Jan 06, 2020
နေပြည်တော် ဇန်နဝါရီ ၆
အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန် မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာရပ်သည် အားကစားတွင် အရေးကြီးပါကြောင်း၊ အဆိုပါ ပညာရပ်ကို တိုးတက်မြင့်မားလာရန်နှင့် လေ့လာရန် အများကြီးလိုအပ်ပါကြောင်း ပြောကြားသည်။
Jan 06, 2020
ရန်ကုန် ဇန်နဝါရီ ၆
ပထမအကြိမ် နိုင်ငံတကာ ဘာသာစကား၊ ဘာသာဗေဒနှင့် လူမှုသိပ္ပံဘာသာရပ် များဆိုင်ရာညီလာခံ (The 1st International Conference on Language and Humanities)အား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ယနေ့ စတင် ဖွင့်လှစ်ခဲ့ပြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ် က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက နိုင်ငံတကာယဉ်ကျေးမှုဆိုင်ရာ အကအလှ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
Jan 06, 2020
ရန်ကုန် ဇန်နဝါရီ ၆
ဒုတိယအကြိမ်မြောက် ကျင်းပမည့် "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ" (Myanmar Ethnics Culture Festival )ပွဲတော် ကြီးကို ရန်ကုန်မြို့ အရှေ့မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံကွင်း၌ ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ရာ အကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ ညနေပိုင်းတွင် ပွဲတော်ကျင်းပမည့် အရှေ့မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံ ကွင်းဝင်ပေါက် အောင်မိသားစုပွဲတော်ကျင်းပရေးရုံးခန်း၌ကျင်းပသည်။
ရှင်းလင်းပြောကြား
Jan 06, 2020
ဘားအံ ဇန်နဝါရီ ၆
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ဘားအံခရိုင် မီးသတ် စခန်းဖွင့်ပွဲ တို့ကိုတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
Jan 06, 2020
နေပြည်တော် ဇန်နဝါရီ ၆
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်း တွင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြစ်ကြီးနားမြို့၊ ကချင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။
Jan 06, 2020
ရန်ကုန် ဇန်နဝါရီ ၅
မြန်မာစာပေသမိုင်းတွင် ပုဂံခေတ်မှစ၍ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သော ဂန္ထဝင် မြောက် သုတ၊ ရသ စာကောင်းပေမွန်များကို စာဖတ်ပရိသတ်လက်သို့ တစုတစည်းတည်း ပေးအပ်လိုသော ရည်ရွယ်ချက်၊ မြန်မာစာပေလက်ရာကောင်းများ အဓွန့် ရှည်စွာ မပျောက်ပျက်အောင် ထိန်းသိမ်းရေး ရည်ရွယ်ချက်၊ အများပြည်သူ ဉာဏ်ပညာ မြင့်မားလာစေရန်နှင့် လူငယ်များ မြန်မာ စာပေကို ချစ်မြတ်နိုးလျက် စာပေဖတ်ရှုသော အလေ့အထတိုးပွားစေရန် ရည်ရွယ် ချက်တို့ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်သည် မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ် များကို ထုတ်ဝေလျက်ရှိသည်။
Jan 06, 2020
ဘားအံ ဇန်နဝါရီ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အဆင့်မြင့်မော်တာအပ်ချုပ်စက် သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဘားအံမြို့ လှာကမြင်(ကွက်သစ်) ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jan 06, 2020
မုံရွာ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၇)နာရီက မုံရွာမြို့ ဂေါက်ကွင်းတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ် ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Jan 06, 2020
ဟားခါး ဇန်နဝါရီ ၆
၂၀၁၉ ခုနှစ် Myanmar Idol Winner Ester Dawt Chin Sung အား ကြိုဆိုပွဲနှင့်ဂုဏ်ပြုပွဲအခမ်းအနားကို ချင်းပြည်နယ် ဟားခါးမြို့၌ ဇန်နဝါရီလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 06, 2020
မန္တလေးဒေသခံ မြို့မိမြို့ဖများနှင့် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစု ၁၈ ဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် မန္တလေးသံစဉ် ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်တွင် ပါ၀င်သူများ၏ ရင်တွင်းစကားသံများကို မျှဝေလိုက်ပါသည်။