Jan 10, 2020
နေပြည်တော် ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဇဘဏ်လီမိတက်က ဖိုင်ဘာ စက်လှေတစ်စီးလျှင် ငွေကျပ် (၂,၇၅၀,၀၀၀/-) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၄ ဒသမ ၇၅၀) သန်း တန်ဖိုးရှိ ဖိုင်ဘာစက်လှေ (၉)စီးကို ကမ္ဘောဇဘဏ်လီမိတက်၊ ဒုတိယ အမှုဆောင် အရာရှိချုပ်(၁) ဦးအောင်ကျော်မျိုးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ် လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 10, 2020
နေပြည်တော် ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဉက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၁)ဦး တက်ရောက်ကြသည်။
Jan 10, 2020
ရန်ကုန် ဇန်နဝါရီ ၁၀
ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း (JMASVTI) ၏ ဖွင့်ပွဲအခမ်းအနားနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်ရှိ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း (JMASVTI) ဆောက်လုပ်မည့် မြေကွက်လပ်ရှိ ယာယီမဏ္ဍပ်တွင် ကျင်းပ သည်။
Jan 10, 2020
ထားဝယ် ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ တိုင်းဒေသကြီး စားပွဲတင်တင်းနစ် ဆပ် ကော်မတီနှင့် Wow Sports Co.Ltd တို့ ပူးပေါင်း၍DAWEI OPEN 2020 LOKI CUP ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။
Jan 10, 2020
မုံရွာ ဇန်နဝါရီ ၁၀
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော် အခမ်း အနားကို ယမန်နေ့ နံနက်(၉)နာရီက မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးမှူးများ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
Jan 10, 2020
ဒီးမော့ဆို ဇန်နဝါရီ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကယားပြည်နယ်အစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း (စေတနာ) အဖွဲ့၏ "ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း(EPD)" စီမံကိန်းရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့သော ကျောင်းဆောင်သစ် ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
Jan 10, 2020
နေပြည်တော် ဇန်နဝါရီ ၁၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော် ဥတ္တရ သီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ အခြခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် စာသင်ကျောင်းဆောင်သစ် ပန္နက်တင်အခမ်းအနား၊ မြေစာရင်းပုံစံ(၁၀၅)ပေးအပ်ပွဲသို့ တက်ရောက်၍ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံခဲ့သည်။
Jan 10, 2020
ရန်ကုန် ဇန်နဝါရီ ၁၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက စီစဉ်ကျင်းပသည့် ရှားပါးအထောက်အထားများပြပွဲနှင့် New Views, Fresh Finds သုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ အမှတ် (၆၀၄၊ ၆၀၈) ကုန်သည်လမ်း (၃၁-၃၂)လမ်းကြား ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသား စာကြည့်တိုက် (ရန်ကုန်)၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာသမိုင်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက် အမှာစကား ပြောကြားသည်။
Jan 10, 2020
မန္တလေး ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးဖြစ်လာနိုင်မည့် ကြေးပိဿာချိန် ၁၆၀၀၀ ကျော်ရှိ ခေါင်းလောင်းကြီးကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည်ရွာ ရွှေခေါင်းလောင်းခြံဝင်းအတွင်း၌ ဇန်နဝါရီ ၉ ရက် (ပြာသိုလပြည့်နေ့) နံနက် ၉ နာရီ ၄၅ မိနစ် တွင် တမ္ပဝတီမှ ကြေးသွန်းပညာရှင်များနှင့် ကြေးစတင် ကြိုပြီး ညနေ ၆နာရီ တွင် ကြေးသွန်းလောင်းခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 10, 2020
ဆော ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ပြည်တွင်း ထွက် ဆန်၊ပဲ၊ပြောင်း၊ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်း ဆင်းပွဲကို ယမန်နေ့က ဂန့်ဂေါခရိုင်၊ ဆောမြို့ ရှင်မာလဲ ဘုရား ဂေါပကအဖွဲ့ရုံးတွင် ပြုလုပ်သည်။