Jan 30, 2020
ရန်ကုန် ဇန်နဝါရီ ၃၀
၂၀၂၀ နိုင်ငံတကာ Holocaust နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ကျင်းပသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၃၀
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၆) ဦးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၃၀
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
Jan 30, 2020
မန္တလေး ဇန်နဝါရီ ၂၉
တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်ခေါ်လာမည့် မြန်မာကျောင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် မန္တလေးမြို့တွင် အသင့်ပြင်ဆင်ပြီးကြောင်း သိရသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ လတ်တလော ဖြစ်ပွားလျက်ရှိသည့် ပြင်းထန်အဆုတ် ရောင်ရောဂါ (2019 Novel Coronavirus) အန္တရာယ်ကြောင့် ယူနန်ပြည်နယ်တွင် အလုပ်လုပ်ကိုင် လျက်ရှိကြသည့် မြန်မာအလုပ်သမားများမှ ၎င်းတို့၏ နေရပ်သို့ ပြန်လိုကြောင်းဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့သို့ ဆက်သွယ် အကူအညီတောင်းခံခဲ့ကြောင်း၊
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၂၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၂)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုနှင့် သဘောရေးဖြေပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပခဲ့ရာ တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဘဒ္ဒန္တပညာဝံသာဘိဝံသ သက်တော်(၄၅)နှစ်၊ သိက္ခာတော် (၂၄)ဝါသည် ၁၅ ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒအဖြစ် သာသနာ့အာဇာနည် အရှင်မြတ်(၁)ပါး ထပ်မံပေါ်ထွန်းခဲ့သည်။
Jan 30, 2020
မောင်တော ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်း၌ ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စုကိုးစု အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း၂၆ ဦးတို့အား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်လက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၃၀
လတ်တလော Corona Virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာကျောင်းသူ/ကျောင်းသား (၆၃) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် မြန်မာအစိုးရမှ ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၂၉
အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာ အဆောင် အမှတ် (-20) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 30, 2020
မန္တလေး ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီးအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားပျံ့နှံ့မှု မရှိစေရေးအတွက် ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းထားသည့် စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီ Surveillance and Respond Team (SRT) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းစာများ အမြန်ဆုံးပေးပို့ထားရန် လိုအပ်