Jun 02, 2026
၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။
Jun 02, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ခေါင်းဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မေ ၃၁ ရက် နံနက်ပိုင်းက မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲသို့တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ပြီး မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံရှိ အကြီးဆုံးစွမ်းအင်ကုမ္ပဏီ လုပ်ငန်းစုကြီးလုပ်ငန်းခွဲတစ်ခု၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သွားရောက်လေ့လာကြည့်ရှုခဲ့သည်။ အဆိုပါအခမ်းအနားများတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သမိုင်းစာမျက်နှာသစ်များကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
Jun 02, 2026
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါပူးတွဲကြေညာချက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲ၍ ချစ်ကြည်ရေးနှင့် နီးကပ်သောမိတ်ဖက်အဖြစ် ရပ်တည်မှုကိုလည်းကောင်း၊ နှစ်နိုင်ငံအပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ဘုံတူညီသောကတိကဝတ်များ ထားရှိမှုကိုလည်းကောင်း ထပ်လောင်းအတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆင့်တိုင်းတွင် နီးကပ်စွာ ဆက်လက်ထိတွေ့ဆောင်ရွက်သွားရန် နှစ်ဖက်လုံးက သဘောတူညီခဲ့ကြသည်ဟူ၍ ထည့်သွင်းဖော်ပြထားသည်။
Jun 01, 2026
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများတွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်၊ လမ်းပန်းဆက်သွယ်ရေး ထိခိုက်ပျက်ပြားစေပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်စီးရန်ရည်ရွယ်၍ ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြုကာ မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်စီးခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
Jun 01, 2026
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက် အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်း၍ လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား အသုံးပြု၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံကျူးလွန်ခြင်းမပြုနိုင်စေရေးတို့အတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၄ ထပ်လူနေ အဆောက်အအုံ ၁ လုံးနှင့် ၃ထပ်လူနေအဆောက်အအုံ ၂ လုံးအား ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jun 01, 2026
အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu နှင့် ၎င်း၏သမ္မတအိမ်တော်၊ ဧည့်ခန်မး၌ တွေ့ဆုံဆွေးနွေးသည်။
Jun 01, 2026
အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရုံး (Hyderabad House) ၌ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့်တွေ့ဆုံဆွေးနွေးသည်။
Jun 01, 2026
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval က မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။
Jun 01, 2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ စတင်တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
Jun 01, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 01, 2026
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။
Jun 01, 2026
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်တွင် ဓာတ်အားခွဲရုံ အမှတ် (၃) ရှိ ၁၁ ကေဗွီဇေယျသိဒ္ဓိဓာတ်အားလိုင်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်အတွင်းရှိ အိမ်ရာများ ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
Jun 01, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်ရှိ အမှတ် (၁) တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်း (ရဲမွန်) သို့ ရောက်ရှိပြီး သင်ကြားသင်ယူမှုဆိုင်ရာပစ္စည်းများ ရောက်ရှိမှုအခြေအနေများနှင့် ဆရာ ဆရာမများ ခန့်အပ်တာဝန်ပေးထားမှုအခြေအနေများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Jun 01, 2026
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
Jun 01, 2026
မြန်မာနိုင်ငံသည် နေရောင်ခြည်ကို ပေါကြွယ်ဝစွာရရှိနေသော်လည်း နေရောင်ခြည်စွမ်းအင်အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်မှုပမာဏသည် နည်းပါးလျက်ရှိနေပါသည်။
Jun 01, 2026
စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Jun 01, 2026
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်ရှိ မွေးမြူရေးလုပ်ကိုင်သူ တောင်သူများနှင့် တွေ့ဆုံသည်။
Jun 01, 2026
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Jun 01, 2026
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများ သန့်ရှင်းသပ်ရပ်ကြည်ညိုဖွယ်ဖြစ်စေရေးအတွက် ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဘုရားစေတီပုထိုးများမှ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jun 01, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGD-PL) ၏ ခေတ်မီသိုလှောင်ရုံ အမှတ် (၁) လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သီလဝါဆိပ်ကမ်းဒေသရှိ အကွက်အမှတ် (၂၉) ၌ ကျင်းပသည်။
