Skip to main content

Jul 30, 2026

၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ အစီအစဉ်၌  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားမည်ဖြစ်ရာ  ယင်းနေ့နံနက် (၁၀) နာရီမှ စတင်ပြီး MRTV-HD ၊ MRTV- News၊ MRTV-Parliament ၊ MRTV-Farmers’ ၊ MWD –HD၊ MWD – Variety ရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM  ရေဒီယိုတို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့၌ကျင်းပမည့် ၂၀၂၆ ခုနှစ် တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားတက်ရောက်ရန် ရောက်ရှိနေသော ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ren Youqun နှင့် ဇူလိုင် ၂၈ ရက်တွင်တွေ့ဆုံပြီး အဆင့်မြင့်ပညာကဏ္ဍ၌ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ဒီဂျစ်တယ် နည်းပညာသုံးသင်ကြားရေး၊ ဆရာအတတ်ပညာကဏ္ဍနှင့် ဘာသာရပ်အသီးသီးတွင် ပညာတော်သင်ဆုများ ပိုမိုပေးအပ်ရေး၊ တရုတ်တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ညီအစ်မတက္ကသိုလ်များထူထောင်၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ တရုတ်-မြန်မာ ဉာဏ်ရည်တုနည်းပညာနှင့် ဒီဂျစ်တယ်ပညာရေးစင်တာ တည်ထောင်မှုဖြစ်နိုင် ခြေလေ့လာရေးအစရှိသည့် ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ကျိုင်းတုံမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့က နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များထုတ်ပေးခြင်းလုပ်ငန်းကို လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး (One Stop Service) ဖြင့် ဆောင်ရွက်ပေးကြရာ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ များ၊ မိဘဆရာအသင်းဝင်များကလည်း ပါဝင်ကူညီဆောင်ရွက်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

မြန်မာ-ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ပညာရေးဒီဂရီကောလိပ်များတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် ပြည့်ဝသောဆရာများ ဖြစ်အောင် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသကဲ့သို့ ယခုတက်ရောက်နေသော ဆရာ ဆရာမလောင်းများကလည်း သင်တန်းပြီးဆုံး၍ မိမိတာဝန်ကျရာဒေသများ၌ တာဝန်ထမ်းဆောင်ကြရာတွင် ကျောင်းသား ကျောင်းသူများအား စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော လူတော်လူကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြားပေးရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ယနေ့ ဟားခါးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ကျောင်းပြင်ပမူလတန်းပညာရေး -NFPE နှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး- NFME အတန်းနေရာချထားစစ်ဆေးမှု (Placement Test) အစီအစဉ်

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

မရမ်းကုန်းမြို့နယ်၌ ငွေကျပ်သိန်း ၃၈၀၀ တန်ဖိုး၊ မရမ်းကုန်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) နှင့် သန်လျင်မြို့နယ်တို့၌ ငွေကျပ်သိန်း ၂၄၈၈ တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ကလေးသူငယ်များအား ဆေးများတိုက်ကျွေးပြီး အသိစိတ်ကင်းမဲ့ချိန်တွင် လိင်တူဆက်ဆံခိုင်းကာ Telegram တွင် ငွေကြေးအကျိုးအမြတ်ရယူ၍ ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် အမှတ် (၃၂) အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားသည် သင်္ဃန်းကျွန်းနှင့် မလွှကုန်းဘူတာအကြား မိုင်တိုင်အမှတ် ၃/၉-၁၀ သုဝဏ္ဏခုံးတံတားကိုဖြတ်သန်းစဉ် ရထား၏ညာဘက်မှ ခဲဖြင့်ပစ်ပေါက်ခံရမှုကြောင့် ရထားတွဲဆိုင်းပါ ပထမဆုံးတွဲအမှတ် DEMU F(C)-4029 ၏ ညာဘက်ခြမ်းခရီးသည် အတက်/ အဆင်းတံခါးပေါက် အောက်ဆုံးမှန်ထိမှန်၍ ကြေမွအက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

၂၀၁၀ ပြည့်နှစ် အမျိုးသားစာပေတစ်သက်တာဆုရှင်၊ စာပေပညာရှင်နှင့် စာရေးဆရာကြီးစည်သူ ဒေါက်တာ သော်ကောင်းသည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် သံလွင်လမ်း အမှတ် (၅၂-က) ၌ နေထိုင်ရင်း ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက် နံနက် ၅ နာရီ ၄၇ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်ရှိပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

၂၀၂၆ ခုနှစ် မြန်မာ-တရုတ် Twin City မီဒီယာဖိုရမ်နှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ် အစီအစဉ်တစ်ခုအဖြစ် “မင်္ဂလာ-မျှော်လင့်ခြင်း လယ်ယာမြေဖိုရမ်” ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (Studio A) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ဖလမ်းမြို့ရှိ လိုင်ဗားရေလှောင်တမံမှရေကို မြို့အတွင်းရှိရေလှောင်ကန်များသို့ Syphon စနစ်ဖြင့် သောက်သုံးရေပေးဝေလျက်ရှိသည့် ရေပိုက်လိုင်းများ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကျိုးပေါက်ပျက်စီးခြင်း၊ ရေစုပ်စက်နှင့်ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများ သောက်သုံးရေ ပြန်လည်ရရှိစေရေးအတွက် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကာလအတွင်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ယခုအခါ ဒေသခံပြည်သူများအတွက် သောက်သုံးရေများကို ဂါလန်တစ်သိန်းဆံ့ ပင်မရေလှောင်ကန်လေးလုံးဖြင့် ဖြန့်ဝေနေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ရာသီဥတုအကြောင်းပြ ကမ်းနီးဒေသအတွင်း ငါးပုစွန်ဖမ်းဆီးပါက အရေးယူမည်

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရားစေတီပုထိုးများတွင် ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ငါးမွေးမြူရေးကန်များရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်သော ဘုရားဒါယကာ၊ ဒါယိကာမများ တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ယခုအခါ လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်း ဒုတိယအကြိမ် ကပ်လှူပြီးစီးပြီ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား (၁၈) ကြိမ်မြောက် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် စေတီတော်ရင်ပြင်တော်ပေါ်ရှိ စေတီတော်လိုဏ်အတွင်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြို့လှမြို့ အမှတ် (၅) ရပ်ကွက်၌ နေထိုင်လျက်ရှိသော အသက် ၁၁၈ နှစ်ရှိ အဘွား ဒေါ်ဖာတမာအား ဇူလိုင် ၂၈ ရက်နံနက်ပိုင်းက သွားရောက်ဂါရဝပြုတွေ့ဆုံပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ပြည်တွင်း၌ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံပိုင်စက်ရုံများ၊ အစိုးရ-ပုဂ္ဂလိက (Public - Private Partnership - PPP) ပူးပေါင်းဆောင်ရွက်နေသည့် စက်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံမှူးများနှင့် တာဝန်ရှိသူများအားတွေ့ဆုံစဉ် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 30, 2026

ငလျင်အကြောင်းပိုမိုသိရှိပြီး အရေးပေါ်အခြေအနေတွင် မှန်ကန်စွာတုံ့ပြန်နိုင်ရန် လက်တွေ့လေ့ကျင့်သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကို ဩဂုတ်လတွင် မြန်မာနိုင်ငံငလျင်ကော်မတီမှ ဦးစီးကျင်းပသွားမည်ဟု သိရသည်။ Earthquake Bootcamp 2026 ကိုဩဂုတ် ၈ ရက်၊ ၁၅ ရက်၊ ၂၂ ရက်နှင့် ၂၉ ရက်တို့တွင် မြန်မာနိုင်ငံ ငလျင်ကော်မတီ (မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်) လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့၌ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်