းမှာပင် ဘဝင်ကျသွားကြသည်ချည်းဖြစ်၍ တော်ပေသေး၏။
Jun 03, 2024
ဆောင်းပါး
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေသည် ရခိုင်ပြည်နယ်၏ တောင်ဘက်ခြမ်း ဘင်္ဂလားပင်လယ်အော်၏ နေဝင်ရာအနောက်အရပ်ကို မျက်နှာမူလျက်တည်ရှိကာ ပြန့်ပြူးသောရေပြင် ညီကမ်းခြေ၊ ဖြူလွသောသဲသောင်ပြင်၊ ကြည်လင်သောရေပြင်နှင့် ပြာလဲ့သောပင်လယ်ပြင်ကြီးတို့ဖြင့် ကမ်းခြေအလျား ၈ ဒသမ ၅ မိုင်ခန့်ရှိကာ အေးချမ်းသာယာလှပသောကမ်းခြေအဖြစ်ကောင်း သောအမည်နာမများဖြင့် ကမ္ဘာကျော်သော ဒေသတစ်ခုလည်းဖြစ်ပါသည်။ အလွန်ကျယ်ပြောပြီး အေးချမ်းသော ကမ်းခြေပင်လယ်ပြင်ကြီးကို ပိုင်ဆိုင်ထားသဖြင့် ပြည်တွင်းပြည်ပမှ အနားယူအပန်းဖြေဧည့်သည်များဖြင့် အလွန်စည်ကားသလို တစ်ခါတစ်ခေါက်လာရောက်သော ဧည့်သည်များအား လတ်ဆတ်သော ရေငန်ငါး/ပုစွန်မျိုးစုံတို့ ကလည်း သဘာဝမှမျက်နှာသာပေးထားသည့်အလား ပင်လယ်စာများစွာဖြင့် ဆွဲဆောင်မှု ကောင်းသော ဒေသတစ်ခုလည်း ဖြစ်ပါသည်။
Jun 03, 2024
ဆောင်းပါး
မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ရာ နိုင်ငံ၏စီးပွားရေးထုတ်ကုန် အများစုသည် စိုက်ပျိုးရေးကဏ္ဍမှ ထွက်ပေါ်လာကြသည်။ တိုးပွားလာသော လူဦးရေနှင့်အညီ နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရန်အတွက် လယ်ယာကဏ္ဍကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာစေရန်နှင့် ထုတ်လုပ်မှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်လာသည်။
Jun 03, 2024
ဆောင်းပါး
မြန်မာတို့၏ “ကျောင်း” ဆိုသည့် အဓိပ္ပာယ်က ထိန်းကျောင်းကလာသည်ဟု ဆိုပါသည်။ ကလေးများကို ယနေ့မှစ၍ ဘဝအဆုံးသတ်သည့်အချိန်ထိ ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာ ထိန်းကျောင်းတတ်အောင် လေ့ကျင့်ပေးသည့်နေရာပါ၊ အများမြင်သလို “စာချည်း သက်သက်သင်” ပေးသည့်နေရာမဟုတ်ပါ။ စာကိုအခြေပြု၍ လူ့စွမ်းရည် အစွမ်းကုန်ဖွံ့ဖြိုးအောင် လေ့ကျင့်သည့်နေရာပါ။
Jun 02, 2024
ဆောင်းပါး
ယခုနှစ် နွေရာသီကာလတွင် ပူပြင်းခြောက်သွေ့မှုကို တစ်နိုင်ငံလုံးသိသိသာသာ ခံစားကြရသည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့အပါအဝင် အချို့သောမြို့များသည် ကမ္ဘာ့အပူပြင်းဆုံး မြို့ကြီးများစာရင်း၌ ရက်ပေါင်းများစွာ ပါဝင်ခဲ့သည်။ ပြင်းထန်သောအပူဒဏ်ကြောင့် ဒေသအချို့တွင် လူသေဆုံးမှုများပင် ဖြစ်ပေါ်ခဲ့ရသည်။ ဒေသအနှံ့အပြားတွင် ရေရှားပါးမှု၊ ရေတွင်းရေကန် ခန်းခြောက်မှုများနှင့် ကြုံတွေ့ကြရသည်။ ဤဖြစ်စဉ်များက အများပြည်သူတို့အား သစ်ပင်များများ စိုက်ပျိုးသင့်ကြောင်းနှင့် သစ်ပင်ခုတ်လှဲထားသော နေရာများတွင် ကြီးမြန်သစ်ပင်များ အစားထိုးပြန်လည်စိုက်ပျိုးသင့်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်ကို သိမြင်နိုင်ပါလိမ့်မည်။
Jun 02, 2024
ဆောင်းပါး
လက်ရှိမြန်မာနိုင်ငံ၏ စက်မှုကဏ္ဍလုပ်ငန်းများတွင် တရားဝင်မှတ်ပုံတင်ထားသော စက်မှုလုပ်ငန်းကြီး၊ လုပ်ငန်းလတ်၊ လုပ်ငန်းငယ်ပေါင်း ငါးသောင်းကျော်နှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း နှစ်သောင်းကျော်ခန့်ရှိရာ အဆိုပါစက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း တစ်နည်းအားဖြင့် လိုအပ်လျက်ရှိသော စက်မှုကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနိုင် စေမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေချိန်တွင် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည့် ကျွမ်းကျင်လုပ်သား လုံလောက်စွာမရှိခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး မှုနည်းပါးခြင်းတို့ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည့် စက်မှုသင်တန်းကျောင်းများအကြောင်းကို ဆက်လက်ဖော်ပြသွားပါမည်ဖြစ်ပါသည်။