Mar 20, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအများ ယုံကြည်အားထားသည့် တိုင်းရင်းဆေးပညာ ဘက်စုံမြင့်မားတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနသည် တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ဘက်ပေါင်းစုံအရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းဆေးပညာသည် ပြည်သူလူထု၏ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ရန် ခေတ်အဆက်ဆက်လက်ဆင့်ကမ်းခဲ့သော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် အမျိုးသားရေးဆေးပညာ တစ်ရပ်ဖြစ်ပါသည်။
Mar 19, 2024

ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲလာမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ မြစ်ချောင်းများ ရေခန်းခြောက်မှုများနှင့် သဲကန္တာရဖြစ်ထွန်းမှုများ ပိုမိုများပြားလာလျက်ရှိသည်။ ရာသီဥတုပြောင်းလဲလာ၍ မြေမျက်နှာပြင်၊ မြစ်ချောင်းအင်းအိုင်၊ ရေကန်တို့၏ မျက်နှာပြင်တွင် အငွေ့ပြန်မှု ပိုမိုဖြစ်ပွား သည်။ အပူချိန်များသောဒေသများရှိ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများတွင် ရေပိုမိုသုံးစွဲရသည်။ ထိုသို့ကမ္ဘာကြီးသည် တစ်နေ့တခြား ပိုမိုပူနွေးလာမှုကြောင့် နောက်ဆက်တွဲပြဿနာများတွင် အဆိုးရွားဆုံးနှင့် အဓိကရင်ဆိုင်ရမည့်ပြဿနာမှာ ရေရှားပါးမှုပြဿနာဖြစ်သည်။ မိုးခေါင်ရေရှားမှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာမှုကြောင့် လာမည့်နှစ်များအတွင်း ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာသည် ရေအငတ်ဘေးကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားသည်။
Mar 19, 2024

ဆောင်းသက်လေ၊ ရော်ရွက်ကြွေ မြေမှာခပါတဲ့၊ နွေလအပြောင်း။ ပြာနုငယ်ကြည်၊ ကာဠုထေရ် ဂါထာစီတဲ့၊ ရာသီမိန်ချိန်သမယမှာ၊ လွမ်း(စရာ့) လှတပေါင်း။ ။ ဟူသော စာရေးတော်ကြီး ဦးမောင်ကလေး၏ တပေါင်းလဘွဲ့လက်တန်းကဗျာကို ဤလသို့ရောက်တိုင်း အမှတ်ရနေမိတော့သည်။
Mar 19, 2024

၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ရည်ရွယ်ချက်များ၌ “မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က အသိအမှတ်ပြုနိုင်ရန်” ဆိုသည့် ရည်ရွယ်ချက်ပါဝင်ပါသည်။
Mar 18, 2024

လွန်ခဲ့သောလေးနှစ်ခန့်က လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာနှင့် ခုံကြီးကျေးရွာအကြားရှိ ဝါးတံတားလေးပေါ်မှာ ခြေစုံရပ်၍ ပတ်ဝန်းကျင်တစ်ခွင် ငေးမောကြည့်ရှုရင်း နောင်တစ်ချိန်သည်နေရာ၊ သည်တံတားကို ပြုပြင်တည်ဆောက်ပေးခွင့်ရလျှင် ကောင်းလေစွဟု အတွေးဝင်ခဲ့ဖူးသည်။
Mar 18, 2024

နွေဦးကာလဖြစ်သော တပေါင်းလသည် မြန်မာတစ်ဆယ့်နှစ်လရာသီတွင် နောက်ဆုံးလဖြစ်သည်။ “တ”ဟူသော အဓိပ္ပာယ်မှာ တန်း၊ ထန်း၊ ထန်းပင်ဖြစ်၍၊ “ပေါင်း”ဟူသော အဓိပ္ပာယ်မှာချက်သည်၊ ကျိုသည်ဖြစ်သည်။ ထို့ကြောင့် “တပေါင်းလ”၏ အဓိပ္ပာယ်မှာ ထန်းချက်သမားများ ထန်းရည်ကျိုသောလ၊ ထန်းချက်သောလဖြစ်ပါသည်။ အချို့ကထန်းပေါင်းလဟုလည်း ခေါ်ကြသည်။ အကြောင်းမှာ ထန်းပင်ဖိုမှရသော ညှပ်ရည်နှင့် ထန်းမပင်မှရသော သီးနုရည်တို့ကို ပေါင်းစပ်ချက်သဖြင့် ထန်းဖိုရည်နှင့် ထန်းမရည် ပေါင်းစပ်ကျိုချက်သောလဖြစ်သဖြင့် “ထန်းပေါင်းလ”ဟုခေါ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာတစ်ဆယ့်နှစ်လရာသီ နောက်ဆုံးလသည် ထန်းပေါင်း၊ ထပေါင်း၊ ထိုမှတဖြည်းဖြည်း ရွေ့လျောလာရာမှ တပေါင်းလဟု အမည်တွင်လာသည်။
Mar 18, 2024

ဆန်းသစ်တီထွင်မှုသည် တီထွင်မှုများ၏ အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ယနေ့ခေတ်တွင် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဆန်းသစ်တီထွင်မှုများ အများအပြားပေါ်ထွန်းလျက်ရှိပြီး ခေတ်မီနည်းပညာများကြောင့် လူမှုအသိုက်အဝန်းတွင် ဖွံ့ဖြိုးတိုးတက်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိနေရခြင်းဖြစ်ပေသည်။
Mar 18, 2024

မြန်မာနိုင်ငံမှာ နွေရာသီက အခုမှမတ်လလယ်ရှိသေးတယ် ရန်ကုန်မှာတော့ အတော်ပူပြင်းလာပြီ။ နံနက် ၉ နာရီကျော် ၁၀ နာရီဆိုတာနဲ့ နေမင်းကြီးက လင်းထိန်လာပြီး ညနေနေစောင်းတဲ့အထိ တောက်လျှောက် ချစ်ချစ်တောက်ပူတော့တာပါပဲ။ လူကြီးတွေသာမက လူငယ်တွေပါ ထီးကိုယ်စီနဲ့ ရန်ကုန်နွေရဲ့အပူဒဏ်ကို အန်တုနေကြရတယ်။
Mar 18, 2024

“ကမ္ဘာ့နိုင်ငံများတွင် ရေဖူလုံမှုမရှိဘဲ ရေချိုဂေဟစနစ်၊ အသက်မွေးဝမ်းကျောင်းမှုနှင့် လူသားတို့၏ ကောင်းကျိုးချမ်းသာများကို မပေးစွမ်းနိုင်” ဟု ကုလသမဂ္ဂရေ၊ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းမှ အကြီးတန်းရေလုံခြုံရေး သုတေသီ ဒေါက်တာ ချာလော့တီ မက်အလစ္စတာက ကမ္ဘာ့ရေဖူလုံမှုအခြေအနေစစ်တမ်း ၂၀၂၃ တွင် မှတ်ချက်ပြုခဲ့သည်။
Mar 18, 2024

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် အင်းဝမြို့ဟောင်း မီးသွေးတိုက်ကျေးရွာရှိ တောင်သူ ဦးခင်မောင်ရင်၏ ၁ ဒသမ ၆၁ ဧကရှိ လယ်မြေတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးသည့် အခမ်းအနားကို စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်၍ ၁၁.၃.၂၀၂၄ ရက်နေ့က ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တက်ရောက်ကြည့်ရှု စစ်ဆေးသည်။ ဤသို့ဆောင်ရွက်ချက်သည် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနိုင်ရေးအတွက် ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပါသည်။ အခမ်းအနားကျင်းပသည့် လယ်မြေနှင့် ဆက်စပ်လျက်ရှိသော ကန်တော်ကြီးအင်းသည် မိုးတွင်းကာလ ရေပြင်ကျယ်ကြီးအဖြစ်မှ ယခုအချိန်တွင် ဆောင်းသီးနှံပဲမျိုးစုံနှင့် နွေစပါးစိုက်ခင်းများအဖြစ်သို့ ပြောင်းလဲ၍ စိမ်းစိုလှပနေသည်ကို တွေ့ရသည်။