Feb 09, 2020
ဒီးမော့ဆို ဖေဖော်ဝါရီ ၉
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၆၆) နှစ်မြောက် လွိုင်ကော် ကက်သလစ်သာသနာ၊ သာသနာလုံးဆိုင်ရာ ဆုတောင်းပြည့် လုဒ်သခင်မ (ဆော်ဘော့သ) ယူဆမိုဆို မယ်တော် လိုဏ်ဂူပွဲတော် အထိမ်းအမှတ် မိတ်ဆုံစားပွဲ အခမ်အနားကို ယနေ့ နံနက် ၁၁ နာရီခွဲက ယူဆမိုဆိုကျေးရွာ တိုက်နယ်ဓမ္မာရုံ၌ ကျင်းပသည်။
Feb 09, 2020
နေပြည်တော် ဖေဖော်ဝါရီ ၉
မိတ္ထီလာစီးပွားရေးတက္ကသိုလ်၏ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့သင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပသည်။
Feb 09, 2020
ပေါင် ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ် ထားသော ပေါင်မြို့နယ် အ.လ.က (သဲဖြူကုန်း) ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Feb 09, 2020
ဟားခါး ဖေဖော်ဝါရီ ၉
အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)၏၂၀၁၈−၂၀၁၉ ခု၊ ပညာသင်နှစ်တွင် A.G.T.I(တတိယနှစ်) အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား A.G.T.I ဒီပလိုမာအောင်လက်မှတ်အပ်နှင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ကာဆင်ခန်းမ၌ ကျင်းပသည်။
Feb 09, 2020
မော်လမြိုင် ဖေဖော်ဝါရီ ၉
(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မော်လမြိုင်မြို့ သံလွင်ဥယျာဉ် မြေကွက်လပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Feb 09, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၉
နည်းပညာတက္ကသိုလ်(လွိုင်ကော်)သည် ကယားပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ နည်းပညာမြင့်မားရေး စသည့်ကဏ္ဍများအတွက် အထောက်အပံ့ဖြစ်စေပြီး ပြည်နယ်အတွင်း အင်ဂျင်နီယာဆိုင်ရာ ကဏ္ဍများအတွက် အတတ်ပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ နည်းပညာတက္ကသိုလ်(လွိုင်ကော်)၏ (၁၆)ကြိမ်မြောက် အင်ဂျင်နီယာ ဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 09, 2020
ဘားအံ ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့ သီရိကွင်း၌ ကျင်းပသည်။
Feb 09, 2020
ရန်ကုန် ဖေဖော်ဝါရီ ၈
ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာနိုင်ငံသား အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲကို ယခုနှစ်အတွင်း ကျင်းပမည်ဖြစ်ပြီး ယှဉ်ပြိုင်ထိုးသတ်ရမည့် ပြိုင်ဘက် ထွက်ပေါ်လာပြီဖြစ်သည်။ အောင်လအန်ဆန်သည် ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ထိုးသတ်ရမည်ဖြစ်ပြီး ကျင်းပမည့်နေရာနှင့် ရက်ကိုမူ ONE Championship က ပြန်လည် ထုတ်ပြန်မည်ဖြစ်သည်။
Feb 09, 2020
ရှမ်းရွာသစ် ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းမှ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ဒေသနေ ပြည်သူများ နှင့် ယနေ့ နံနက် (၉)နာရီက တွေ့ဆုံပွဲကို ကျင်းပပြုလုပ်သည်။
Feb 09, 2020
နေပြည်တော် ၈ ဖေဖော်ဝါရီ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ဓမ္မာနုဓမ္မမဟာဒွါရနိကာယ ဒုတိယဂဏာဓိပတိ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊ အမှတ်(၁၅) ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရာမပါဠိ တက္ကသိုလ် တောင်ပေါ်ကျောင်းတိုက် ပဓနနာယကဆရာတော် သက်တော် ၈၂ နှစ်၊ သိက္ခာတော် ၆၂ ဝါရှိ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဓမ္မာလင်္ကာရ မဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်ကို ယနေ့တွင် ကျင်းပသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ အမှူးပြုသော ပရိသတ်များက “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသော သုံးဂါထာ ရွတ်ဆိုကာ သံဝေဂဉာဏ်ပွားများ၍ အခမ်းအနားဖွင့်လှစ်သည်။