Feb 06, 2020
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့၌ ဖဆပလအဖွဲ့ချုပ်က ကြီးမှူးပြုလုပ်သော ပြည်လုံးကျွတ်ညီလာခံသဘင်ကြီး၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က "ညီညွတ်ရေး ဆိုတာဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြထားတယ်။ တူညီသောအကျိုး၊ တူညီသော အလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျွန်တော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာရှိရမယ်။ ညီညွတ်ရေး ဆိုတာက ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့ညီညွတ်ရမှာလား
Feb 05, 2020
ဖားဆောင်း ဖေဖော်ဝါရီ ၆
ကယားပြည်နယ် ဘောလခဲခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရန် အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူတို့ ယမန်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
Feb 05, 2020
မယ်စဲ့ ဖေဖော်ဝါရီ ၆
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးလှမျိုးဆွေ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ မွန်းလွဲ(၂)နာရီက မယ်စဲ့မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 05, 2020
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်က
မယ်စဲ့ ဖေဖော်ဝါရီ ၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ် များအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန်က မယ်စဲ့မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။
Feb 05, 2020
စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
Feb 05, 2020
၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်များနှင့် အညီ နိုင်ငံရေးအနှစ်သာရပြည့်ဝစွာ ဖေဖော်ဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာ ယဉ်ကျေးမှု အဖွဲ့များသည်လည်း နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်ရာ ၎င်းတို့၏ ပြည်ထောင်စုနေ့ အမှတ်တရစကားသံများကို ဖော်ပြလိုက်ပါသည်။
ဒေါ်နန်းယုယုသက်(ကြီးကြပ်သူ၊ ရှမ်းပြည်နယ်ရိုးရာယဉ်ကျေးမှုအဖွဲ့)
Feb 05, 2020
ဒုတိယကမ္ဘာစစ်ကြီးသည် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ကံကြမ္မာကို များစွာ ပြောင်းလဲသွားစေခဲ့သည်။ တစ်ချိန်က နယ်ချဲ့အင်ပါယာများ တစ်ခုပြီးတစ်ခု လဲပြိုသွားကြပြီး အင်ပါယာအရှင်သခင် နိုင်ငံများမှာလည်း လက်အောက်ခံ ကိုလိုနီနိုင်ငံများကို လက်လွှတ်ရကာ တစ်ချိန်က နေမဝင် အင်ပါယာသည်လည်း နိဂုံးချုပ်ခဲ့ရသည်။ မဟာမိတ်နိုင်ငံများဘက်မှ ဗြိတိန်နိုင်ငံသည် ဒုတိယ ကမ္ဘာစစ်တွင် စစ်နိုင်သည့်ဘက်မှဖြစ်သော်လည်း စစ်ကြီးအပြီးတွင် ခြေကုန်လက်ပန်းကျကာ အင်ပါယာကို လက်လွှတ်ရအံ့အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။