Skip to main content

Feb 28, 2026

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ရှိ အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်၏ (၉၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက မြတ်စွယ်တော် ဘုရားတန်ဆောင်း၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2026

ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေအရ ထိမ်းမြားခြင်းကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ထိမ်းမြားမှုမှတ်ပုံတင် အရာရှိချုပ်နှင့် ထိမ်းမြားမှု လိုင်စင်ရသူများ၏ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ In Person / Virtual စနစ်ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနက “နိုင်ငံခြားရေးမူဝါဒဖြင့် အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်ခြင်း”(Advancing National Interests through Foreign Policy) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက် ၃၈၄၊ ၃၈၅၊ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန်တာဝန်ရှိသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2026

နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ နိုင်ငံခေတ်မီရေး၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားတိုးတက်ရေးဟူသော ဝေါဟာရတို့နှင့် အနက်အဓိပ္ပာယ်အတူတူပင်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေးဟူသည် နိုင်ငံရေးသိပ္ပံပညာရှင်တို့၏ စကားရပ်ဖြစ်သည်။ ၎င်းကိုပင် လူမှုဗေဒပညာရှင်တို့က နိုင်ငံခေတ်မီရေးဟုသုံးစွဲကြပြီး စီးပွားရေးပညာရပ် ရှုထောင့်မှဆိုလျှင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးဟု ဆိုခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် အခြေခံအကျဆုံးသော အကြောင်းတရားသည် နိုင်ငံရေးဆိုင်ရာ အကြောင်းတရားများပင်ဖြစ်သည်ဟု ပညာရှင်အများက သဘောညီကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

ကချင်ပြည်နယ်၏ အဓိကလေကြောင်းဗဟိုချက်တစ်ခုဖြစ်သော အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်မှုမြန်ဆန်စေရေးအတွက် များစွာအထောက် အကူပြုလျက်ရှိသည့် မြစ်ကြီးနားလေဆိပ်အား KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် FPV Suicide Drone များအသုံးပြု၍ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိစေရန် ယုတ်မာပက်စက်သော ရည်ရွယ်ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် ဒေသခံပြည်သူများအပြင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးကပါ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ အဖွဲ့အစည်းအသီးသီးမှလည်း ကန့်ကွက်ရှုတ်ချလျက်ရှိကြရာ ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၆ ရက်တို့တွင်လည်း ကချင်ပြည်နယ်၊ ရခိုင်စာပေ နှင့်ယဉ်ကျေးမှုအသင်း၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ဇိုင်ဝါးစာပေနှင့်ရိုးရာ ယဉ်ကျေးမှုအသင်းတို့ကလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း အောက်ပါအတိုင်း သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း (ROSCOSMOS)မှ အထွေထွေညွှန်ကြားရေးမှူးချုပ် H.E. BAKANOV Dmitry Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံရှိတက္ကသိုလ်များ၌ ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး၊ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှမ်းပြည်နယ်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်စောက်၊ ကလော၊ ဟဲဟိုးနှင့် အောင်ပန်းမြို့များရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရပ်စောက်မြို့နှင့် ကလောမြို့တို့၌ ဖေဖော်ဝါရီ ၂၆ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့အဆောက်အဦ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

ပြင်ဦးလွင်မြို့၊ သုမင်္ဂလာအဆင့်မြင့်ဈေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ အဆောက်အဦဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်ရန် လာအို-မြန်မာ ချစ်ကြည်ရေးအသင်း (LMFA) ဥက္ကဋ္ဌ ကျန်ထဝုန်းဦးဆောင်သောအဖွဲ့သည် ယမန်နေ့က လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးနှင့်အတူ မြန်မာ-လာအိုအသင်းအဖွဲ့ဝင်များက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ အထူးအလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အများဆုံးအခြေချ လုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများသည် နယ်မြေခံတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တရားမဝင်ပြည်ပနိုင်ငံသားများ အခြေချနေထိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်းခြင်း၊ တရားမဝင်အဆောက်အအုံများအား ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ မြဝတီ - မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများကို စနစ်တကျ ဖြိုချဖျက်ဆီးခြင်းနှင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကိုလည်း ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ချိုးဖောက်ခြင်းတိုက်ဖျက်မှု (Anti-Piracy) ဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ Eravati Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2026

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေးဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်