Skip to main content
Mar 23, 2024
ဆောင်းပါး
ယနေ့ ကမ္ဘာ့နိုင်ငံများသည် ခေတ်မီနည်းပညာ ဆက်သွယ်ချိတ်ဆက်မှုကွန်ရက်များ အချိန်နှင့်တစ်ပြေးညီ ဖြန့်ကြက်လွှမ်းမိုးလျက်ရှိသော ကမ္ဘာ့အသိုက်အဝန်းကြီးတစ်ခုအသွင်ဖြင့် သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်၍ ဖွဲ့စည်းဖြစ်တည်လျက်ရှိကြပြီး သမားရိုးကျစိန်ခေါ်မှုများဖြစ်သည့် နိုင်ငံရေးအားပြိုင်မှုများ၊ နည်းပညာယှဉ်ပြိုင်မှုများ၊ ကမ္ဘာ့စီးပွားရေးဈေးကွက်ချဲ့ထွင်မှုများ၊ သဘာဝသယံဇာတစိန်ခေါ်မှုများအပြင် သမားရိုးကျမဟုတ် သည့် စိန်ခေါ်မှုများဖြစ်သည့် ကူးစက်မြန်ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် လူကုန်ကူးမှုကဲ့သို့သော ပြဿနာရပ်များကိုပါ ရင်ဆိုင်ကြုံတွေ့လျက်ရှိပါသည်။ ထိုသို့ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော စိန်ခေါ်မှုများနှင့်အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရာတွင် ကမ္ဘာ့နိုင်ငံများသည် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများအတွင်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး မူဝါဒများကို မဟာဗျူဟာကျကျ ထည့်သွင်းချမှတ်လာခဲ့ကြပြီး ပေါင်းစည်းအင်အားဖြင့် ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းလာခဲ့ကြသည်ကို တွေ့ရှိရပါသည်။
Mar 22, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Mar 22, 2024
ဆောင်းပါး
ယနေ့မြန်မာ့တပ်မတော်ဟာ ပထဝီနိုင်ငံရေးအရ နယ်မြေချဲ့ထွင်လိုတဲ့ ပြည်ပဖိအားတွေကို အန်တုရင်းဘယ်ခေတ်နဲ့မှမတူတဲ့ ပြည်တွင်းလက်နက်ကိုင်ပေါင်းစုံနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတယ်၊ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာပွန်းပဲ့ပါမသွားအောင် ကြိုးစားကာကွယ်နေရသလို ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးမသွား အောင်လည်း စောင့်ရှောက်ကာကွယ် ပေးနေရတယ်၊ အသက်သွေးချွေး အမြောက်အမြား စွန့်လွှတ်ပေးဆပ်မှု အရင်းအနှီးကြီးကြီးနဲ့ကို ပြည်သူအတွက်၊ နိုင်ငံအတွက်ပေးဆပ်နေရခြင်းဖြစ်ပါတယ်။
Mar 22, 2024
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးသည် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသစ်အသစ်သော သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာရပ်များကို တီထွင်ကြံဆလုံ့လစိုက် ကြိုးပမ်းလျက်ရှိကြပါသည်။ အဆိုပါအသစ်ဖြစ်သော တီထွင်မှုများပေါ်ထွက်လာရေးအတွက် ရင်းနှီးမြှုပ်နှံမှုပေါင်းများစွာဖြင့် အားဖြည့်ဆောင်ရွက်လျက်လည်း ရှိကြပါသည်။ မြန်မာနိုင်ငံတွင်လည်း တီထွင်ဖန်တီးမှုစွမ်းပကားများ မြင့်မားလာစေရေးဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးဖော်ဆောင် ပေးရန် ဆောင်ရွက်လျက်ရှိပါသည်။
Mar 22, 2024
ဆောင်းပါး
ရေသည် ကျွန်ုပ်တို့အားလုံးရှင်သန်ရေးအတွက် အရေးကြီးသောအရာတစ်ခုဖြစ်သကဲ့သို့ သက်ရှိအားလုံးအတွက် အခြေခံအကျဆုံး သဘာဝအရင်းအမြစ်တစ်ခုလည်း ဖြစ်သည်။ “ရေအသက်တစ်မနက်”ဆိုသကဲ့သို့ပင် ကျွန်ုပ်တို့အသက်ရှင်ရပ်တည်ရေးအတွက် ရေကိုမရှိမဖြစ် လိုအပ်ပါသည်။ ရေသည်စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့အတွက် ပဓာနကျသောအရာဖြစ်သည်နှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း သွယ်ဝိုက်ကာ အထောက်အကူပြုလျက်ရှိသည်။ ရေကြောင့်ပင် ကမ္ဘာကြီးသာယာဝပြောကာ ငြိမ်းချမ်းစေနိုင်သကဲ့သို့ ရေကြောင့်ပင် အငြင်းပွားကာ ပဋိပက္ခများကိုလည်း ဖြစ်စေနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် ရေကောင်းရေသန့်ရရှိရေးနှင့် ရေဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂကဦးဆောင်ကာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့်လည်း နိုင်ငံတကာနှင့်သက်ဆိုင်သော ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ကာ နိုင်ငံတိုင်းက ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။
Mar 22, 2024
ကမ္ဘာ့နိုင်ငံများအားလုံးမှာ မိမိနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့အတွက် ကာကွယ်ရေးစွမ်းအားစုတွေ စုဆောင်းနိုင်အောင် ကွဲပြားခြားနားတဲ့ စစ်မှုထမ်းဥပဒေများကို ကျင့်သုံးလျက်ရှိကြပါတယ်။ ဒီလိုကျင့်သုံးတဲ့နေရာမှာ မိမိနိုင်ငံအတွက်လိုအပ်မယ့်၊ ကိုက်ညီမယ့်ပမာဏကို စိစစ်ခေါ်ယူလေ့ရှိကြပါတယ်။ သို့သော်လည်း ဒီလိုစစ်မှုထမ်း ဥပဒေတွေရဲ့ တကယ့်အနှစ်သာရက နိုင်ငံသား အားလုံးသည် မိမိနိုင်ငံကိုကာကွယ်ဖို့ တာဝန်ရှိတယ်။ လိုအပ်ရင်စစ်မှုထမ်းဆောင်ရမယ်။ နိုင်ငံတော်ကာကွယ်ရေး အတတ်ပညာတွေတတ်ရမယ်ဆိုတဲ့အသိစိတ်ဓာတ်ရှိလာအောင် ပြဋ္ဌာန်းထားကြတာ ဖြစ်ပါတယ်။ ဒီလိုပြဋ္ဌာန်းပြီး ရွေးချယ်စိစစ်ခေါ်ယူမယ့် နည်းလမ်းနဲ့ ပမာဏကို နိုင်ငံတော်မှ သုံးစွဲနိုင်မယ့် ဘဏ္ဍာငွေပမာဏနဲ့၊ နိုင်ငံရေးနဲ့လုံခြုံရေးပတ်ဝန်းကျင်အခြေအနေတွေအရ ထိန်းညှိဆောင်ရွက်ကြရပါတယ်။
Mar 21, 2024
ဆောင်းပါး
လူသားတို့၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြား ကျန်းကျန်းမာမာအေးချမ်းသာယာစွာ အသက်ရှင်ရပ်တည်နိုင်ရေးသည် အရေးကြီးပြီး ထိုကဲ့သို့နေထိုင်လိုကြသူချည်းသာ။ သို့သော် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ကာကွယ်ပေးနိုင်ရန်အတွက် သူတို့၏အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါ၊ စည်းစိမ်ဥစ္စာ၊ မိဘဇနီး သားသမီးတို့နှင့် အေးချမ်းသာယာသောဘဝကို စွန့်လွှတ်ဝံ့သူတို့ရှိသည်။ သာမန်လူတို့လုပ်နိုင်ရန် ခက်ခဲသည့် အရာရာကိုပေးဆပ်ခြင်းဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုကြသူများသည် တပ်မတော်သားများပင်ဖြစ်၏။
Mar 21, 2024
ဆောင်းပါး
ရေဟာ ရုက္ခသတ္တလောကတို့ရဲ့ အသက်အတွက် အခြေခံအရင်းအမြစ်ပဲ။ ကျန်းမာရေးစားနပ်ရိက္ခာနဲ့ စီးပွားရေးဖွံ့ဖြိုးမှုတို့ရဲ့ ဇာစ်မြစ်ဖြစ်ပါတယ်။ ရေအသက် တစ်မနက် ဆိုသလို ရေမရှိပါက သစ်ပင်နဲ့သစ်တော မရှိနိုင်၊ တိရစ္ဆာန်နဲ့ လူတို့လည်း ရှိနိုင်မှာမဟုတ်။ စဉ်းစားကြည့်ရင် သဘာဝတရားကြီးဟာ လူသတ္တဝါအပေါင်းရဲ့ လိုအပ်ချက်ဖြစ်တဲ့ရေကို လူသားတို့အသက်ရှင်နိုင်ဖို့သာမက လူနဲ့လူ့ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ အားလုံးအတွက် ဖြည့်ဆည်းလျက်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။
Mar 20, 2024
နိုင်ငံတစ်ဝန်းရှိ အရွယ်ရောက်သူအများပြည်သူတို့သည် အခြေခံပညာ ကျောင်းနေစဉ်က နိုင်ငံတော်သီချင်းကို အားလုံးသီဆိုခဲ့ဖူးကြပါသည်။ “ကမ္ဘာမကျေ မြန်မာပြည်၊ တို့ဘိုးဘွားအမွေစစ်မို့၊ ချစ်မြတ်နိုးပေ။ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။ တို့ပြည် တို့မြေ အကျိုးကို ညီညာစွာတို့တစ်တွေ ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ။”
Mar 20, 2024
မတ်လ ၁၈ ရက်နေ့တွင် သတ္တမအကြိမ်မြောက် “လန်ချန်း - မဲခေါင် သီတင်းပတ်” ကျရောက်တော့မည် ဖြစ်သည်။ လန်ချန်းမြစ်-မဲခေါင်မြစ်သည် တရုတ်နိုင်ငံ ချင်းဟိုင်တိဘက်ကုန်းပြင်မြင့်ဒေသ ထန်ကူလာတောင်တန်းမှ မြစ်ဖျားခံလာပြီး မိုင်ထောင်ချီကွေ့ကောက်စီးဆင်းကာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ခြောက်နိုင်ငံကို နီးစပ်စွာချိတ်ဆက်ပေးလိုက်ပါသည်။ ၂၀၁၆ ခုနှစ်တွင် ခြောက်နိုင်ငံက ခေါင်းဆောင်များသည် “တစ်မြစ်ထဲရေအတူသောက် သုံး၍ ကံကြမ္မာချင်းနီးကပ်စွာ ချိတ်ဆက်နေခြင်း” စိတ်ဓာတ်ဖြင့် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဟူသော ဒေသခွဲ ပူးပေါင်း ဆောင်ရွက်မှုယန္တရားပုံစံအသစ်ကို အတူစတင်ခဲ့ပါသည်။ ရှစ်နှစ်တာအတွင်း၌ လန်ချန်း - မဲခေါင် ခြောက်နိုင်ငံသည် တန်းတူညီမျှဆက်ဆံပြီး ရိုးသားစွာအပြန်အလှန်ကူညီကာ တစ်မိသားစုတည်းပမာ ချစ်ခင်ရင်းနှီးကြသည်။ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် သုညမှယခုကဲ့သို့တိုးတက်လာသည်အထိ အရည်အသွေးမြှင့် အဆင့်မြှင့်တင်လာပြီး များပြားသောရလဒ်များ ဆွတ်ခူးရရှိခဲ့ပါသည်။ လန်ချန်း-မဲခေါင်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုသည်လည်း အဆက်မပြတ် ခိုင်မြဲနက်ရှိုင်းလာပြီး မြစ်ဝှမ်းဒေသနိုင်ငံမှ ပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွားများ သယ်ဆောင်လာပေးပါသည်။