Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ BBC Media Action ရေကြည်ရာ အစီအစဉ်နှင့် International Labour Organization (ILO) တို့ပူးပေါင်း၍ Livelihood and Food Security Trust Fund (LIFT) ၏ အကူအညီဖြင့် မီဒီယာနှင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် Hilton Hotel ၌ ကျင်းပသည်။
Feb 14, 2020
ဘားအံ ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Ms.Suphatra Srimaitreephithak နှင့်အဖွဲ့အား ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့် နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိပါသည်။
Feb 14, 2020
ပခုက္ကူ ဖေဖော်ဝါရီ ၁၄
ပခုက္ကူတက္ကသိုလ်အသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ လေးထပ်ဆောင် အခန်း(၃၀၆) ၌ ကျင်းပသည်။
Feb 14, 2020
နမ့်ဆန် ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းနှင့် Barefoot Doctors Myanmar အဖွဲ့တို့ပူးပေါင်းပြီး နမ့်ဆန် ဒေသရှိ လက်ဖက်တောင်သူများ လက်ဖက်လုပ်ငန်းအပြင် ဝင်ငွေတိုးလုပ်ငန်း ရရှိစေရန် အတွက် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြို့မဂိုဏ်းချုပ်ကျောင်း တိုက်၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Feb 14, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၁၄
ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့ Famous Hotel အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 14, 2020
ယနေ့ကမ္ဘာတစ်လွှားကို ရှုမြင်ကြည့်လိုက်တော့ လူသိများသည့် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ် အစရှိသည့် နိုင်ငံများအပါ အဝင် နိုင်ငံပေါင်း လေးဆယ်ခန့်မှာ စစ်ဖြစ်နေသည်။ မြန်မာ နိုင်ငံမှ ပြည်တွင်းပဋိပက္ခကိုအခြေခံသည့် နိုင်ငံအတွင်းဖြစ်ပွား နေသည့်စစ်သည် ကမ္ဘာ့စံချိန်တင်နိုင်လောက်အောင် သက်တမ်းရှည်နေပြီ။ အန္ဒီ စစ်ဘေးစစ်ဒဏ်ကို အများဆုံးခံရသူများက စစ်ပွဲတွင်းမှာ အမှန်တကယ် စစ်တိုက်နေရသူများနှင့် စစ်ဖြစ်ပွား ရာ နယ်မြေဒေသတွင်းက အရပ်သားပြည်သူလူထုဖြစ်၏။
Feb 14, 2020
ဘားအံ ဖေဖော်ဝါရီ ၁၄
ပိုးမွေးမြူရေးနှင့် ပိုးချည်မျှင်ထုတ်လုပ်ခြင်း မိတ်ဆက်ဖြန့်ဖြူးမှုစီမံကိန်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကမော့ကပို မျိုးစေ့ခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 14, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်မှုနှင့် တိုင်းပြည် ငြိမ်းချမ်းမှုကို ခိုင်မာသည်ထက် ခိုင်မာအောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်၍ စစ်မှန်သည့်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကြီး ပေါ်ထွန်းလာစေရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၃