Skip to main content

Apr 18, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် နေပြည်တော်ကောင်စီနယ်မြေနှင့် မကွေးတိုင်းဒေသကြီးဒေသတစ်ဝိုက်တို့၌ နယ်မြေလုံခြုံရေး တာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့်နယ်မြေအေးချမ်းသာယာရေးတို့အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ဒေသတစ်ဝိုက်၌ နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ယနေ့တွင် နိုင်ငံခြားသားအပါအဝင် အကျဉ်းသား အကျဉ်းသူ ၇၉၄ ဦးတို့အား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ယနေ့သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိလာသော မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးအခါသမယဖြစ်ရာ မန္တလေးမြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဘုရားဖူးလာပြည်သူများ၊ မြို့နယ်၊ရပ်ကွက်များ၌ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြသူများ၊ သီတင်းသီလဆောက်တည်ကြသူများနှင့် ဇီဝိတဒါန ဘေးမဲ့လွှတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်နှစ်ဟောင်းကုန်လွန်၍ ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကုန်ဆုံး၍ ၁၃၈၈ ခုနှစ် နှစ်သစ်သို့ကူးပြောင်းသည့် နေ့ထူးနေ့မြတ် အချိန်အခါသမယဖြစ်သည့်အတွက် နှစ်ဟောင်းမှအညစ်အကြေးများကို သင်္ကြန်ကာလအတွင်း အတာရေဖြင့် ဆေးကြောသန့်စင်ပြီး စိတ်၏အညစ်အကြေးများကို ကုသိုလ်ဒါနပြုခြင်းဖြင့် ဆေးကြောသန့်စင်၍ နှစ်သစ်ကို မင်္ဂလာရှိစွာ အစပြုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

သာသနာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းမြစ်၌ကျင်းပရာ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကို ရုံးဝင်းအတွင်းရှိ လျှိုပိတ်ဆည်၌ ယနေ့ညနေပိုင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

လူငယ်ရေးရာဝန်ကြီးဌာန၏ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူး အခါသမယ ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်းရှိ အမှတ် (၁) ရေကန်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ပညာရေးဝန်ကြီးဌာနမိသားစုများ၏ ဇီဝိတဒါနငါးလွှတ်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ညနေပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ လျှိုပိတ်ဆည်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဇီဝိတဒါနငါးလွှတ်ပွဲကို နှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ၏ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန ရုံးရှေ့တစ်ဖက်ပိတ်လျှိုပိတ်ဆည်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိမင်္ဂလာကန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်(LNG)၊ ရေနံဓာတ်ငွေ့ရည် (LPG)၊ ဓာတ်မြေဩဇာအပါအဝင် ရေနံစိမ်းကုန်ကြမ်းနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီးဌာန၏ စီမံဆောင်ရွက်ပေးမှုဖြင့် ရုရှားနိုင်ငံ အခြေစိုက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါနငါးလွှတ်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် (C) ဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

နိုင်ငံတော်သမ္မတရုံး နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးတော် ငုရွှေဝါခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ပြည်သူများ ဘေးအန္တရာယ်အပေါင်းကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် ယနေ့နံနက် ၇ နာရီခွဲတွင် ဆရာတော်ကြီးများက ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြပြီး ဝေဟင်မှပရိတ်ရေများ ပက်ဖျန်းပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

မြန်မာနိုင်ငံသည် ပြည်သူများ၏ဆန္ဒနှင့်အညီ ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလသည် ဒီမိုကရေစီကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်သည့်ကာလဖြစ်ပြီး ယခုငါးနှစ်တာကာလသည် ဒီမိုကရေစီစနစ်ကို စတင်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့်ကာလဖြစ်သည်။ ဒီမိုကရေစီမျက်နှာစာသစ် တစ်နည်းအားဖြင့်ဆိုလျှင် ဒုတိယစာမျက်နှာသစ်ကိုရေးဆွဲကြဖို့ အစပြုနေသောကာလဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်