Skip to main content
Jun 11, 2024
ဆောင်းပါး
အွန်လိုင်းလိမ်လည်မှုဆိုသည်မှာ အင်တာနက်အွန်လိုင်း ဆက်သွယ်မှုကွန်ရက်ကိုအသုံးချ၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ ငွေကြေး သို့မဟုတ် အချက်အလက်များ လိမ်လည်လှည့်ဖြား ရယူခြင်းပင်ဖြစ်ပါသည်။ အင်တာနက်အွန်လိုင်း အသုံးပြုကျူးလွန်မှုတွင် သိသာထင်ရှားသော မှုခင်းအမျိုးအစားများမှာ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာမှုခင်းများ ဖြစ်ပါသည်။ ယင်းမှုခင်းများအနက် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရပြီး နိုင်ငံသားများ၏ ပိုင်ဆိုင်မှု ငွေကြေးနှင့် လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသောမှုခင်းမှာ အွန်လိုင်းလိမ်လည်မှုပင် ဖြစ်ပါသည်။
Jun 11, 2024
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ဖြေရှင်းရခက်နေတဲ့ အရှုပ်အထွေးတစ်ခုအပေါ်မှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်က အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကြောင့် အမှန်အတိုင်း ရှိနေတဲ့ ပကတိအခြေအနေမှန်တစ်ခုကို ကမ္ဘာ့ပြည်သူတွေ သိခွင့်၊ မြင်ခွင့်ရခဲ့ပါပြီ။ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ လူမျိုးတစ်ခုရဲ့ အရေးအရာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမိုင်းမှာ အမြဲတမ်းကစားနေကျ နိုင်ငံရေးခွင်တစ်ခုအဖြစ် အမြဲအသုံးချခံခဲ့ရပါတယ်။ အထူးသဖြင့် BNP လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်အတိုက်အခံပါတီဟာ မြန်မာလူမျိုးတွေ လက်မခံတဲ့ ရိုဟင်ဂျာအမည်ကို အမြဲသုံးပြီး ပြောင်ပြောင်တင်းတင်း နိုင်ငံရေးလုပ်စားခဲ့ကြဖူးပါတယ်။ ယခု လက်ရှိအာဏာရ ရှိတ်ဟာစီနာ ခေါင်းဆောင်တဲ့ အဝါမီလိဂ်ပါတီကတော့ BNP နဲ့စာရင် ဆန့်ကျင်ဘက် အပြုသဘော ဆန်တဲ့ဘက်မှာ ရပ်တည်လာနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
Jun 11, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jun 11, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jun 10, 2024
ဆောင်းပါး
စာဖတ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာရရှိစေနိုင်ပါသည်။ စာဖတ်ခြင်းဖြင့် ဦးနှောက်ကို အားကောင်းစေခြင်း၊ တခြားသူအပေါ် စာနာနားလည်နိုင်စွမ်း မြင့်မားလာခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်းနှင့် ဝေါဟာရအသုံးအနှုန်း ကြွယ်ဝလာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
Jun 10, 2024
ဆောင်းပါး
မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် မြေပဲသီးနှံသည် ဒုတိယစိုက်ပျိုးမှုအများဆုံးသီးနှံဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတို့နှင့် ရှမ်းပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို မိုးမြေပဲ၊ ဆောင်းမြေပဲများ စိုက်ပျိုးလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေတွင် စုစုပေါင်းမြေပဲစိုက်ဧက ၃၀၀၃၅၃၇ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ပျမ်းမျှအထွက်နှုန်း ၅၂.၃၄ တင်းဖြင့် ဆီထွက်မက်ထရစ်တန် ၄၀၃၁၁၁ ထွက်ရှိခဲ့ပါသည်။ ထို့ကြောင့်မြေပဲသီးနှံမှ ဆီထွက်ရှိမှုသည် ဆီထွက်သီးနှံစုစုပေါင်း ဆီထွက်ရှိမှု၏ ၅၀.၄၉ ရာခိုင်နှုန်း ထွက်ရှိခဲ့ပါသည်။
Jun 10, 2024
ဆောင်းပါး
စီးပွားဖြစ်ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရာတွင် ကိုင်းဖြတ်ပြုပြင်ခြင်းသည် အဓိကထား၍ လုပ်ဆောင်ရမည့်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကော်ဖီတွင် ကိုင်းဖြတ်ပြုပြင်ပေးခြင်းသည် ကော်ဖီနှစ်ခြား သီးခြင်း (biennial bering) မှ ကာကွယ်ပေးပါသည်။
Jun 10, 2024
ဆောင်းပါး
မြန်မာနိုင်ငံ၌ စပါးအပါအဝင် ဆီထွက်သီးနှံများ၊ ပဲအမျိုးမျိုးနှင့် အခြားသီးနှံပေါင်းများစွာကို နိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး နိုင်ငံအတွင်းထုတ်လုပ်မှုမှ ဆန်နှင့်ပဲကို ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ရုံသာမက ပိုလျှံသောထုတ်ကုန်များကို ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်ကို တွေ့ရှိရပါသည်။ သို့သော် စားသုံးဆီကို လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ ပြည်ပမှတင်သွင်းနေရသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဒေသတွင်းစားသုံးဆီဖူလုံရေးကို အလေးထား၍ ဆောင်ရွက်ရန်လိုအပ်ပြီး ယခုအခါ နိုင်ငံတော်အစိုးရက စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် အလေးအနက်ထားဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။
Jun 09, 2024
ဆောင်းပါး
မိုးကလေးအရွာ မိုးဝင်ချိန်တွင် အအေးမိဖျားနာတုပ်ကွေးရောဂါသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ကမ္ဘာပေါ်တွင် တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများလည်းရှိမြဲရှိဆဲဖြစ်သည်။ ရာသီတုပ်ကွေးကြောင့် အအေးမိနှာစေးချောင်းဆိုးဖြစ်မှ ဆေးရုံ၊ ဆေးခန်းသို့သွားခြင်းထက် တုပ်ကွေးရောဂါမဖြစ်မီ ကြိုတင်ကာကွယ် ဂရုစိုက်နေထိုင်သင့်ပါသည်။
Jun 09, 2024
ဆောင်းပါး
လူသားတို့ အသက်ရှင်နေထိုင်ရပ်တည်မှုတွင် စားရေး၊ ဝတ်ရေး၊ နေရေးဟူသည့် အရေးသုံးပါးရှိသည့်အနက် ဝတ်ရေးအတွက် “ဝါ” သည် အစဉ်အမြဲလိုအပ်သော ကုန်ပစ္စည်းဖြစ်သည့် အားလျော်စွာ ဝါသီးနှံကိုစိုက်ပျိုး၍ ချည်ထည်ကုန်ချောများ ထုတ်လုပ်သည့်လုပ်ငန်းကို နိုင်ငံတိုင်းက ဦးစားပေးလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ကမ္ဘာ့လူဦးရေ၏ လေးပုံသုံးပုံခန့်သည် ဝါဂွမ်းမှထုတ်လုပ်သော ဝါချည်မျှင်ဖြင့် ရက်လုပ်သည့် ချည်ထည်အဝတ်အစားတို့ကို ဝတ်ဆင်ကြကြောင်း ကမ္ဘာ့မှတ်တမ်းများအရ လေ့လာတွေ့ရှိရပါသည်။ ချည်ထည်များသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ငွေကြေးအနည်းငယ်မျှနှင့် ဝယ်ယူနိုင်၍ လူအများစု လက်လှမ်းမီသော အထည်အလိပ်မျိုးဖြစ်ခြင်းတို့ကြောင့် ယခုတိုင် လူသုံးများလျက်ရှိပေသည်။