Skip to main content

Jul 09, 2026

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ နယ်မြေအတွင်းရှိ ကျေးရွာများတွင် အသစ်ဖွဲ့စည်းထားရှိသည့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပရာ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ အသစ်ဖွဲ့စည်းထားရှိသော ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2026

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အစီအစဉ်များအတွက် ပြည်ထောင်စုအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ၁/၂၀၂၆ ကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2026

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေဘေးသဏ္ဌာန်တူ လေ့ကျင့်ခြင်းသရုပ်ပြအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ တောင်သမန်အင်းရေပြင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2026

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန၌ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2026

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမအတွင်း မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးနေမှု၊ မြို့နယ်အဆင့်ငါးဦးကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု၊ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးရေး လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ် ရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကတ်  ကောက်ယူဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က ဟားခါးမြို့ ပြည်ထောင်စုရိပ်သာရှိ အစည်းအဝေးခန်းမ၌ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-13) ရှိ ပညာရေးမြှင့်တင်မှု ကော်မတီဝင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2026

အခြေခံစားကုန်၊ လူသုံးကုန်များသည် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၌ အရေးအကြီးဆုံးအချက်ဖြစ်သည်။ ယင်းသည် နိုင်ငံအတွင်း၌ နေ့စဉ်နှင့်အမျှ ပြည်သူလူထုလိုအပ်ချက်အဖြစ်ရှိနေပြီး အိမ်နီးချင်းနိုင်ငံများတွင် အခြေခံစားကုန်များဖြစ်သည့် အသား၊ ငါးနှင့် မီးဖိုချောင်သုံးသီးနှံများမှာ ဈေးကွက်လိုအပ်ချက်အရ အများအပြားရှိနေသည်။ သို့ဖြစ်၍ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ဈေးကွက်များသို့ တင်ပို့ရောင်းချကြရမည်ဖြစ်သည်။ သို့သော် အချို့သော လမ်းကြောင်းများနှင့် ဝေးလံသောဒေသများ၌ လုံခြုံရေးအကန့်အသတ်များကြောင့် အပြည့်အဝတင်ပို့၊ တင်သွင်းနိုင်ခြင်းမရှိသေးပေ။ အဆိုပါအချက်သည် ဈေးကွက်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အဓိကအဟန့်အတားဖြစ်နေသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2026

နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် ပို့ကုန်များ အရေအတွက်များများ ထုတ်လုပ်နိုင်ရန်လိုကြောင်း ဇူလိုင် ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2026

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၃၉ ဦးတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ 

ဆက်လက်ဖတ်ရှုရန်

Jul 08, 2026

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၆ ထပ် အဆောက်အအုံ ၁ လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2026

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်သွင်းခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၂၆ ခုနှစ်)

ဆက်လက်ဖတ်ရှုရန်

Jul 08, 2026

ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၂၆ ခုနှစ်)

ဆက်လက်ဖတ်ရှုရန်

Jul 08, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်အဝေးသင်တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီး သန့်ရှင်းသာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Kunming Vocational University of Science and Technology ၏ ပူးပေါင်းစီစဉ်မှုဖြင့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း (Chinese Culinary Training) ဖွင့်ပွဲကို ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ပန်သစ္စာဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2026

မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ဗဟို) က ကျင်းပသည့် (၁၆) ကြိမ်မြောက် ဟာသပညာရှင်ကြီးများ ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၈) ရပ်ကွက် မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးအိမ်ရာ (လူရွှင်တော်ရွာ) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2026

အားကစားရေးရာဝန်ကြီးဌာန၏ မိုးရာသီ အမျိုးသားရေးလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းပရိဝုဏ်အတွင်းရှိ ပြေးခုန်ပစ်တာဝေးအားကစားပြိုင်ကွင်းနှင့် ဝဏ္ဏသိဒ္ဓိရေကန်တို့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2026

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2026

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လုပ်ငန်းကော်မတီဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်