Skip to main content

Feb 12, 2020

အောင်ဆန်းဆိုသည့် နာမည်ကို မြန်မာတွင်သာမက နိုင်ငံတကာက ရင်းနှီးကျွမ်းဝင်ကြသည်။ နိုင်ငံတကာ သမိုင်းကို နှံ့စပ် နားလည်သူများသည်ကား အောင်ဆန်းဆိုသည့် အမည်ကို အမျိုးသားခေါင်းဆောင်၊ သူရဲကောင်း၊ ထက်မြက်သလောက် ရိုးသားဖြူစင်သူအဖြစ် အသိအမှတ်ပြုကြသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာဦးအဖြစ်ခေတ်ပြိုင်နိုင်ငံရေးသမားများကရော၊ လုပ်ဖော်ကိုင်ဖက်များ ကရော၊ သူ့ကိုမုန်းသူများကပါ တလေးတစားရှိကြသည်။ သူ၏ ထက်မြက်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်က ကြောက်ခမန်းလိလိဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2020

နေပြည်တော်  ဖေဖော်ဝါရီလ  ၁၂

2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၆/၂၀၂၀) ကို ယနေ့၊ နံနက် ၁၀ နာရီခွဲတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဉီးဆောင်၍ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2020

နေပြည်တော် ဖေဖော်ဝါရီ  ၁၂

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် သပြေကုန်းအဝိုင်း၌ ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး ကြေးရုပ်ဖွင့်ပွဲကို ယင်းနေ့နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ရာ  ပြန်ကြားရေးဝန်ကြီးဌာနက ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်ပြခန်းကို စတင် ခင်းကျင်းပြသလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၂

Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် သတင်းထုတ်ပြန်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2020

ဘားအံ   ဖေဖော်ဝါရီ   ၁

ကရင်ပြည်နယ်၊ ဘားအံမြို့အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၏ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းဝင်းကွန်ကရစ်လမ်းနှင့် ပညာဒီပကျောင်းစာကြည့်တိုက် ဖွင့်လှစ်ပွဲ အခမ်းအနားကိုယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ကျောင်းတွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2020

မန္တလေး ဖေဖော်ဝါရီ   ၁၂

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေးမြို့၊ မန္တလာသီရိအဆင့်မြင့်အားကစားကွင်း ၌ ယနေ့ နံနက် ၇ နာရီ က ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2020

ထားဝယ်   ဖေဖော်ဝါရီ    ၁၂

(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေးမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စုရပ်ဖြစ်သော ရွှေဝယ်သီရိအားကစားကွင်းအရှေ့ ၌ ကျင်းပသည်။

ထို့နောက် အသက်(၁၅)နှစ်အောက် ဝါသနာရှင်လူငယ်မောင်မယ် (၁၀၀၀)ဦး ပါ၀င်ယှဉ်ပြိုင်ရာ ရှေးဦးစွာ မာရသွန်ပြိုင်ပွဲကို တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးမှူး ဦးစိုးမိုးနိုင် က  တာလွှတ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2020

ရန်ကုန် ဖေဖော်ဝါရီ ၁၂

၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းတို့က နေရာယူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို အလေးပြုကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2020

မော်လမြိုင်      ဖေဖော်ဝါရီ       ၁၂

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မော်လမြိုင်မြို့ မောရဝတီပန်းခြံ၌ ကျင်းပရာ  မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်