Skip to main content

Jan 29, 2020

နေပြည်တော် ဇန်နဝါရီ ၂၉

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပိုလန်နိုင်ငံ အစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2020

မောင်တော ဇန်နဝါရီ  ၂၉

ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိ ကြပြီး အငူမော်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် မောင်တောမြို့သို့ ရောက်ရှိကြသည်။

မွန်းလွဲပိုင်းတွင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာအဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2020

ဘားအံ  ဇန်နဝါရီလ  ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်က နိဗ္ဗိန္ဒဘုန်းကြီး ကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင် (၆၄)ဦး၊ ကလေး(၉၉)ဦး၊ စုစုပေါင်း (၁၆၃)ဦးအတွက် တစ်ဦးလျှင် (၄၅၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေ အား ပေးအပ်ရာ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်မှ လက်ခံ ရယူသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2020

နေပြည်တော်   ဇန်နဝါရီ  ၂၉

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် နိုင်ငံတော်သမ္မတ က သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်း နှင့် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2020

နေပြည်တော်   ဇန်နဝါရီ   ၂၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး ဧည့်တွေ့ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2020

မူဆယ် ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် အနီးကပ်ဆုံးမြို့ဖြစ်သည့် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရသူ (၂) ဦးရှိနေကြောင်း ဇန်နဝါရီလ (၂၅) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်လိုက်သည်။ အဆိုပါ ကိုရိုနာဗိုင်းရစ်ပ် ကူးစက်ခံရသူနှစ်ဦးသည် ဝူဟန်မြို့မှ ရွှေလီမြို့သို့ လာရောက်လည်ပတ်သည့် အသက်(၆၀)ကျော်၊ လင်မယား(၂)ဦးဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

ကျိုင်းတုံ ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော  အဆုတ်ရောင် ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

ဘိုကလေး ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှု၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍  ကလေးစာပေပွဲတော်(ဘိုကလေး) ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက ဘိုကလေးမြို့၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တာဝန်ရှိသူများနှင့် လူရည်ချွန်မယ် မဆုပြည့်စုံထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်